
ကိုင်လီယန်ဘက်ပေးဟာယခုရာသီချန်ပီယံလိဂ်အုပ်စုအဆင့်ရဲ့အမြန်ဆုံးကစားသမား၁၀ဦးစာရင်းမှာအံ့ဩသင့်ဖွယ်ပါဝင်ခြင်းမရှိပါဘူး။
ပီအက်စ်ဂျီစူပါစတားဟာလျှပ်စီးကဲ့သို့မြန်နှုန်းဖြင့်ကစားမှုနှင့်အတူနာမည်ကျော်ကြားသူဖြစ်ပြီးယခုရာသီချန်ပီယံလိဂ်တွင်လည်းအုပ်စုပွဲ၆ပွဲကစားထားရာမှာ၇ဂိုးသွင်းယူထားပါတယ်။
ဒါပေမဲ့ဘက်ပေးဟာပီအက်စ်ဂျီကိုချန်ပီယံလိဂ်အုပ်စုဗိုလ်အဖြစ်ရပ်တည်နိုင်အောင်ကူညီနိုင်ခဲ့ခြင်းမရှိပါဘူး။
ဒါကြောင့်လည်းပီအက်စ်ဂျီဟာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်တွင် ချဲလ်ဆီး၊စပါးစ်၊ရီးရဲလ်မက်ဒရစ်၊မန်စီးတီးကဲ့သို့အုပ်စုဗိုလ်အသင်းနှင့်ရင်ဆိုင်ရပါမယ်။
အုပ်စုပွဲအပြီးတွင်ထွက်ပေါ်လာတဲ့အမြန်ဆုံးကစားသမားမှတ်တမ်းအရဘက်ပေးဟာအမြန်ဆုံးကစားသမား၁၀ဦးစာရင်းတွင်မပါဝင်ဘဲအဆင့်၁၁နေရာမှာရပ်တည်နေကြောင်းတွေ့ရပါတယ်။
အမြန်ဆုံးကစားသမားနေရာမှာလည်းဘယ်သူမှမထင်မှတ်ထားသူတွေရပ်တည်နေပါတယ်။အမြန်ဆုံးကစားသမားအဖြစ်ရှက်တာဒိုးနက်စ်တောင်ပံကစားသမားမိုင်ခါလိုမူဒရိုင်းနှင့် ဘာစီလိုနာရဲ့ဒမ်ဘီလီတို့က 36.6km/h ဖြင့်ရပ်တည်နေပါတယ်။
မီလန်တိုက်စစ်သမားရာဖေးလ်လီယိုက 36.5 km/h ဖြင့်တတိယနေရာမှာရပ်တည်နေပြီးရီးရဲလ်မက်ဒရစ်ရဲ့ဖီဒီရီကိုဗယ်ဗာဒီက 36.3km/h ဖြင့်စတုတ္ထနေရာမှာလည်းကောင်း၊မာဆေးလ်ရဲ့နူနိုတာဗာရက်စ်နှင့်ဘိုင်ယန်ရဲ့အယ်လ်ဖွန်ဆိုတို့က 36.2km/hဖြင့်လည်းကောင်းပဥ္စမနေရာမှာရပ်တည်နေပါတယ်။
ချန်ပီယံလိဂ်ရဲ့အမြန်ဆုံးကစားသမား၁၀ဦးစာရင်းတွင် ဒီယာဘီ(၃၆.၁)၊အဒီယီမီ(၃၆.၁)၊ရာဖာဆေးလ်ဗား(၃၅.၉)၊သီယိုဟာနန်ဒက်ဇ်(၃၅.၇)တို့လည်းပါဝင်ခဲ့ကြပါတယ်။
ZawGyi
