ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်တွင် လီဗာပူးနှင့် ရီးရဲလ်မက်ဒရစ် ပြန်လည်ထိပ်တိုက်တွေ့

ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်မဲခွဲမှုပြုလုပ်ခဲ့ရာတွင်ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ထိပ်တိုက်တွေ့ခဲ့ကြတဲ့လီဗာပူးနှင့်ရီးရဲလ်မက်ဒရစ်တို့ပြန်လည်ဆုံတွေ့နေပါတယ်။

ချန်ပီယံလိဂ်၁၄ကြိမ်ချန်ပီယံရီးရဲလ်မက်ဒရစ်ဟာပြီးခဲ့တဲ့ရာသီတုန်းကပဲရစ်တွင်လီဗာပူးကို၁-၀ဂိုးဖြင့်အနိုင်ရရှိပြီးချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့ပါတယ်။ထိုစဉ်တုန်းကရီးရဲလ်မက်ဒရစ်အတွက်အနိုင်ဂိုးကိုပွဲချိန်၅၉မိနစ်မှာဗီနီရှပ်စ်ကသွင်းယူသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးမှာလည်းဂျာမန်ကလပ်ရက်ဘူးလ်လိုက်ဇစ်နှင့်တွေ့ဆုံနေသလိုစပါးစ်မှာလည်းစီးရီးအေထိပ်သီးအေစီမီလန်နှင့်ထိပ်တိုက်တွေ့နေပါတယ်။

ချဲလ်ဆီးမှာလည်းဂျာမန်ပြိုင်ဘက်ဒေါ့မွန်နှင့်တွေ့ဆုံနေပြီးပြင်သစ်ချန်ပီယံပီအက်စ်ဂျီမှာဘိုင်ယန်မြူးနစ်နှင့်ရင်ဆိုင်ရပါမယ်။ဒါ့အပြင်ဖရန့်ဖတ်နှင့်နာပိုလီ၊ဘရုဂျက်နှင့်ဘင်ဖီကာတို့ထိပ်တိုက်တွေ့နေပါတယ်။

ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်များကိုဖေဖော်ဝါရီလ၁၄ရက်/၁၅ရက်နေ့နှင့်ဖေဖော်ဝါရီလ၂၁ရက်နေ့/၂၂ရက်နေ့တို့တွင်လည်းကောင်း၊ဒုတိယအကျော့ကိုမတ်လ၇ရက်နေ့/၈ရက်နေ့နှင့်မတ်လ၁၄ရက်နေ့/၁၅ရက်နေ့တို့တွင်ကစားရပါမယ်။

လီဗာပူးနှင့်ရီးရဲလ်မက်ဒရစ်တို့ဟာချန်ပီယံလိဂ်နောက်ဆုံးခြောက်ရာသီတွင်လေးကြိမ်မြောက်ဆုံတွေ့ခဲ့ကြခြင်းဖြစ်ပြီးဗိုလ်လုပွဲတွင်နှစ်ကြိမ်ဆုံတွေ့ကာနှစ်ကြိမ်လုံး(၂၀၁၇-၁၈နှင့်၂၀၂၁-၂၂)တို့တွင်ရီးရဲလ်မက်ဒရစ်ကအနိုင်ရခဲ့ပါတယ်။

စပိန်လာလီဂါချန်ပီယံဟာ၂၀၂၀-၂၁ရာသီတုန်းကလည်းကွာတားဖိုင်နယ်မှာလီဗာပူးကိုဖြုတ်ချခဲ့ဖူးပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္ ၁၆ သင္း ရႈံးထြက္အဆင့္တြင္ လီဗာပူးႏွင့္ ရီးရဲလ္မက္ဒရစ္ ျပန္လည္ထိပ္တိုက္ေတြ႕

ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္မဲခြဲမႈျပဳလုပ္ခဲ့ရာတြင္ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ထိပ္တိုက္ေတြ႕ခဲ့ၾကတဲ့လီဗာပူးႏွင့္ရီးရဲလ္မက္ဒရစ္တို႔ျပန္လည္ဆုံေတြ႕ေနပါတယ္။

ခ်န္ပီယံလိဂ္၁၄ႀကိမ္ခ်န္ပီယံရီးရဲလ္မက္ဒရစ္ဟာၿပီးခဲ့တဲ့ရာသီတုန္းကပဲရစ္တြင္လီဗာပူးကို၁-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ခဲ့ပါတယ္။ထိုစဥ္တုန္းကရီးရဲလ္မက္ဒရစ္အတြက္အႏိုင္ဂိုးကိုပြဲခ်ိန္၅၉မိနစ္မွာဗီနီရွပ္စ္ကသြင္းယူသြားခဲ့ပါတယ္။

ပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးမွာလည္းဂ်ာမန္ကလပ္ရက္ဘူးလ္လိုက္ဇစ္ႏွင့္ေတြ႕ဆုံေနသလိုစပါးစ္မွာလည္းစီးရီးေအထိပ္သီးေအစီမီလန္ႏွင့္ထိပ္တိုက္ေတြ႕ေနပါတယ္။

ခ်ဲလ္ဆီးမွာလည္းဂ်ာမန္ၿပိဳင္ဘက္ေဒါ့မြန္ႏွင့္ေတြ႕ဆုံေနၿပီးျပင္သစ္ခ်န္ပီယံပီအက္စ္ဂ်ီမွာဘိုင္ယန္ျမဴးနစ္ႏွင့္ရင္ဆိုင္ရပါမယ္။ဒါ့အျပင္ဖရန႔္ဖတ္ႏွင့္နာပိုလီ၊ဘ႐ုဂ်က္ႏွင့္ဘင္ဖီကာတို႔ထိပ္တိုက္ေတြ႕ေနပါတယ္။

ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္မ်ားကိုေဖေဖာ္ဝါရီလ၁၄ရက္/၁၅ရက္ေန႔ႏွင့္ေဖေဖာ္ဝါရီလ၂၁ရက္ေန႔/၂၂ရက္ေန႔တို႔တြင္လည္းေကာင္း၊ဒုတိယအေက်ာ့ကိုမတ္လ၇ရက္ေန႔/၈ရက္ေန႔ႏွင့္မတ္လ၁၄ရက္ေန႔/၁၅ရက္ေန႔တို႔တြင္ကစားရပါမယ္။

လီဗာပူးႏွင့္ရီးရဲလ္မက္ဒရစ္တို႔ဟာခ်န္ပီယံလိဂ္ေနာက္ဆုံးေျခာက္ရာသီတြင္ေလးႀကိမ္ေျမာက္ဆုံေတြ႕ခဲ့ၾကျခင္းျဖစ္ၿပီးဗိုလ္လုပြဲတြင္ႏွစ္ႀကိမ္ဆုံေတြ႕ကာႏွစ္ႀကိမ္လုံး(၂၀၁၇-၁၈ႏွင့္၂၀၂၁-၂၂)တို႔တြင္ရီးရဲလ္မက္ဒရစ္ကအႏိုင္ရခဲ့ပါတယ္။

စပိန္လာလီဂါခ်န္ပီယံဟာ၂၀၂၀-၂၁ရာသီတုန္းကလည္းကြာတားဖိုင္နယ္မွာလီဗာပူးကိုျဖဳတ္ခ်ခဲ့ဖူးပါတယ္။