ချီလီနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီ မာရာဒိုနာ ရုပ်ထုဖွင့်လှစ်ခဲ့တဲ့ အာဂျင်တီးနား

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာယနေ့နံနက်ကကစားခဲ့တဲ့ချီလီနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီ Madre de Ciudades Stadium ကွင်းသစ်အပြင်ဘက်တွင်ဂန္ထဝင်ကစားသမားဒီယေဂိုမာရာဒိုနာရဲ့ရုပ်ထုအားဖွင့်လှစ်ဂုဏ်ပြုလိုက်ပါတယ်။

မာရာဒိုနာဟာ၂၀၂၀ခုနှစ်၊နိုဝင်ဘာလ၂၅ရက်နေ့တုန်းကနှလုံးရောဂါကြောင့်ကွယ်လွန်သွားခဲ့ပါတယ်။မာရာဒိုနာဟာဦးနှောက်ခွဲစိတ်ကုသမှုခံယူခဲ့ရပြီးမကြာမီအချိန်တွင်ပင်ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

မာရာဒိုနာဟာအာဂျင်တီးနားအားကမ္ဘာ့ဖလားဆွတ်ခူးအောင်ဦးဆောင်လုပ်ဆောင်ပေးခဲ့သလိုကလပ်အသင်းအဆင့်တွင်လည်းဘိုကာဂျူနီယာ၊ဘာစီလိုနာ၊နာပိုလီတို့နှင့်အတူ အောင်မြင်မှုများစွာရယူနိုင်ခဲ့ပါတယ်။

ချီလီနှင့်ပွဲမတိုင်မီအာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့်အာဂျင်တီးနားကစားသမားတို့ဟာမာရာဒိုနာကြေးရုပ်ထုအားဖွင့်လှစ်ခဲ့ကြတာဖြစ်ပါတယ်။ဒါ့အပြင်အာဂျင်တီးနားကစားသမားများဟာမာရာဒိုနာကိုဂုဏ်ပြုတဲ့အနေဖြင့်ချီလီပွဲမတိုင်မီကျောနံပါတ်၁၀ကိုဝတ်ဆင်ခဲ့ကြပါတယ်။

ချီလီနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲမှာအာဂျင်တီးနားဟာအသင်းခေါင်းဆောင်မက်ဆီရဲ့ပင်နယ်တီရဲ့ဦးဆောင်နိုင်ခဲ့ပေမယ့်ချီလီဘက်ကဆန်းချက်ဇ်ကချေပဂိုးသွင်းခဲ့လို့တစ်ဂိုးစီသရေဖြင့်ကျေနပ်ခဲ့ရပါတယ်။

ZawGyi

ခ်ီလီႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲမတိုင္မီ မာရာဒိုနာ ႐ုပ္ထုဖြင့္လွစ္ခဲ့တဲ့ အာဂ်င္တီးနား

အာဂ်င္တီးနားေဘာလုံးအဖြဲ႕ခ်ဳပ္ဟာယေန႔နံနက္ကကစားခဲ့တဲ့ခ်ီလီႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲမတိုင္မီ Madre de Ciudades Stadium ကြင္းသစ္အျပင္ဘက္တြင္ဂႏၴဝင္ကစားသမားဒီေယဂိုမာရာဒိုနာရဲ႕႐ုပ္ထုအားဖြင့္လွစ္ဂုဏ္ျပဳလိုက္ပါတယ္။

မာရာဒိုနာဟာ၂၀၂၀ခုႏွစ္၊ႏိုဝင္ဘာလ၂၅ရက္ေန႔တုန္းကႏွလုံးေရာဂါေၾကာင့္ကြယ္လြန္သြားခဲ့ပါတယ္။မာရာဒိုနာဟာဦးေႏွာက္ခြဲစိတ္ကုသမႈခံယူခဲ့ရၿပီးမၾကာမီအခ်ိန္တြင္ပင္ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။

မာရာဒိုနာဟာအာဂ်င္တီးနားအားကမာၻ႔ဖလားဆြတ္ခူးေအာင္ဦးေဆာင္လုပ္ေဆာင္ေပးခဲ့သလိုကလပ္အသင္းအဆင့္တြင္လည္းဘိုကာဂ်ဴနီယာ၊ဘာစီလိုနာ၊နာပိုလီတို႔ႏွင့္အတူ ေအာင္ျမင္မႈမ်ားစြာရယူႏိုင္ခဲ့ပါတယ္။

ခ်ီလီႏွင့္ပြဲမတိုင္မီအာဂ်င္တီးနားေဘာလုံးအဖြဲ႕ခ်ဳပ္မွတာဝန္ရွိသူမ်ားႏွင့္အာဂ်င္တီးနားကစားသမားတို႔ဟာမာရာဒိုနာေၾကး႐ုပ္ထုအားဖြင့္လွစ္ခဲ့ၾကတာျဖစ္ပါတယ္။ဒါ့အျပင္အာဂ်င္တီးနားကစားသမားမ်ားဟာမာရာဒိုနာကိုဂုဏ္ျပဳတဲ့အေနျဖင့္ခ်ီလီပြဲမတိုင္မီေက်ာနံပါတ္၁၀ကိုဝတ္ဆင္ခဲ့ၾကပါတယ္။

ခ်ီလီႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲမွာအာဂ်င္တီးနားဟာအသင္းေခါင္းေဆာင္မက္ဆီရဲ႕ပင္နယ္တီရဲ႕ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ခ်ီလီဘက္ကဆန္းခ်က္ဇ္ကေခ်ပဂိုးသြင္းခဲ့လို႔တစ္ဂိုးစီသေရျဖင့္ေက်နပ္ခဲ့ရပါတယ္။