ချာလ်တန်ကို အနိုင်ရရှိသွားတဲ့ ခါရာဘောင်ဖလားပွဲတွင် ဒါလော့ ဒဏ်ရာရရှိသွားမှုအပေါ် ယူနိုက်တက်ပရိသတ်များပေါက်ကွဲ

မန်ချက်စတာယူနိုက်တက်ပရိသတ်များဟာမနေ့ညတုန်းကချာလ်တန်ကိုအနိုင်ရရှိတဲ့ခါရာဘောင်ဖလားပွဲစဉ်တွင်ဒီယေဂိုဒါလော့ဒဏ်ရာရရှိသွားခဲ့မှုအပေါ်အကြီးအကျယ်ဒေါသထွက်နေကြပါတယ်။

ယူနိုက်တက်ဟာခါရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင်အန်တိုနီ၊မားကပ်စ်ရက်ဖို့ဒ်တို့ရဲ့ဂိုးများဖြင့်၃-၀ဂိုးဖြင့်အနိုင်ယူကာဆီမီးဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ယူနိုက်တက်ဦးစားပေးညာနောက်ခံလူဒါလော့မှာပထမပိုင်းတွင်ပင်ဒဏ်ရာရရှိကာအေရွန်ဝန်ဘစ်ဆာကာနှင့်လူစားလဲလှယ်မှုပြုလုပ်ခဲ့ရပါတယ်။

အသက်၂၃နှစ်ရှိပေါ်တူဂီလက်ရွေးစင်ဟာယူနိုက်တက်ရဲ့နံပါတ်တစ်ဦးစားပေးညာနောက်ခံလူဖြစ်ပြီးစနေနေ့ညမန်ချက်စတာဒါဘီပွဲကိုလွဲချော်ဖွယ်ရှိနေပြီဖြစ်ပါတယ်။

ဒါကြောင့်လည်းပရိသတ်များဟာအရေးပါတဲ့မန်ချက်စတာဒါဘီပွဲရှိနေချိန်တွင်ဒါလော့ကိုချာလ်တန်နှင့်ပွဲတွင်အသုံးပြုလာမှုအပေါ်ဒေါသထွက်နေကြပါတယ်။

အဲရစ်တန်ဟက်ဟာချာလ်တန်နှင့်ပွဲတွင်မားကပ်စ်ရက်ဖို့ဒ်၊ဘရူနိုဖာနန်ဒက်စ်တို့ကဲ့သို့စတားများကိုအရန်စာရင်းတွင်သာထည့်သွင်းထားခဲ့ပါတယ်။

ZawGyi

ခ်ာလ္တန္ကို အႏိုင္ရရွိသြားတဲ့ ခါရာေဘာင္ဖလားပြဲတြင္ ဒါေလာ့ ဒဏ္ရာရရွိသြားမႈအေပၚ ယူႏိုက္တက္ပရိသတ္မ်ားေပါက္ကြဲ

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္မ်ားဟာမေန႔ညတုန္းကခ်ာလ္တန္ကိုအႏိုင္ရရွိတဲ့ခါရာေဘာင္ဖလားပြဲစဥ္တြင္ဒီေယဂိုဒါေလာ့ဒဏ္ရာရရွိသြားခဲ့မႈအေပၚအႀကီးအက်ယ္ေဒါသထြက္ေနၾကပါတယ္။

ယူႏိုက္တက္ဟာခါရာေဘာင္ဖလားကြာတားဖိုင္နယ္ပြဲစဥ္တြင္အန္တိုနီ၊မားကပ္စ္ရက္ဖို႔ဒ္တို႔ရဲ႕ဂိုးမ်ားျဖင့္၃-၀ဂိုးျဖင့္အႏိုင္ယူကာဆီမီးဖိုင္နယ္သို႔တက္ေရာက္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ယူႏိုက္တက္ဦးစားေပးညာေနာက္ခံလူဒါေလာ့မွာပထမပိုင္းတြင္ပင္ဒဏ္ရာရရွိကာေအ႐ြန္ဝန္ဘစ္ဆာကာႏွင့္လူစားလဲလွယ္မႈျပဳလုပ္ခဲ့ရပါတယ္။

အသက္၂၃ႏွစ္ရွိေပၚတူဂီလက္ေ႐ြးစင္ဟာယူႏိုက္တက္ရဲ႕နံပါတ္တစ္ဦးစားေပးညာေနာက္ခံလူျဖစ္ၿပီးစေနေန႔ညမန္ခ်က္စတာဒါဘီပြဲကိုလြဲေခ်ာ္ဖြယ္ရွိေနၿပီျဖစ္ပါတယ္။

ဒါေၾကာင့္လည္းပရိသတ္မ်ားဟာအေရးပါတဲ့မန္ခ်က္စတာဒါဘီပြဲရွိေနခ်ိန္တြင္ဒါေလာ့ကိုခ်ာလ္တန္ႏွင့္ပြဲတြင္အသုံးျပဳလာမႈအေပၚေဒါသထြက္ေနၾကပါတယ္။

အဲရစ္တန္ဟက္ဟာခ်ာလ္တန္ႏွင့္ပြဲတြင္မားကပ္စ္ရက္ဖို႔ဒ္၊ဘ႐ူႏိုဖာနန္ဒက္စ္တို႔ကဲ့သို႔စတားမ်ားကိုအရန္စာရင္းတြင္သာထည့္သြင္းထားခဲ့ပါတယ္။