ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် ပီအက်စ်ဂျီနှင့် ရင်ဆိုင်ရဖို့ရှိနေတဲ့ ယူနိုက်တက်၊တစ်သင်းသင်းကို ပိုချက်တီနိုကိုင်တွယ်နေရန်သေချာ

ဗုဒ္ဓဟူးနေ့တုန်းကအီတီဟတ်ကွင်းတွင်မန်စီးတီးကိုပီအက်စ်ဂျီတို့ရှုံးနိမ့်ခဲ့မှုကယူနိုက်တက်အတွက်ကြီးမားဂယက်ရိုက်မှုဖြစ်လာဖို့ရှိနေပါတယ်။

အင်္ဂါနေ့ညတုန်းကယာယီနည်းပြမိုက်ကယ်ကာရစ်ဦးဆောင်ခဲ့တဲ့မန်ယူဟာစပိန်မှာဗီလာရီးရဲလ်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိပြီးချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်သို့တက်ခဲ့ပါတယ်။

မန်ယူဟာအုပ်စုနောက်ဆုံးပွဲတွင်ရှုံးနိမ့်ပါကလည်း၁၆သင်းအဆင့်သို့အုပ်စုဒုတိယအဖြစ်ဖြင့်တက်ရန်သေချာသွားပြီဖြစ်ပါတယ်။

ယင်းနောက်၂၄နာရီအကြာတွင်မန်စီးတီးကအိမ်ကွင်းမှာပီအက်စ်ဂျီကိုနောက်ကလိုက်ကစားပြီးစတာလင်း၊ဂျီးဆပ်စ်တို့ရဲ့သွင်းဂိုးတို့နဲ့၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ယင်းရလဒ်ကြောင့်ဂွါဒီယိုလာရဲ့မန်စီးတီးဟာချန်ပီယံလိဂ်၁၆သင်းအဆင့်သို့အုပ်စုဗိုလ်အဖြစ်တက်ရောက်ရန်သေချာသွားပါတယ်။

ဒါကြောင့်မန်စီးတီးဟာအုပ်စု(က)မှာဒုတိယနေရာသာရယူနိုင်တော့မှာဖြစ်ပါတယ်။လက်ရှိအချိန်တွင်ချန်ပီယံလိဂ်၁၆သင်းအဆင့်ရှုံးထွက်အဆင့်မဲခွဲမှုမပြုလုပ်ရသေးပေမယ့်လည်းပီအက်စ်ဂျီအနေဖြင့်ခက်ခဲတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ရဖို့သေချာနေပြီး၎င်းတို့တွေ့ဆုံနိုင်တဲ့အသင်းမှာမန်ယူလည်းပါဝင်နေပါတယ်။

ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းနေတာကတော့ပီအက်စ်ဂျီနည်းပြမော်ရီစီယိုပိုချက်တီနိုရဲ့အနာဂတ်ကဖြစ်ပါတယ်။

မန်ယူဟာယာယီနည်းပြအဖြစ်ပီအက်စ်ဂျီနည်းပြပိုချက်တီနိုခန့်အပ်လိုနေပါတယ်။ပိုချက်တီနိုကလည်းပဲရစ်တွင်နေထိုင်ရအဆင်မပြေမှုနဲ့အတူမန်ယူကိုကိုင်တွယ်ရန်အင်္ဂလန်သို့ပြန်လိုနေပါတယ်။

လတ်တလောမှာပီအက်စ်ဂျီကတော့ပိုချက်တီနိုကိုရာသီဝက်ကာလမျိုးတွင်လက်လွှတ်လိုခြင်းမရှိဘဲမန်ယူရဲ့ချဉ်းကပ်မှုအားလုံးကိုပယ်ချထားပါတယ်။တကယ်လို့များပီအက်စ်ဂျီနှင့်မန်ယူထိပ်တိုက်တွေ့ဆုံပြီးပိုချက်တီနိုကလည်းမန်ယူကိုကိုင်တွယ်ဖြစ်လာမယ်ဆိုရင်တော့စိတ်ဝင်စားဖို့ကောင်းတဲ့ထိပ်တိုက်တွေ့မှုဖြစ်လာပါမယ်။

ချန်ပီယံလိဂ်၁၆သင်းအဆင့်ပွဲစဉ်များကိုဇန်နဝါရီလ၁၅၊၁၆နှင့်ဖေဖော်ဝါရီလ၂၂၊၂၃ရက်တို့တွင်ကစားသွားပါမယ်။ချန်ပီယံလိဂ်၁၆သင်းအဆင့်မဲခွဲကိုဒီဇင်ဘာလ၁၃ရက်နေ့မှာပြုလုပ်ပါမယ်။

ZawGyi

ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္တြင္ ပီအက္စ္ဂ်ီႏွင့္ ရင္ဆိုင္ရဖို႔ရွိေနတဲ့ ယူႏိုက္တက္၊တစ္သင္းသင္းကို ပိုခ်က္တီႏိုကိုင္တြယ္ေနရန္ေသခ်ာ

