
ဘရန်ဒန်ရော်ဂျာဟာချီရှိုင်းယားတွင်နေအိမ်ရှာဖွေနေပြီးမန်ချက်စတာယူနိုက်တက်နည်းပြရာထူးကိုရယူရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းသိရပါတယ်။
မန်ယူဘုတ်အဖွဲ့ဟာအိုလီဂန်းနားဆိုးလ်ရှားကိုထုတ်ပယ်ပါကလက်စတာနည်းပြဘရန်ဒန်ရော်ဂျာနှင့်အစားထိုးရန်ထိပ်ဆုံးမှပစ်မှတ်ထားနေပါတယ်။
လက်စတာနည်းပြဟာWilmslow နှင့် Alderley Edge တို့တွင်နေအိမ်သစ်ရှာဖွေနေတာလည်းဖြစ်ပါတယ်။
ဒါကိုကြည့်ရင်ဘရန်ဒန်ရော်ဂျာဟာမန်ယူအသင်းနည်းပြရာထူးကိုရယူရေးအတွက်မန်ယူဘုတ်အဖွဲ့နှင့်သဘောတူညီမှုတစ်ခုရယူထားပြီးဖြစ်တယ်လို့ယူဆရပါတယ်။
လတ်တလောမှာဘရန်ဒန်ရော်ဂျာဟာလာမယ့်ခရစ္စမတ်ကာလမတိုင်မီ ဆိုးလ်ရှားရဲ့မန်ယူနည်းပြရာထူးကိုလွဲပြောင်းရယူမယ်လို့သတင်းထွက်နေပါတယ်။
ဒါပေမယ့်ဘရန်ဒန်ရော်ဂျာဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာကစားသမားသစ်ခေါ်ယူရေးအတွက်ငွေကြေးထောက်ပံ့မှုရရှိမှာမဟုတ်ကြောင်းသိရပါတယ်။
ဆိုးလ်ရှားဟာနောက်ဆုံး၁၂ပွဲတွင်၄ပွဲတည်းသာအနိုင်ရရှိထားမှုနဲ့အတူ ရာထူးမှထုတ်ပယ်ခံရရန်တဖြည်းဖြည်းနီးစပ်နေပြီဖြစ်ပါတယ်။
ZawGyi
ချီရှိုင်းယားတွင် အိမ်ရှာဖွေနေတဲ့ မန်ယူနည်းပြရာထူးအတွက် ရေပန်းစားနေတဲ့ ဘရန်ဒန်ရော်ဂျာ
ဆိုးလ်ရှားဟာနောက်ဆုံး၁၂ပွဲတွင်၎ပွဲတည်းသာအနိုင်ရရှိထားမှုနဲ့အတူ ရာထူးမှထုတ်ပယ်ခံရရန်တဖြည်းဖြည်းနီးစပ်နေပြီဖြစ်ပါတယ်။