ခ်န္ပီယံလိဂ္အုပ္စုအဆင့္ရဲ႕အျမန္ဆုံးကစားသမား ၁၀ ဦးစာရင္းတြင္ ဘက္ေပးမပါဝင္၊ အံ့ဩသင့္စရာကစားသမားက အျမန္ဆုံးအျဖစ္ရပ္တည္ေန
ကိုင္လီယန္ဘက္ေပးဟာယခုရာသီခ်န္ပီယံလိဂ္အုပ္စုအဆင့္ရဲ႕အျမန္ဆုံးကစားသမား၁၀ဦးစာရင္းမွာအံ့ဩသင့္ဖြယ္ပါဝင္ျခင္းမရွိပါဘူး။
ပီအက္စ္ဂ်ီစူပါစတားဟာလွ်ပ္စီးကဲ့သို႔ျမန္ႏႈန္းျဖင့္ကစားမႈႏွင့္အတူနာမည္ေက်ာ္ၾကားသူျဖစ္ၿပီးယခုရာသီခ်န္ပီယံလိဂ္တြင္လည္းအုပ္စုပြဲ၆ပြဲကစားထားရာမွာ၇ဂိုးသြင္းယူထားပါတယ္။
ဒါေပမဲ့ဘက္ေပးဟာပီအက္စ္ဂ်ီကိုခ်န္ပီယံလိဂ္အုပ္စုဗိုလ္အျဖစ္ရပ္တည္ႏိုင္ေအာင္ကူညီႏိုင္ခဲ့ျခင္းမရွိပါဘူး။
ဒါေၾကာင့္လည္းပီအက္စ္ဂ်ီဟာခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္တြင္ ခ်ဲလ္ဆီး၊စပါးစ္၊ရီးရဲလ္မက္ဒရစ္၊မန္စီးတီးကဲ့သို႔အုပ္စုဗိုလ္အသင္းႏွင့္ရင္ဆိုင္ရပါမယ္။
အုပ္စုပြဲအၿပီးတြင္ထြက္ေပၚလာတဲ့အျမန္ဆုံးကစားသမားမွတ္တမ္းအရဘက္ေပးဟာအျမန္ဆုံးကစားသမား၁၀ဦးစာရင္းတြင္မပါဝင္ဘဲအဆင့္၁၁ေနရာမွာရပ္တည္ေနေၾကာင္းေတြ႕ရပါတယ္။
အျမန္ဆုံးကစားသမားေနရာမွာလည္းဘယ္သူမွမထင္မွတ္ထားသူေတြရပ္တည္ေနပါတယ္။အျမန္ဆုံးကစားသမားအျဖစ္ရွက္တာဒိုးနက္စ္ေတာင္ပံကစားသမားမိုင္ခါလိုမူဒ႐ိုင္းႏွင့္ ဘာစီလိုနာရဲ႕ဒမ္ဘီလီတို႔က 36.6km/h ျဖင့္ရပ္တည္ေနပါတယ္။
မီလန္တိုက္စစ္သမားရာေဖးလ္လီယိုက 36.5 km/h ျဖင့္တတိယေနရာမွာရပ္တည္ေနၿပီးရီးရဲလ္မက္ဒရစ္ရဲ႕ဖီဒီရီကိုဗယ္ဗာဒီက 36.3km/h ျဖင့္စတုတၳေနရာမွာလည္းေကာင္း၊မာေဆးလ္ရဲ႕ႏူႏိုတာဗာရက္စ္ႏွင့္ဘိုင္ယန္ရဲ႕အယ္လ္ဖြန္ဆိုတို႔က 36.2km/hျဖင့္လည္းေကာင္းပၪၥမေနရာမွာရပ္တည္ေနပါတယ္။
ခ်န္ပီယံလိဂ္ရဲ႕အျမန္ဆုံးကစားသမား၁၀ဦးစာရင္းတြင္ ဒီယာဘီ(၃၆.၁)၊အဒီယီမီ(၃၆.၁)၊ရာဖာေဆးလ္ဗား(၃၅.၉)၊သီယိုဟာနန္ဒက္ဇ္(၃၅.၇)တို႔လည္းပါဝင္ခဲ့ၾကပါတယ္။