ချန်ပီယံလိဂ်၊ယူရိုပါလိဂ်နှင့်ကွန်ဖရင့်လိဂ်တို့တွင် ဟက်ထရစ်သွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာတဲ့ ဟယ်ရီကိန်း

စပါးစ်စူပါစတားဟယ်ရီကိန်းဟာကြာသပတေးနေ့တုန်းကမူရာနှင့်ပွဲစဉ်တွင်အထူးစပါယ်ရှယ်စံချိန်သစ်တစ်ခုရေးထိုးနိုင်ခဲ့ပါတယ်။

စပါးစ်ဟာဆလိုဗေးနီးယားချန်ပီယံကို၅-၁ဂိုးနှင့်အနိုင်ရရှိခဲ့ပါတယ်။စပါးစ်အတွက်ဂိုးများကိုဟယ်ရီကိန်းကဟက်ထရစ်နှင့်ဒီလီအလီ၊ဂျီယိုဗာနီလိုစယ်ဆိုတို့ကတစ်ဂိုးစီသွင်းခဲ့ကြပါတယ်။

ဟယ်ရီကိန်းဟာကွန်ဖရင့်လိဂ်တွင်ဟက်ထရစ်သွင်းယူနိုင်ခဲ့မှုနဲ့အတူဥရောပကလပ်ပြိုင်ပွဲများဖြစ်ကြတဲ့ချန်ပီယံလိဂ်၊ယူရိုပါလိဂ်နှင့်ကွန်ဖရင့်လိဂ်တို့တွင်ဟက်ထရစ်သွင်းနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟာ၂၀၁၄ခုနှစ်တုန်းကထရီပိုလီအား၅-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ပထမဆုံးယူရိုပါလိဂ်ဟက်ထရစ်သွင်းနိုင်ခဲ့တာဖြစ်ပြီးယင်းနောက်သုံးနှစ်အကြာဆိုက်စ်ပရပ်စ်မှာနီကိုရှားအား၃-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာပထမဆုံးချန်ပီယံလိဂ်ဟက်ထရစ်သွင်းနိုင်ခဲ့ပါတယ်။

ဟယ်ရီကိန်းကဂျက်ဟေးနက်စ်၊ဂတ်မူလာတို့ပြီးနောက်ယူအီးအက်ဖ်အေကကြီးမှူးကျင်းပတဲ့ပြိုင်ပွဲသုံးခုတွင်ဟက်ထရစ်သွင်းယူနိုင်တတိယမြောက်ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။

ဟယ်ရီကိန်းက “တိုက်စစ်မှူးတိုင်းဂိုးတွေသွင်းချင်ကြပါတယ်။ဒါပေမယ့်အရန်ခုံကထလာပြီးဟက်ထရစ်သွင်းနိုင်မယ်လို့မထင်ခဲ့ပါဘူး။ဒါပေမယ့်ရတဲ့မိနစ်တွေအတွင်းသွင်းနိုင်ခဲ့လို့ကျေနပ်ပါတယ်။ကိုယ်ကန်လိုက်တဲ့ဘောလုံးတိုင်းပိုက်နဲ့မိတ်ဆက်နိုင်တဲ့ခံစားချက်ကမိုက်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဟယ်ရီကိန်းဟာယခုရာသီမှာပရီးမီးယားလိဂ်မှာတော့ဂိုးမသွင်းနိုင်သေးပါဘူး။

ZawGyi

ခ်န္ပီယံလိဂ္၊ယူ႐ိုပါလိဂ္ႏွင့္ကြန္ဖရင့္လိဂ္တို႔တြင္ ဟက္ထရစ္သြင္းႏိုင္တဲ့ ပထမဆုံးကစားသမားျဖစ္လာတဲ့ ဟယ္ရီကိန္း

စပါးစ္စူပါစတားဟယ္ရီကိန္းဟာၾကာသပေတးေန႔တုန္းကမူရာႏွင့္ပြဲစဥ္တြင္အထူးစပါယ္ရွယ္စံခ်ိန္သစ္တစ္ခုေရးထိုးႏိုင္ခဲ့ပါတယ္။

စပါးစ္ဟာဆလိုေဗးနီးယားခ်န္ပီယံကို၅-၁ဂိုးႏွင့္အႏိုင္ရရွိခဲ့ပါတယ္။စပါးစ္အတြက္ဂိုးမ်ားကိုဟယ္ရီကိန္းကဟက္ထရစ္ႏွင့္ဒီလီအလီ၊ဂ်ီယိုဗာနီလိုစယ္ဆိုတို႔ကတစ္ဂိုးစီသြင္းခဲ့ၾကပါတယ္။

ဟယ္ရီကိန္းဟာကြန္ဖရင့္လိဂ္တြင္ဟက္ထရစ္သြင္းယူႏိုင္ခဲ့မႈနဲ႔အတူဥေရာပကလပ္ၿပိဳင္ပြဲမ်ားျဖစ္ၾကတဲ့ခ်န္ပီယံလိဂ္၊ယူ႐ိုပါလိဂ္ႏွင့္ကြန္ဖရင့္လိဂ္တို႔တြင္ဟက္ထရစ္သြင္းႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ဟာ၂၀၁၄ခုႏွစ္တုန္းကထရီပိုလီအား၅-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ပထမဆုံးယူ႐ိုပါလိဂ္ဟက္ထရစ္သြင္းႏိုင္ခဲ့တာျဖစ္ၿပီးယင္းေနာက္သုံးႏွစ္အၾကာဆိုက္စ္ပရပ္စ္မွာနီကိုရွားအား၃-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာပထမဆုံးခ်န္ပီယံလိဂ္ဟက္ထရစ္သြင္းႏိုင္ခဲ့ပါတယ္။

ဟယ္ရီကိန္းကဂ်က္ေဟးနက္စ္၊ဂတ္မူလာတို႔ၿပီးေနာက္ယူအီးအက္ဖ္ေအကႀကီးမႉးက်င္းပတဲ့ၿပိဳင္ပြဲသုံးခုတြင္ဟက္ထရစ္သြင္းယူႏိုင္တတိယေျမာက္ကစားသမားလည္းျဖစ္လာခဲ့ပါတယ္။

ဟယ္ရီကိန္းက “တိုက္စစ္မႉးတိုင္းဂိုးေတြသြင္းခ်င္ၾကပါတယ္။ဒါေပမယ့္အရန္ခုံကထလာၿပီးဟက္ထရစ္သြင္းႏိုင္မယ္လို႔မထင္ခဲ့ပါဘူး။ဒါေပမယ့္ရတဲ့မိနစ္ေတြအတြင္းသြင္းႏိုင္ခဲ့လို႔ေက်နပ္ပါတယ္။ကိုယ္ကန္လိုက္တဲ့ေဘာလုံးတိုင္းပိုက္နဲ႔မိတ္ဆက္ႏိုင္တဲ့ခံစားခ်က္ကမိုက္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဟယ္ရီကိန္းဟာယခုရာသီမွာပရီးမီးယားလိဂ္မွာေတာ့ဂိုးမသြင္းႏိုင္ေသးပါဘူး။