ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နှင့်ကမ္ဘာ့ဖလားတို့ဆွတ်ခူးဖူးတဲ့ ကစားသမားခြောက်ဦးထဲမှ တစ်ဦးဖြစ်လာတဲ့ ကန်တီ

ချဲလ်ဆီးအလယ်တန်းကစားသမားအန်ဂိုလိုကန်တီဟာချန်ပီယံလိဂ်၊ပရီးမီးယားလိဂ်နှင့်ကမ္ဘာ့ဖလားတို့ဆွတ်ခူးဖူးတဲ့ကစားသမားခြောက်ဦးထဲမှတစ်ဦးဖြစ်လာပါတယ်။

ပြင်သစ်အလယ်တန်းကစားသမားဟာစနေနေ့တုန်းကမန်စီးတီးအား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာအထူးခြေစွမ်းပြကစားပြီးချန်ပီယံလိဂ်ဖလားရရှိအောင်ကူညီခဲ့ပါတယ်။သူဟာယင်းပွဲမှာမန်စီးတီးရဲ့အန္တရာယ်ရှိတဲ့တိုက်စစ်လမ်းကြောင်းမှန်သမျှကိုပိတ်ဆို့ကစားပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်နှင့်ချန်ပီယံလိဂ်တို့ဟာ၁၉၉၂ခုနှစ်တုန်းကအမည်ပြောင်းလဲခဲ့ပါတယ်။ယင်းသို့အမည်ပြောင်းလဲပြီးနောက်ပရီးမီးယားလိဂ်ဖလား၊ချန်ပီယံလိဂ်ဖလား၊ကမ္ဘာ့ဖလားတို့ကိုဆွတ်ခူးနိုင်တဲ့ကစားသမားအရေအတွက်ဒါဇင်ဝက်ဘဲရှိပါတယ်။

ကန်တီအပြင်ချန်ပီယံလိဂ်ဖလား၊ပရီးမီးယားလိဂ်ဖလားနှင့်ကမ္ဘာ့ဖလားတို့ဆွတ်ခူးနိုင်တဲ့ကျန်ကစားသမားများကဖေဘီယန်ဘားသက်ဇ်၊သီယာရီဟင်နရီ၊ဂျူလီယာနိုဘယ်လက်တီ၊ဂါရတ်ပီကေးနှင့်ပီဒရိုတို့ဘဲဖြစ်ပါတယ်။

၁၉၉၂ခုနှစ်မှာပရီးမီးယားလိဂ်နှင့်ချန်ပီယံလိဂ်တို့အမည်မပြောင်းခင်ချန်ပီယံလိဂ်ဖလား၊ပရီးမီးယားလိဂ်ဖလားနှင့်ကမ္ဘာ့ဖလားတို့ဆွတ်ခူးနိုင်သူများအဖြစ်မန်ယူဂန္ထဝင်ကစားသမားများဖြစ်ကြတဲ့ဘော်လ်ဘီချာလ်တန်နှင့်နော်ဘီစတိုင်တို့ဘဲရှိပါတယ်။၎င်းတို့နှစ်ဦးတို့ဟာအင်္ဂလန်နှင့်အတူ၁၉၆၆ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ကြပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္ႏွင့္ကမာၻ႔ဖလားတို႔ဆြတ္ခူးဖူးတဲ့ ကစားသမားေျခာက္ဦးထဲမွ တစ္ဦးျဖစ္လာတဲ့ ကန္တီ

ခ်ဲလ္ဆီးအလယ္တန္းကစားသမားအန္ဂိုလိုကန္တီဟာခ်န္ပီယံလိဂ္၊ပရီးမီးယားလိဂ္ႏွင့္ကမာၻ႔ဖလားတို႔ဆြတ္ခူးဖူးတဲ့ကစားသမားေျခာက္ဦးထဲမွတစ္ဦးျဖစ္လာပါတယ္။

ျပင္သစ္အလယ္တန္းကစားသမားဟာစေနေန႔တုန္းကမန္စီးတီးအား၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာအထူးေျခစြမ္းျပကစားၿပီးခ်န္ပီယံလိဂ္ဖလားရရွိေအာင္ကူညီခဲ့ပါတယ္။သူဟာယင္းပြဲမွာမန္စီးတီးရဲ႕အႏၲရာယ္ရွိတဲ့တိုက္စစ္လမ္းေၾကာင္းမွန္သမွ်ကိုပိတ္ဆို႔ကစားၿပီး ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္ႏွင့္ခ်န္ပီယံလိဂ္တို႔ဟာ၁၉၉၂ခုႏွစ္တုန္းကအမည္ေျပာင္းလဲခဲ့ပါတယ္။ယင္းသို႔အမည္ေျပာင္းလဲၿပီးေနာက္ပရီးမီးယားလိဂ္ဖလား၊ခ်န္ပီယံလိဂ္ဖလား၊ကမာၻ႔ဖလားတို႔ကိုဆြတ္ခူးႏိုင္တဲ့ကစားသမားအေရအတြက္ဒါဇင္ဝက္ဘဲရွိပါတယ္။

ကန္တီအျပင္ခ်န္ပီယံလိဂ္ဖလား၊ပရီးမီးယားလိဂ္ဖလားႏွင့္ကမာၻ႔ဖလားတို႔ဆြတ္ခူးႏိုင္တဲ့က်န္ကစားသမားမ်ားကေဖဘီယန္ဘားသက္ဇ္၊သီယာရီဟင္နရီ၊ဂ်ဴလီယာႏိုဘယ္လက္တီ၊ဂါရတ္ပီေကးႏွင့္ပီဒ႐ိုတို႔ဘဲျဖစ္ပါတယ္။

၁၉၉၂ခုႏွစ္မွာပရီးမီးယားလိဂ္ႏွင့္ခ်န္ပီယံလိဂ္တို႔အမည္မေျပာင္းခင္ခ်န္ပီယံလိဂ္ဖလား၊ပရီးမီးယားလိဂ္ဖလားႏွင့္ကမာၻ႔ဖလားတို႔ဆြတ္ခူးႏိုင္သူမ်ားအျဖစ္မန္ယူဂႏၴဝင္ကစားသမားမ်ားျဖစ္ၾကတဲ့ေဘာ္လ္ဘီခ်ာလ္တန္ႏွင့္ေနာ္ဘီစတိုင္တို႔ဘဲရွိပါတယ္။၎တို႔ႏွစ္ဦးတို႔ဟာအဂၤလန္ႏွင့္အတူ၁၉၆၆ကမာၻ႔ဖလားဆြတ္ခူးခဲ့ၾကပါတယ္။