ဗုဒၶဟူးေန႔တုန္းကအီတီဟတ္ကြင္းတြင္မန္စီးတီးကိုပီအက္စ္ဂ်ီတို႔ရႈံးနိမ့္ခဲ့မႈကယူႏိုက္တက္အတြက္ႀကီးမားဂယက္႐ိုက္မႈျဖစ္လာဖို႔ရွိေနပါတယ္။

အဂၤါေန႔ညတုန္းကယာယီနည္းျပမိုက္ကယ္ကာရစ္ဦးေဆာင္ခဲ့တဲ့မန္ယူဟာစပိန္မွာဗီလာရီးရဲလ္ကို၂-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္သို႔တက္ခဲ့ပါတယ္။

မန္ယူဟာအုပ္စုေနာက္ဆုံးပြဲတြင္ရႈံးနိမ့္ပါကလည္း၁၆သင္းအဆင့္သို႔အုပ္စုဒုတိယအျဖစ္ျဖင့္တက္ရန္ေသခ်ာသြားၿပီျဖစ္ပါတယ္။

ယင္းေနာက္၂၄နာရီအၾကာတြင္မန္စီးတီးကအိမ္ကြင္းမွာပီအက္စ္ဂ်ီကိုေနာက္ကလိုက္ကစားၿပီးစတာလင္း၊ဂ်ီးဆပ္စ္တို႔ရဲ႕သြင္းဂိုးတို႔နဲ႔၂-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ယင္းရလဒ္ေၾကာင့္ဂြါဒီယိုလာရဲ႕မန္စီးတီးဟာခ်န္ပီယံလိဂ္၁၆သင္းအဆင့္သို႔အုပ္စုဗိုလ္အျဖစ္တက္ေရာက္ရန္ေသခ်ာသြားပါတယ္။

ဒါေၾကာင့္မန္စီးတီးဟာအုပ္စု(က)မွာဒုတိယေနရာသာရယူႏိုင္ေတာ့မွာျဖစ္ပါတယ္။လက္ရွိအခ်ိန္တြင္ခ်န္ပီယံလိဂ္၁၆သင္းအဆင့္ရႈံးထြက္အဆင့္မဲခြဲမႈမျပဳလုပ္ရေသးေပမယ့္လည္းပီအက္စ္ဂ်ီအေနျဖင့္ခက္ခဲတဲ့ၿပိဳင္ဘက္နဲ႔ရင္ဆိုင္ရဖို႔ေသခ်ာေနၿပီး၎တို႔ေတြ႕ဆုံႏိုင္တဲ့အသင္းမွာမန္ယူလည္းပါဝင္ေနပါတယ္။

ပိုၿပီးေတာ့စိတ္ဝင္စားဖို႔ေကာင္းေနတာကေတာ့ပီအက္စ္ဂ်ီနည္းျပေမာ္ရီစီယိုပိုခ်က္တီႏိုရဲ႕အနာဂတ္ကျဖစ္ပါတယ္။

မန္ယူဟာယာယီနည္းျပအျဖစ္ပီအက္စ္ဂ်ီနည္းျပပိုခ်က္တီႏိုခန႔္အပ္လိုေနပါတယ္။ပိုခ်က္တီႏိုကလည္းပဲရစ္တြင္ေနထိုင္ရအဆင္မေျပမႈနဲ႔အတူမန္ယူကိုကိုင္တြယ္ရန္အဂၤလန္သို႔ျပန္လိုေနပါတယ္။

လတ္တေလာမွာပီအက္စ္ဂ်ီကေတာ့ပိုခ်က္တီႏိုကိုရာသီဝက္ကာလမ်ိဳးတြင္လက္လႊတ္လိုျခင္းမရွိဘဲမန္ယူရဲ႕ခ်ဥ္းကပ္မႈအားလုံးကိုပယ္ခ်ထားပါတယ္။တကယ္လို႔မ်ားပီအက္စ္ဂ်ီႏွင့္မန္ယူထိပ္တိုက္ေတြ႕ဆုံၿပီးပိုခ်က္တီႏိုကလည္းမန္ယူကိုကိုင္တြယ္ျဖစ္လာမယ္ဆိုရင္ေတာ့စိတ္ဝင္စားဖို႔ေကာင္းတဲ့ထိပ္တိုက္ေတြ႕မႈျဖစ္လာပါမယ္။

ခ်န္ပီယံလိဂ္၁၆သင္းအဆင့္ပြဲစဥ္မ်ားကိုဇန္နဝါရီလ၁၅၊၁၆ႏွင့္ေဖေဖာ္ဝါရီလ၂၂၊၂၃ရက္တို႔တြင္ကစားသြားပါမယ္။ခ်န္ပီယံလိဂ္၁၆သင္းအဆင့္မဲခြဲကိုဒီဇင္ဘာလ၁၃ရက္ေန႔မွာျပဳလုပ္ပါမယ္။