ချန်ပီယံလိဂ်အုပ်စုအဆင့်မှ ထွက်ရပြီးနောက် ဇာဗီးနေရာတွင် အာတီတာနှင့် အစားထိုးရန် ဘာစီလိုနာစဉ်းစားလာ

ဘာစီလိုနာဟာနည်းပြသစ်အဖြစ်မီခေးလ်အာတီတာကိုခန့်အပ်ရန်စဉ်းစားနေကြောင်းသိရပါတယ်။

ဘာစီလိုနာနည်းပြဇာဗီးဟာပြီးခဲ့တဲ့အပတ်တုန်းကချန်ပီယံလိဂ်အုပ်စုအဆင့်မှနှစ်နှစ်ဆက်ထွက်ခွာခဲ့ရပြီးနောက်ဖိအားမြင့်တက်လာပါတယ်။

မန်စီးတီးလက်ထောက်နည်းပြဟောင်းမီခေးလ်အာတီတာဟာယခုရာသီတွင်အမ်းမရိတ်မှာအကောင်းဆုံးလုပ်ပြထားနိုင်သူဖြစ်ပါတယ်။

သူဟာအာဆင်နယ်ကိုပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နိုင်အောင်ကူညီထားသလိုယူရိုပါလိဂ်တွင်လည်းရှုံးထွက်အဆင့်သို့ပို့ဆောင်ပေးထားပါတယ်။

ဘာစီလိုနာဟာနွေရာသီတုန်းကဘဏ္ဍာရေးပြဿနာရှိနေတဲ့ကြားမှ ကစားသမားများစွာခေါ်ယူအားဖြည့်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ချန်ပီယံလိဂ်မှာစောစောစီးစီးထွက်ခွာခဲ့ရမှုနှင့်အတူ ဘာစီလိုနာဟာအနည်းဆုံးပေါင်သန်း၂၀နှင့်အထက်နစ်နာလာတော့မှာဖြစ်ပါတယ်။

ဘာစီလိုနာဟာဇာဗီးရဲ့လက်ရှိအခြေအနေကိုစိတ်ရှည်လက်ရှည်ဖြင့်စောင့်ကြည့်သွားဦးမယ်ဆိုပေမဲ့ အနာဂတ်တွင်လိုအပ်လာပါကအပြောင်းအလဲပြုလုပ်ရန်နောက်တွန့်သွားမှာမဟုတ်ပါဘူး။

ZawGyi

ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွ ထြက္ရၿပီးေနာက္ ဇာဗီးေနရာတြင္ အာတီတာႏွင့္ အစားထိုးရန္ ဘာစီလိုနာစဥ္းစားလာ

ဘာစီလိုနာဟာနည္းျပသစ္အျဖစ္မီေခးလ္အာတီတာကိုခန႔္အပ္ရန္စဥ္းစားေနေၾကာင္းသိရပါတယ္။

ဘာစီလိုနာနည္းျပဇာဗီးဟာၿပီးခဲ့တဲ့အပတ္တုန္းကခ်န္ပီယံလိဂ္အုပ္စုအဆင့္မွႏွစ္ႏွစ္ဆက္ထြက္ခြာခဲ့ရၿပီးေနာက္ဖိအားျမင့္တက္လာပါတယ္။

မန္စီးတီးလက္ေထာက္နည္းျပေဟာင္းမီေခးလ္အာတီတာဟာယခုရာသီတြင္အမ္းမရိတ္မွာအေကာင္းဆုံးလုပ္ျပထားႏိုင္သူျဖစ္ပါတယ္။

သူဟာအာဆင္နယ္ကိုပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးတြင္ရပ္တည္ႏိုင္ေအာင္ကူညီထားသလိုယူ႐ိုပါလိဂ္တြင္လည္းရႈံးထြက္အဆင့္သို႔ပို႔ေဆာင္ေပးထားပါတယ္။

ဘာစီလိုနာဟာေႏြရာသီတုန္းကဘ႑ာေရးျပႆနာရွိေနတဲ့ၾကားမွ ကစားသမားမ်ားစြာေခၚယူအားျဖည့္မႈျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ဒါေပမဲ့ခ်န္ပီယံလိဂ္မွာေစာေစာစီးစီးထြက္ခြာခဲ့ရမႈႏွင့္အတူ ဘာစီလိုနာဟာအနည္းဆုံးေပါင္သန္း၂၀ႏွင့္အထက္နစ္နာလာေတာ့မွာျဖစ္ပါတယ္။

ဘာစီလိုနာဟာဇာဗီးရဲ႕လက္ရွိအေျခအေနကိုစိတ္ရွည္လက္ရွည္ျဖင့္ေစာင့္ၾကည့္သြားဦးမယ္ဆိုေပမဲ့ အနာဂတ္တြင္လိုအပ္လာပါကအေျပာင္းအလဲျပဳလုပ္ရန္ေနာက္တြန႔္သြားမွာမဟုတ္ပါဘူး။