ချီရယ်လီနီရဲ့ကြွက်သားဒဏ်ရာမှာ စိုးရိမ်စရာမရှိကြောင်း ဂျူဗင်တပ်အတည်ပြု

ဂျူဗင်တပ်ဟာအဓိကဝါရင့်နောက်ခံလူဂျော့ဂျီယိုချီရယ်လီနီမှာဒဏ်ရာမှာ စိုးရိမ်စရာအနေအထားတွင်မရှိကြောင်း ကြေညာလာပါတယ်။

ချီရယ်လီနီဟာကြားရက်တုန်းကပေါ်တိုအား၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအ ကျော့ပွဲစဉ်တွင်ဒဏ်ရာရရှိကာပွဲချိန်၃၅မိနစ်တွင်မီရီဒီမီရယ်နှင့်လူစားလဲခဲ့ရပါတယ်။

အီတလီလက်ရွေးစင်ဝါရင့်နောက်ခံလူရဲ့ဒဏ်ရာအခြေအနေကို JIMedical တွင်ဆေးစစ်ဆေးမှုခံယူခဲ့ရာညာဖက် ခြေသလုံးကြွက်သားဒဏ်ရာမှာထင်မှတ်ထားသလောက်စိုးရိမ်စရာအနေအထားတွင်မရှိကြောင်းသိရပါတယ်။ဂျူဗင်တပ်ဟာအီတလီနောက်ခံလူမှာဒဏ်ရာကြောင့်မည်မျှအနားယူရမည်ကိုကြေညာသွားခဲ့ခြင်းမရှိပါဘူး။

အီတလီမီဒီယာများကတော့ချီရယ်လီနီမှာကြွက်သားဒဏ်ရာကြောင့်နှစ်ပတ်အထိအနားယူရနိုင်ကြောင်း ရေးသားဖော်ပြလျက်ရှိကြပါတယ်။

ချီရယ်လီနီဟာအောက်တိုဘာလမှဇန်နဝါရီလအထိဒဏ်ရာပြဿနာကြောင့်အနားယူခဲ့ရသူဖြစ်ပြီးဒဏ်ရာမှပြန်လည်ကောင်းမွန်လာပြီးနောက်ဂျူဗင်တပ်ရဲ့နောက်ဆုံးငါးပွဲဆက်တိုက်အားပွဲထွက်ကစားခဲ့သူဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ဗဟိုနောက်ခံလူဘိုနုချီမှာလည်းဒဏ်ရာကြောင့်အနားယူနေရရာဂျူဗင်တပ်နည်းပြအင်ဒရေ ပီယာလိုအတွက်ဗဟိုခံစစ်တွင်ကြံ့ခိုင်မှုပြည့်ဝတဲ့အဓိကခံစစ်သမားအဖြစ်ဒီလက်တစ်ဦးတည်းသာရှိနေပါတော့တယ်။

ဂျူဗင်တပ်ဟာလာမယ့်အပတ်အင်္ဂါနေ့နံနက်ပိုင်းမှာခရိုတုန်းအားစီးရီးအေပွဲစဉ်အဖြစ်ဧည့်ခံကစားရပါမယ်။

ZawGyi

ခ်ီရယ္လီနီရဲ႕ႂကြက္သားဒဏ္ရာမွာ စိုးရိမ္စရာမရွိေၾကာင္း ဂ်ဴဗင္တပ္အတည္ျပဳ

ဂ်ဴဗင္တပ္ဟာအဓိကဝါရင့္ေနာက္ခံလူေဂ်ာ့ဂ်ီယိုခ်ီရယ္လီနီမွာဒဏ္ရာမွာ စိုးရိမ္စရာအေနအထားတြင္မရွိေၾကာင္း ေၾကညာလာပါတယ္။

ခ်ီရယ္လီနီဟာၾကားရက္တုန္းကေပၚတိုအား၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအ ေက်ာ့ပြဲစဥ္တြင္ဒဏ္ရာရရွိကာပြဲခ်ိန္၃၅မိနစ္တြင္မီရီဒီမီရယ္ႏွင့္လူစားလဲခဲ့ရပါတယ္။

အီတလီလက္ေ႐ြးစင္ဝါရင့္ေနာက္ခံလူရဲ႕ဒဏ္ရာအေျခအေနကို JIMedical တြင္ေဆးစစ္ေဆးမႈခံယူခဲ့ရာညာဖက္ ေျခသလုံးႂကြက္သားဒဏ္ရာမွာထင္မွတ္ထားသေလာက္စိုးရိမ္စရာအေနအထားတြင္မရွိေၾကာင္းသိရပါတယ္။ဂ်ဴဗင္တပ္ဟာအီတလီေနာက္ခံလူမွာဒဏ္ရာေၾကာင့္မည္မွ်အနားယူရမည္ကိုေၾကညာသြားခဲ့ျခင္းမရွိပါဘူး။

အီတလီမီဒီယာမ်ားကေတာ့ခ်ီရယ္လီနီမွာႂကြက္သားဒဏ္ရာေၾကာင့္ႏွစ္ပတ္အထိအနားယူရႏိုင္ေၾကာင္း ေရးသားေဖာ္ျပလ်က္ရွိၾကပါတယ္။

ခ်ီရယ္လီနီဟာေအာက္တိုဘာလမွဇန္နဝါရီလအထိဒဏ္ရာျပႆနာေၾကာင့္အနားယူခဲ့ရသူျဖစ္ၿပီးဒဏ္ရာမွျပန္လည္ေကာင္းမြန္လာၿပီးေနာက္ဂ်ဴဗင္တပ္ရဲ႕ေနာက္ဆုံးငါးပြဲဆက္တိုက္အားပြဲထြက္ကစားခဲ့သူျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ဗဟိုေနာက္ခံလူဘိုႏုခ်ီမွာလည္းဒဏ္ရာေၾကာင့္အနားယူေနရရာဂ်ဴဗင္တပ္နည္းျပအင္ဒေရ ပီယာလိုအတြက္ဗဟိုခံစစ္တြင္ႀကံ့ခိုင္မႈျပည့္ဝတဲ့အဓိကခံစစ္သမားအျဖစ္ဒီလက္တစ္ဦးတည္းသာရွိေနပါေတာ့တယ္။

ဂ်ဴဗင္တပ္ဟာလာမယ့္အပတ္အဂၤါေန႔နံနက္ပိုင္းမွာခ႐ိုတုန္းအားစီးရီးေအပြဲစဥ္အျဖစ္ဧည့္ခံကစားရပါမယ္။