ချန်ပီယံလိဂ်အဖွင့်ပွဲမှာ မန်စီးတီးအတွက် လှပသေသပ်တဲ့ Own Goal သွင်းခဲ့တဲ့ မူကဲလီ

မန်စီးတီးဟာမနေ့ညတုန်းကလိုက်ဇစ်နှင့်ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာဧည့်သည်အသင်းနောက်ခံလူရဲ့အကူအညီနဲ့ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကချန်ပီယံလိဂ်ဗိုလ်လုပွဲမှာချဲလ်ဆီးကိုရှုံးနိမ့်ကာဒုတိယနေရာဖြင့်ကျေနပ်ခဲ့ရတဲ့မန်စီးတီးဟာပွဲအစ၁၆မိနစ်မှာဘဲဂျက်ဂရဲလ်လစ်ရှ်ရဲ့ဖန်တီးမှုကနေအကဲသွင်းယူတဲ့ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။

ယင်းနောက်၁၂မိနစ်အကြာမှာမန်စီးတီးဟာလိုက်ဇစ်နောက်ခံလူရဲ့အကူအညီနဲ့ဒုတိယဂိုးရခဲ့ပါတယ်။လိုက်ဇစ်နောက်ခံလူနော်ဒီမူကဲလီဟာကီဗင်ဒီဘရိုင်းရဲ့ဖြတ်တင်ဘောကို ကိုယ့်ဂိုးပေါက်ထဲသို့သေသေသပ်သပ်ခေါင်းတိုက်သွင်းယူမိခဲ့တာဖြစ်ပါတယ်။

မူကဲလီဟာကီဗင်ဒီဘရိုင်းရဲ့ဖြတ်တင်ဘောကိုရှင်းထုတ်တာမျိုး၊ထောင့်ကန်ဘောလုပ်တာမျိုးမပြုလုပ်ဘဲဂိုးသမားထံသို့ခေါင်းတိုက်ပေးပို့ရန်ကြိုးပမ်းရာကနေ Own Goal သွင်းမိခဲ့တာလည်းဖြစ်ပါတယ်။

ယင်းနောက်ပွဲချိန်၄၂မိနစ်မှာအန်ကန်ကူကလိုက်ဇစ်အတွက်ချေပခဲ့ပေမယ့်ပထမပိုင်းပြီးခါနီးမှာမရာ့ဇ်ကပင်နယ်တီကတတိယဂိုးသွင်းခဲ့လို့ပထမပိုင်းမှာမန်စီးတီးက၃-၁ဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်။ဒုတိယပိုင်း၅၁မိနစ်မှာအန်ကန်ကူကဒုတိယချေပဂိုးသွင်းခဲ့ပေမယ့်ဂျက်ဂရဲလ်လစ်ရှ်ကချက်ချင်းပင်ဦးဆောင်ဂိုးထပ်သွင်းခဲ့ပါတယ်။

၇၃မိနစ်မှာအန်ကန်ကူကပင်သူ့ရဲ့ဟက်ထရစ်မြောက်ဂိုးကိုချေပခဲ့ပါတယ်။ချက်ချင်းဆိုသလို၂မိနစ်အကြာမှာကန်စီလိုကပဥ္စမဂိုးသွင်းခဲ့ပါတယ်။ပွဲချိန်၇၉မိနစ်မှာလိုက်ဇစ်မှအန်ဂျလီနိုအနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီးမန်စီးတီးအတွက်ခြောက်ဂိုးမြောက်ဂိုးကိုဂါဘရီရယ်ဂျီးဆပ်စ်က၈၅မိနစ်မှာသွင်းခဲ့ပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္အဖြင့္ပြဲမွာ မန္စီးတီးအတြက္ လွပေသသပ္တဲ့ Own Goal သြင္းခဲ့တဲ့ မူကဲလီ

မန္စီးတီးဟာမေန႔ညတုန္းကလိုက္ဇစ္ႏွင့္ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲမွာဧည့္သည္အသင္းေနာက္ခံလူရဲ႕အကူအညီနဲ႔ဂိုးျပတ္အႏိုင္ရရွိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းကခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာခ်ဲလ္ဆီးကိုရႈံးနိမ့္ကာဒုတိယေနရာျဖင့္ေက်နပ္ခဲ့ရတဲ့မန္စီးတီးဟာပြဲအစ၁၆မိနစ္မွာဘဲဂ်က္ဂရဲလ္လစ္ရွ္ရဲ႕ဖန္တီးမႈကေနအကဲသြင္းယူတဲ့ဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ယင္းေနာက္၁၂မိနစ္အၾကာမွာမန္စီးတီးဟာလိုက္ဇစ္ေနာက္ခံလူရဲ႕အကူအညီနဲ႔ဒုတိယဂိုးရခဲ့ပါတယ္။လိုက္ဇစ္ေနာက္ခံလူေနာ္ဒီမူကဲလီဟာကီဗင္ဒီဘ႐ိုင္းရဲ႕ျဖတ္တင္ေဘာကို ကိုယ့္ဂိုးေပါက္ထဲသို႔ေသေသသပ္သပ္ေခါင္းတိုက္သြင္းယူမိခဲ့တာျဖစ္ပါတယ္။

မူကဲလီဟာကီဗင္ဒီဘ႐ိုင္းရဲ႕ျဖတ္တင္ေဘာကိုရွင္းထုတ္တာမ်ိဳး၊ေထာင့္ကန္ေဘာလုပ္တာမ်ိဳးမျပဳလုပ္ဘဲဂိုးသမားထံသို႔ေခါင္းတိုက္ေပးပို႔ရန္ႀကိဳးပမ္းရာကေန Own Goal သြင္းမိခဲ့တာလည္းျဖစ္ပါတယ္။

ယင္းေနာက္ပြဲခ်ိန္၄၂မိနစ္မွာအန္ကန္ကူကလိုက္ဇစ္အတြက္ေခ်ပခဲ့ေပမယ့္ပထမပိုင္းၿပီးခါနီးမွာမရာ့ဇ္ကပင္နယ္တီကတတိယဂိုးသြင္းခဲ့လို႔ပထမပိုင္းမွာမန္စီးတီးက၃-၁ျဖင့္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ဒုတိယပိုင္း၅၁မိနစ္မွာအန္ကန္ကူကဒုတိယေခ်ပဂိုးသြင္းခဲ့ေပမယ့္ဂ်က္ဂရဲလ္လစ္ရွ္ကခ်က္ခ်င္းပင္ဦးေဆာင္ဂိုးထပ္သြင္းခဲ့ပါတယ္။

၇၃မိနစ္မွာအန္ကန္ကူကပင္သူ႔ရဲ႕ဟက္ထရစ္ေျမာက္ဂိုးကိုေခ်ပခဲ့ပါတယ္။ခ်က္ခ်င္းဆိုသလို၂မိနစ္အၾကာမွာကန္စီလိုကပၪၥမဂိုးသြင္းခဲ့ပါတယ္။ပြဲခ်ိန္၇၉မိနစ္မွာလိုက္ဇစ္မွအန္ဂ်လီႏိုအနီကတ္ျပထုတ္ပယ္ခံခဲ့ရၿပီးမန္စီးတီးအတြက္ေျခာက္ဂိုးေျမာက္ဂိုးကိုဂါဘရီရယ္ဂ်ီးဆပ္စ္က၈၅မိနစ္မွာသြင္းခဲ့ပါတယ္။