အင်တာမီလန်ဥက္ကဌစတီဗင်ဂျောင်ဟာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်သွားပြီးနောက်အင်တာမီလန်ကစားသမားများကိုဆုကြေးငွေချီးမြှင့်ခဲ့ကြောင်းသိရပါတယ်။
အင်တာမီလန်ဟာကြားရက်တုန်းကဗစ်တိုးရီးယားပါဇန်ကို၄-၀ဂိုးဖြင့်အနိုင်ရရှိကာချန်ပီယံလိဂ်အုပ်စုအဆင့်မှတက်ရောက်ရန်သေချာသွားခဲ့ပြီဖြစ်ပါတယ်။အင်တာမီလန်နှင့်ဘိုင်ယန်တို့ ချန်ပီယံလိဂ်၁၆သင်းအဆင့်သို့တက်ရောက်သွားခဲ့ပြီးဘာစီလိုနာမှချန်ပီယံလိဂ်မှထွက်ခွာခဲ့ရပါတယ်။
Corriere della Sera ကစတီဗင်ဂျောင်ဟာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်နိုင်ခဲ့မှုအတွက်အလွန်ပျော်ရွှင်နေခဲ့ပြီးကစားသမားများကိုယူရို၂သန်းဆုကြေးငွေချီးမြှင့်ခဲ့ကြောင်းသိရပါတယ်။
ဆီမြွန်နီအင်ဇာဂီရဲ့အင်တာမီလန်ဟာချန်ပီယံလိဂ်တွင်၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်သွားခဲ့ပေမဲ့စီးရီးအေမှာတော့အဖွင့်ပွဲ၈ပွဲတွင်၄ပွဲရှုံးနိမ့်ထားပါတယ်။
၎င်းတို့ဟာအောက်တိုဘာလ၂၉ရက်နေ့တွင်ဆမ်ဒိုးရီးယားနှင့်ရင်ဆိုင်ကစားသွားရပါမယ်။
ZawGyi
ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်သွားပြီးနောက် အင်တာစတားများကို ဥက္ကဌစတီဗင်ဂျောင် ဆုကြေးချီးမြှင့်
ဆီမြွန်နီအင်ဇာဂီရဲ့အင်တာမီလန်ဟာချန်ပီယံလိဂ်တွင်၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်သွားခဲ့ပေမဲ့စီးရီးအေမှာတော့အဖွင့်ပွဲ၈ပွဲတွင်၎ပွဲရှုံးနိမ့်ထားပါတယ်။