ချန်ပီယံလိဂ် ၂ နှစ်ပိတ်ပင်ခြင်းခံရနိုင်တဲ့ ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာနှင့်ဂျူဗင်တပ်

ယူအီးအက်ဖ်အေကဥရောပစူပါလိဂ်တွင်ပါဝင်မှုအတွက်ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာနှင့်ဂျူဗင်တပ်တို့အားအရေးယူရန်လုပ်ဆောင်မှုပြုလုပ်နေကြောင်းအတည်ပြုလာပါတယ်။

အဆိုပါဥရောပထိပ်သီးသုံးသင်းဟာဥရောပစူပါလိဂ်ပြိုင်ပွဲမှနုတ်ထွက်ခြင်းမပြုသေးတဲ့အသင်းများလည်းဖြစ်ပါတယ်။အစောပိုင်းတုန်းကဥရောပစူပါလိဂ်ပြိုင်ပွဲတွင်အသင်း၁၂သင်းဝင်ရောက်ယှဉ်ပြိုင်မည်ဟုကြေညာခဲ့သော်လည်းပရီးမီးယားလိဂ်ထိပ်သီးအပါအဝင်အသင်း၉သင်းကနုတ်ထွက်သွားခဲ့ပါတယ်။

ယခုအခါယူအီးအက်ဖ်အေကရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာနှင့်ဂျူဗင်တပ်တို့ဟာဥရောပစူပါလိဂ်မှနုတ်ထွက်ခြင်းမပြုသေးသည့်အတွက်အရေးယူမှုပြုလုပ်သွားတော့မှာဖြစ်ကြောင်းကြေညာသွားခဲ့ပါတယ်။ယူအီးအက်ဖ်အေဟာလွန်ခဲ့တဲ့နှစ်ပတ်မှစတင်ကာယင်းကလပ်သုံးခုကိုအရေးယူရန်လုပ်ဆောင်ခဲ့တာပါ။

ဥရောပစူပါလိဂ်ပြိုင်ပွဲဝင်ရန်ကြေညာခဲ့ကြတဲ့မန်စီးတီး၊မန်ယူ၊လီဗာပူး၊ချဲလ်ဆီး၊အာဆင်နယ်၊စပါးစ်၊အေစီမီလန်၊အင်တာမီလန်၊အက်သလက်တီတို့မှာလည်းဒဏ်ရိုက်ခြင်းခံရပါဦးမယ်။

၎င်းတို့အသင်း၉သင်းတို့ကပေါင်၁၅သန်းကိုဥရောပတလွှားမှGrassroot အတွက်အသုံးပြုသွားရန်သဘောတူညီထားကြပါတယ်။ဒါ့အပြင်၎င်းတို့ဟာဥရောပပြိုင်ပွဲတစ်ရာသီစာမှရရှိတဲ့ဆုကြေးငွေရဲ့၅ရာခိုင်နှုန်းကိုလည်းလျှော့ယူရပါမယ်။

ဒါပေမယ့်ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာနှင့်ဂျူဗင်တပ်တို့မှာဥရောပစူပါလိဂ်ဖြစ်မြောက်လာရေးရှေ့တန်းမှကြိုးစားသူများပီပီပြိုင်ပွဲအစီအစဉ်မှနုတ်ထွက်ခြင်းမရှိသေးရာချန်ပီယံလိဂ်ဝင်ခွင့်၂နှစ်ပိတ်ပင်ခြင်းခံရနိုင်တဲ့အနေအထာမှာကြုံနေရပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္ ၂ ႏွစ္ပိတ္ပင္ျခင္းခံရႏိုင္တဲ့ ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာႏွင့္ဂ်ဴဗင္တပ္

ယူအီးအက္ဖ္ေအကဥေရာပစူပါလိဂ္တြင္ပါဝင္မႈအတြက္ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာႏွင့္ဂ်ဴဗင္တပ္တို႔အားအေရးယူရန္လုပ္ေဆာင္မႈျပဳလုပ္ေနေၾကာင္းအတည္ျပဳလာပါတယ္။

အဆိုပါဥေရာပထိပ္သီးသုံးသင္းဟာဥေရာပစူပါလိဂ္ၿပိဳင္ပြဲမွႏုတ္ထြက္ျခင္းမျပဳေသးတဲ့အသင္းမ်ားလည္းျဖစ္ပါတယ္။အေစာပိုင္းတုန္းကဥေရာပစူပါလိဂ္ၿပိဳင္ပြဲတြင္အသင္း၁၂သင္းဝင္ေရာက္ယွဥ္ၿပိဳင္မည္ဟုေၾကညာခဲ့ေသာ္လည္းပရီးမီးယားလိဂ္ထိပ္သီးအပါအဝင္အသင္း၉သင္းကႏုတ္ထြက္သြားခဲ့ပါတယ္။

ယခုအခါယူအီးအက္ဖ္ေအကရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာႏွင့္ဂ်ဴဗင္တပ္တို႔ဟာဥေရာပစူပါလိဂ္မွႏုတ္ထြက္ျခင္းမျပဳေသးသည့္အတြက္အေရးယူမႈျပဳလုပ္သြားေတာ့မွာျဖစ္ေၾကာင္းေၾကညာသြားခဲ့ပါတယ္။ယူအီးအက္ဖ္ေအဟာလြန္ခဲ့တဲ့ႏွစ္ပတ္မွစတင္ကာယင္းကလပ္သုံးခုကိုအေရးယူရန္လုပ္ေဆာင္ခဲ့တာပါ။

ဥေရာပစူပါလိဂ္ၿပိဳင္ပြဲဝင္ရန္ေၾကညာခဲ့ၾကတဲ့မန္စီးတီး၊မန္ယူ၊လီဗာပူး၊ခ်ဲလ္ဆီး၊အာဆင္နယ္၊စပါးစ္၊ေအစီမီလန္၊အင္တာမီလန္၊အက္သလက္တီတို႔မွာလည္းဒဏ္႐ိုက္ျခင္းခံရပါဦးမယ္။

၎တို႔အသင္း၉သင္းတို႔ကေပါင္၁၅သန္းကိုဥေရာပတလႊားမွGrassroot အတြက္အသုံးျပဳသြားရန္သေဘာတူညီထားၾကပါတယ္။ဒါ့အျပင္၎တို႔ဟာဥေရာပၿပိဳင္ပြဲတစ္ရာသီစာမွရရွိတဲ့ဆုေၾကးေငြရဲ႕၅ရာခိုင္ႏႈန္းကိုလည္းေလွ်ာ့ယူရပါမယ္။

ဒါေပမယ့္ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာႏွင့္ဂ်ဴဗင္တပ္တို႔မွာဥေရာပစူပါလိဂ္ျဖစ္ေျမာက္လာေရးေရွ႕တန္းမွႀကိဳးစားသူမ်ားပီပီၿပိဳင္ပြဲအစီအစဥ္မွႏုတ္ထြက္ျခင္းမရွိေသးရာခ်န္ပီယံလိဂ္ဝင္ခြင့္၂ႏွစ္ပိတ္ပင္ျခင္းခံရႏိုင္တဲ့အေနအထာမွာႀကဳံေနရပါတယ္။