ချာလိုဘာကို နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ ချဲလ်ဆီး

ထရီဗိုချာလိုဘာဟာချဲလ်ဆီးပထမအသင်းသို့တက်လှမ်းလာနိုင်ပြီးနောက် ခြေစွမ်းပြကစားနိုင်မှုနဲ့အတူ လေးနှစ်ခွဲစာချုပ်သစ်ချုပ်ဆိုခြင်းခံခဲ့ရပါတယ်။

ချာလိုဘာဟာရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွင်ခြေစွမ်းပြနိုင်ခဲ့ပြီးနောက်သောမတ်စ်တူချယ်ရဲ့စီမံကိန်းတွင်အရေးပါတဲ့အခန်းကဏ္ဍမှပါဝင်လာသူဖြစ်ပြီးပရီးမီးယားလိဂ်တွင်သာမကချန်ပီယံလိဂ်တွင်ပါကစားခွင့်ရနေပါတယ်။

ဗဟိုနောက်ခံလူဟာယခုရာသီမှာသောမတ်စ်တူချယ်ရဲ့လက်အောက်မှာပြိုင်ပွဲအရပ်ရပ်မှာ၁၀ပွဲအထိကစားခွင့်ရရှိထားပါတယ်။

အသက်၂၂နှစ်ရှိချာလိုဘာဟာအသက်၈နှစ်အရွယ်ကတည်းကချဲလ်ဆီးသို့ရောက်လာသူဖြစ်ပြီးလူငယ်အသင်းအဆင့်ဆင့်ကိုကျော်ဖြတ်ကာပထမအသင်းသို့တက်လှမ်းလာခဲ့တာလည်းဖြစ်ပါတယ်။

ချာလိုဘာက “ငယ်စဉ်ကတည်းကအားပေးလာတဲ့ကလပ်နဲ့နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုခွင့်ရတာအိပ်မက်တစ်ခုပါပဲ။အိပ်မက်တွေကိုဆက်ပြီးအသက်သွင်းနိုင်ဖို့မျှော်လင့်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ချာလိုဘာဟာဩဂုတ်လတုန်းကခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင်ချဲလ်ဆီးအတွက်ပထမဆုံးပွဲအဖြစ်ဝင်ရောက်ကစားခဲ့ရာတွင်ဂိုးသွင်းယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

ခ်ာလိုဘာကို ႏွစ္ရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္တဲ့ ခ်ဲလ္ဆီး

ထရီဗိုခ်ာလိုဘာဟာခ်ဲလ္ဆီးပထမအသင္းသို႔တက္လွမ္းလာႏိုင္ၿပီးေနာက္ ေျခစြမ္းျပကစားႏိုင္မႈနဲ႔အတူ ေလးႏွစ္ခြဲစာခ်ဳပ္သစ္ခ်ဳပ္ဆိုျခင္းခံခဲ့ရပါတယ္။

ခ်ာလိုဘာဟာရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္တြင္ေျခစြမ္းျပႏိုင္ခဲ့ၿပီးေနာက္ေသာမတ္စ္တူခ်ယ္ရဲ႕စီမံကိန္းတြင္အေရးပါတဲ့အခန္းက႑မွပါဝင္လာသူျဖစ္ၿပီးပရီးမီးယားလိဂ္တြင္သာမကခ်န္ပီယံလိဂ္တြင္ပါကစားခြင့္ရေနပါတယ္။

ဗဟိုေနာက္ခံလူဟာယခုရာသီမွာေသာမတ္စ္တူခ်ယ္ရဲ႕လက္ေအာက္မွာၿပိဳင္ပြဲအရပ္ရပ္မွာ၁၀ပြဲအထိကစားခြင့္ရရွိထားပါတယ္။

အသက္၂၂ႏွစ္ရွိခ်ာလိုဘာဟာအသက္၈ႏွစ္အ႐ြယ္ကတည္းကခ်ဲလ္ဆီးသို႔ေရာက္လာသူျဖစ္ၿပီးလူငယ္အသင္းအဆင့္ဆင့္ကိုေက်ာ္ျဖတ္ကာပထမအသင္းသို႔တက္လွမ္းလာခဲ့တာလည္းျဖစ္ပါတယ္။

ခ်ာလိုဘာက “ငယ္စဥ္ကတည္းကအားေပးလာတဲ့ကလပ္နဲ႔ႏွစ္ရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခြင့္ရတာအိပ္မက္တစ္ခုပါပဲ။အိပ္မက္ေတြကိုဆက္ၿပီးအသက္သြင္းႏိုင္ဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ခ်ာလိုဘာဟာဩဂုတ္လတုန္းကခရစၥတယ္ပဲေလ့စ္ႏွင့္ပြဲတြင္ခ်ဲလ္ဆီးအတြက္ပထမဆုံးပြဲအျဖစ္ဝင္ေရာက္ကစားခဲ့ရာတြင္ဂိုးသြင္းယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။