ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် အထုတ်ခံရမယ့်အရေးနဲ့နှင့်ရင်ဆိုင်နေရတဲ့ ပီအက်စ်ဂျီနည်းပြပိုချက်တီနို

မော်ရီစီယိုပိုချက်တီနိုဟာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်မှထွက်ခွာခဲ့ရပြီးနောက်ပီအက်စ်ဂျီနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရမယ့်အရေးနှင့်ရင်ဆိုင်နေရပါတယ်။

ပီအက်စ်ဂျီဟာမနေ့ညတုန်းကဘာနေဗျူးတွင်ကစားခဲ့တဲ့ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်တွင် ၁၇မိနစ်အတွင်းသွင်းယူတဲ့ဘန်ဇီးမားရဲ့ဟက်ထရစ်ဂိုးကြောင့်၃-၁ဂိုးဖြင့်ရှုံးနိမ့်ကာနှစ်ကျော့ပေါင်းရလဒ်၃-၂ဖြင့်ရှုံးနိမ့်ပြီးပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။

ပီအက်စ်ဂျီအသင်းပိုင်ရှင်အယ်နက်စ်ခီလိုင်ဖီဟာနည်းပြပိုချက်တီနိုအပြင် အားကစားဒါရိုက်တာလီယိုနာဒိုကိုပါ ထုတ်ပယ်ရန်စီစဉ်နေကြောင်း La Parisien ကဖော်ပြသွားပါတယ်။

ဒါပေမဲ့ ပီအက်စ်ဂျီနည်းပြကသူ့အနာဂတ်နှင့်ပတ်သက်ပြီး “ပစ္စုပ္ပုန်ကိုပဲကြည့်ပါတယ်။နောင်ဖြစ်လာမယ့်အရာတွေဖြစ်လာပါစေ။အနိုင်ရဖို့ကြိုးစားခဲ့ကြတယ်။ဒီရှံးပွဲကြီးကလက်ခံဖို့ခက်ခဲပါတယ်။ဒါပေမဲ့အခုအချိန်မှာစိတ်ငြိမ်ငြိမ်ထားရပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi




