
အီတလီထိပ်သီးဂျူဗင်တပ်ဟာမနေ့ညတုန်းကဘင်ဖီကာအသင်းကို၄-၃ဂိုးဖြင့်ရှုံးနိမ့်ကာ၂၀၂၂ခုနှစ်ချန်ပီယံလိဂ်အုပ်စုအဆင့်မှထွက်ခွာလိုက်ရပြီဖြစ်ပါတယ်။
မက်ဆီမိုအယ်လီဂရီရဲ့ဂျူဗင်တပ်ဟာချန်ပီယံလိဂ်အုပ်စုပွဲ၅ပွဲကစားပြီးချိန်တွင်၁ပွဲတည်းသာအနိုင်ရရှိထားပြီးအဆင့်၃နေရာတွင်ရပ်တည်နေပါတယ်။
၎င်းတို့ဟာအောက်တိုဘာလတုန်းကအစ္စရေးကလပ်မက္ကဘီဟိုက်ဖာကို ၃-၁ ဖြင့်အနိုင်ရတဲ့ပွဲတစ်ပွဲတည်းသာအနိုင်ရရှိထားပြီးပီအက်စ်ဂျီ၊ဘင်ဖီကာတို့ကို ရှုံးနိမ့်ထားပါတယ်။
အင်္ဂါနေ့ညမှာတော့ ဘင်ဖီကာဟာအန်တိုနီယိုဆေးလ်ဗား၊ဂျိုအာအိုမာရီယို၊ ရာဖာဆေးလ်ဗား(၂ဂိုး)တို့ရဲ့ဂိုးများကြောင့် ဂျူဗင်တပ်ကို၄-၃ဖြင့်အနိုင်ယူခဲ့ပါတယ်။
တာထွက်မကောင်းခဲ့တဲ့ဂျူဗင်တပ်ဟာဘင်ဖီကာကို၄-၁အနေအထားသို့အထိရောက်ရှိခဲ့ပြီးမီလစ်ခ်၊ဝက်စ်တွန်မက်ကန်နီတို့ရဲ့ဂိုးကြောင့် ၄-၃အရှက်တကွဲမရှုံးခဲ့တာလည်းဖြစ်ပါတယ်။
ဂျူဗင်တပ်ဟာချန်ပီယံလိဂ်တွင် အုပ်စုအဆင့်မှထွက်ခွာထားရသလိုစီးရီးအေမှာလည်းအခြေအနေမကောင်းပါဘူး။၎င်းတို့ဟာစီးရီးအေအဖွင့်ပွဲ၁၁ပွဲတွင်၅ပွဲတည်းသာအနိုင်ရရှိပြီးစီးရီးအေအမှတ်ပေးဇယားအဆင့်၈နေရာမှာရပ်တည်နေပါတယ်။
ZawGyi
ချန်ပီယံလိဂ်အုပ်စုအဆင့်မှ ထွက်ခွာလိုက်ရပြီဖြစ်တဲ့ ဂျူဗင်တပ်
အီတလီထိပ်သီးဂျူဗင်တပ်ဟာမနေ့ညတုန်းကဘင်ဖီကာအသင်းကို၎-၃ဂိုးဖြင့်ရှုံးနိမ့်ကာ၂၀၂၂ခုနှစ်ချန်ပီယံလိဂ်အုပ်စုအဆင့်မှထွက်ခွာလိုက်ရပြီဖြစ်ပါတယ်။
အင်္ဂါနေ့ညမှာတော့ ဘင်ဖီကာဟာအန်တိုနီယိုဆေးလ်ဗား၊ဂျိုအာအိုမာရီယို၊ ရာဖာဆေးလ်ဗား(၂ဂိုး)တို့ရဲ့ဂိုးများကြောင့် ဂျူဗင်တပ်ကို၎-၃ဖြင့်အနိုင်ယူခဲ့ပါတယ်။
တာထွက်မကောင်းခဲ့တဲ့ဂျူဗင်တပ်ဟာဘင်ဖီကာကို၎-၁အနေအထားသို့အထိရောက်ရှိခဲ့ပြီးမီလစ်ခ်၊ဝက်စ်တွန်မက်ကန်နီတို့ရဲ့ဂိုးကြောင့် ၄-၃အရှက်တကွဲမရှုံးခဲ့တာလည်းဖြစ်ပါတယ်။