ချီကာဂိုဖိုင်းယားတိုက်စစ်မှူးဂျွန်ဒူရန်ကို ပေါင် ၁၈ သန်းဖြင့် ခေါ်ယူရန် ဗီလာသဘောတူညီမှုရရှိ

အက်စတွန်ဗီလာဟာချီကာဂိုဖိုင်းယားမှကိုလံဘီယာတိုက်စစ်မှူးဂျွန်ဒူရန်ကို ပြောင်းရွှေ့ကြေးပေါင်၁၈သန်းဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။

အသက်၁၉နှစ်ရှိဒူရန်ဟာချီကာဂိုဖိုင်းယားအသင်းအတွက်၂၈ပွဲကစားထားရာမှာ၈ဂိုးသွင်းယူပြီး၆ကြိမ်ဖန်တီးမှုပြုလုပ်ထားသူလည်းဖြစ်ပါတယ်။

ဗီလာဟာကိုလံဘီယာတိုက်စစ်မှူးဒူရန်အတွက်ကနဦးတွင်ပြောင်းရွှေ့ကြေးပေါင်၁၄.၇၅သန်းပေးရမှာဖြစ်ပြီးကျန်ပေါင်၃.၃သန်းကိုအောင်မြင်မှုနှင့်ခြေစွမ်းအပေါ်မူတည်ကာထပ်ပေးရပါမယ်။

ဒူရန်ဟာဗီလာအပြောင်းအရွှေ့အပြီးသတ်ရန်အတွက်ဆေးစစ်ဆေးမှု၊ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှု၊အလုပ်လုပ်ခွင့်ပါမစ်ရရှိမှုတို့လိုအပ်နေပါသေးတယ်။

သူဟာအူနိုင်းအမ်မရီရဲ့အက်စတွန်ဗီလာတိုက်စစ်တွင်နေရာတစ်နေရာရရှိရေးအတွက်၄ဂိုးနဲ့၇ဂိုးအသီးသီးသွင်းထားတဲ့အိုလီဝတ်ကန်၊ဒန်နီအင်းစ်တို့နှင့်ယှဉ်ပြိုင်ရပါမယ်။

ဗီလာဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၁၁နေရာတွင်ရပ်တည်နေပါတယ်။

ZawGyi

ခ်ီကာဂိုဖိုင္းယားတိုက္စစ္မႉးဂြၽန္ဒူရန္ကို ေပါင္ ၁၈ သန္းျဖင့္ ေခၚယူရန္ ဗီလာသေဘာတူညီမႈရရွိ

အက္စတြန္ဗီလာဟာခ်ီကာဂိုဖိုင္းယားမွကိုလံဘီယာတိုက္စစ္မႉးဂြၽန္ဒူရန္ကို ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၈သန္းျဖင့္ေခၚယူရန္သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ေၾကာင္းသိရပါတယ္။

အသက္၁၉ႏွစ္ရွိဒူရန္ဟာခ်ီကာဂိုဖိုင္းယားအသင္းအတြက္၂၈ပြဲကစားထားရာမွာ၈ဂိုးသြင္းယူၿပီး၆ႀကိမ္ဖန္တီးမႈျပဳလုပ္ထားသူလည္းျဖစ္ပါတယ္။

ဗီလာဟာကိုလံဘီယာတိုက္စစ္မႉးဒူရန္အတြက္ကနဦးတြင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၄.၇၅သန္းေပးရမွာျဖစ္ၿပီးက်န္ေပါင္၃.၃သန္းကိုေအာင္ျမင္မႈႏွင့္ေျခစြမ္းအေပၚမူတည္ကာထပ္ေပးရပါမယ္။

ဒူရန္ဟာဗီလာအေျပာင္းအေ႐ႊ႕အၿပီးသတ္ရန္အတြက္ေဆးစစ္ေဆးမႈ၊ပုဂၢိဳလ္ေရးဆိုင္ရာသေဘာတူညီမႈ၊အလုပ္လုပ္ခြင့္ပါမစ္ရရွိမႈတို႔လိုအပ္ေနပါေသးတယ္။

သူဟာအူႏိုင္းအမ္မရီရဲ႕အက္စတြန္ဗီလာတိုက္စစ္တြင္ေနရာတစ္ေနရာရရွိေရးအတြက္၄ဂိုးနဲ႔၇ဂိုးအသီးသီးသြင္းထားတဲ့အိုလီဝတ္ကန္၊ဒန္နီအင္းစ္တို႔ႏွင့္ယွဥ္ၿပိဳင္ရပါမယ္။

ဗီလာဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၁၁ေနရာတြင္ရပ္တည္ေနပါတယ္။