
ကိုင်ဟာဗတ်ဇ်ဟာမနေ့ညတုန်းကရက်ဘူးလ်ဆဲလ်ဘတ်ကိုအနိုင်ရရှိတဲ့ပွဲတွင် လှပတဲ့အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဂရေဟမ်ပေါ်တာရဲ့ချဲလ်ဆီးဟာပထမပိုင်းတွင်ကိုဗာဆစ်သွင်းယူတဲ့ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပေမဲ့ဒုတိယပိုင်းအစ၃မိနစ်တွင်ဂျူနီယာအဒါမူကဆဲလ်ဘတ်အတွက်ပြန်လည်ချေပခဲ့ပါတယ်။
ချဲလ်ဆီးဟာအူဘာမီယန်၊ကိုဗစ်ဆစ်တို့ရဲ့အားထုတ်မှုဖြင့်ဦးဆောင်ဂိုးပြန်ရလုနီးပါးကြုံခဲ့ပေမဲ့ဂိုးကံခေနေခဲ့ပါတယ်။
ဒါပေမဲ့ပွဲချိန်၆၄မိနစ်မှာဂျာမနီစတားကိုင်ဟာဗတ်ဇ်ကစိတ်လှုပ်ရှားစရာအခိုက်အတန့်ကိုဖန်တီးလာခဲ့ပါတော့တယ်။
ဟာဗတ်ဇ်ဟာဆဲလ်ဘတ်ဧရိယာထိပ်နားတွင်ပူလီဆစ်ထံမှဘောလုံးရရှိပြီးနောက်ဘယ်ခြေဖြင့်ဂိုးသမားရဲ့ညာထောင့်သို့လှပစွာကန်သွင်းခဲ့ပါတယ်။
အဆိုပါဂိုးဟာအသက်၂၃နှစ်ရှိဟာဗတ်ဇ်အတွက်ယခုရာသီတတိယမြောက်ဂိုးလည်းဖြစ်ပါတယ်။
ချဲလ်ဆီးပရိသတ်တွေကတော့ဆဲလ်ဘတ်နှင့်ပွဲစဉ်မှဂိုးမှာကိုင်ဟာဗတ်ဇ်ရဲ့ချဲလ်ဆီးကစားသမားဘဝ အကောင်းဆုံးချန်ပီယံလိဂ်ဂိုးလို့ဆိုနေကြပါတယ်။
ချဲလ်ဆီးဟာမနေ့ညကနိုင်ပွဲကြောင့်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။
ZawGyi
ခ်ဲလ္ဆီးကစားသမားဘဝ အေကာင္းဆုံးခ်န္ပီယံလိဂ္ဂိုးသြင္းခဲ့တဲ့ ကိုင္ဟာဗတ္ဇ္
ကိုင္ဟာဗတ္ဇ္ဟာမေန႔ညတုန္းကရက္ဘူးလ္ဆဲလ္ဘတ္ကိုအႏိုင္ရရွိတဲ့ပြဲတြင္ လွပတဲ့အႏိုင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
ဂေရဟမ္ေပၚတာရဲ႕ခ်ဲလ္ဆီးဟာပထမပိုင္းတြင္ကိုဗာဆစ္သြင္းယူတဲ့ဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ေပမဲ့ဒုတိယပိုင္းအစ၃မိနစ္တြင္ဂ်ဴနီယာအဒါမူကဆဲလ္ဘတ္အတြက္ျပန္လည္ေခ်ပခဲ့ပါတယ္။
ခ်ဲလ္ဆီးဟာအူဘာမီယန္၊ကိုဗစ္ဆစ္တို႔ရဲ႕အားထုတ္မႈျဖင့္ဦးေဆာင္ဂိုးျပန္ရလုနီးပါးႀကဳံခဲ့ေပမဲ့ဂိုးကံေခေနခဲ့ပါတယ္။
ဒါေပမဲ့ပြဲခ်ိန္၆၄မိနစ္မွာဂ်ာမနီစတားကိုင္ဟာဗတ္ဇ္ကစိတ္လႈပ္ရွားစရာအခိုက္အတန႔္ကိုဖန္တီးလာခဲ့ပါေတာ့တယ္။
ဟာဗတ္ဇ္ဟာဆဲလ္ဘတ္ဧရိယာထိပ္နားတြင္ပူလီဆစ္ထံမွေဘာလုံးရရွိၿပီးေနာက္ဘယ္ေျချဖင့္ဂိုးသမားရဲ႕ညာေထာင့္သို႔လွပစြာကန္သြင္းခဲ့ပါတယ္။
အဆိုပါဂိုးဟာအသက္၂၃ႏွစ္ရွိဟာဗတ္ဇ္အတြက္ယခုရာသီတတိယေျမာက္ဂိုးလည္းျဖစ္ပါတယ္။
ခ်ဲလ္ဆီးပရိသတ္ေတြကေတာ့ဆဲလ္ဘတ္ႏွင့္ပြဲစဥ္မွဂိုးမွာကိုင္ဟာဗတ္ဇ္ရဲ႕ခ်ဲလ္ဆီးကစားသမားဘဝ အေကာင္းဆုံးခ်န္ပီယံလိဂ္ဂိုးလို႔ဆိုေနၾကပါတယ္။
ခ်ဲလ္ဆီးဟာမေန႔ညကႏိုင္ပြဲေၾကာင့္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္သြားခဲ့ၿပီျဖစ္ပါတယ္။