ချဲလ်ဆီးကို ဆန်ရှင်လုပ်မှုအပေါ် လီဗာပူးနည်းပြကလော့ပ်ထောက်ခံ

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ကချဲလ်ဆီးအသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ကိုဗြိတိန်အစိုးရကဆန်ရှင်လုပ်မှုမှာမှန်ကန်ကြောင်းထောက်ခံပြောကြားလာပါတယ်။

ရုရှားဘီလျှံနာရိုမန်အေဘရာမိုဗစ်ဟာပြီးခဲ့တဲ့အပတ်တုန်းကချဲလ်ဆီးမှထွက်ခွာခဲ့ပြီးနောက်ချဲလ်ဆီးကိုရောင်းချမယ်လို့ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ဗြိတိန်အစိုးရဟာကြာသပတေးနေ့မှာတော့အေဘရာမိုဗစ်ကို ရုရှားသမ္မတပူတင်နှင့်ဆက်နွယ်နေမှုကြောင့်ဆန်ရှင်ပြုလုပ်ခဲ့ပါတယ်။

ဆန်ရှင်အလုပ်ခံရမှုနဲ့အတူရိုမန်အေဘရာမိုဗစ်ရဲ့ဗြိတိန်ရှိပိုင်ဆိုင်မှုများအသိမ်းခံရပြီး ချဲလ်ဆီးမှာလည်းအစိုးရရဲ့အထူးလိုင်စင်ဖြင့်ဘောလုံးကလပ်အဖြစ်ဆက်လက်အလုပ်လုပ်နေရပါတယ်။

ကလော့ပ်ကပြိုင်ဘက်နည်းပြသောမတ်စ်တူချယ်အတွက်စိတ်မကောင်းဖြစ်ရပေမဲ့လည်းချဲလ်ဆီးကိုဆန်ရှင်လုပ်မှုမှာမှန်ကန်ကြောင်းဆိုသွားပါတယ်။

ကလော့ပ်က “သောမတ်စ်နဲ့ကျွန်တော်နဲ့သိပါတယ်။ဒါပေမဲ့အရမ်းခင်တာမျိုးတော့မဟုတ်ပါဘူး။ပွဲတွေအတွင်းစကားပြောကြတယ်။ကျန်တဲ့အချိန်မှာတော့မတွေ့ကြပါဘူး။သူ့နဲ့ကစားသမားတွေအတွက်စိတ်မကောင်းဖြစ်ရပါတယ်။သူတို့ကဘာမှမဆိုင်တဲ့သူတွေပါ။ဒီအတွက်တစ်ဦးတစ်ယောက်တည်းမှာဘဲတာဝန်ရှိတာပါ။ဗလာဒီမာပူတင်ပါ။ထိပ်ဆုံးကလူပါ။ရိုမန်အေဘရာမိုဗစ် ဘယ်နေရာကပါဝင်သလဲမသိပါဘူး။ဒါပေမဲ့သူဟာပူတင်နဲ့အရမ်းနီးစပ်တယ်ဆိုတာသိလာကြတာနှစ်များစွာရှိပါပြီ။ဗြိတိန်အစိုးရလုပ်တာမှန်တယ်လို့ထင်ပါတယ်။၁၀၀ရာခိုင်နှုန်းတောင်မှန်တယ်လို့ထင်တယ်။ချဲလ်ဆီးမှာရှိတဲ့သူတွေနဲ့ပရိသတ်တွေအတွက်မကောင်းပါဘူး။ဒါပေမဲ့အစိုးရရဲ့လုပ်ရပ်မှန်ပါတယ်”လို့ပြောကြားသွားပါတယ်။

ရိုမန်အေဘရာမိုဗစ်ကမူဗလာဒီမာပူတင်နှင့်တစုံတရာဆက်နွယ်နေခြင်းမရှိကြောင်းငြင်းဆိုထားပါတယ်။

ရိုမန်အေဘရာမိုဗစ်ဆန်ရှင်အလုပ်ခံရမှုနဲ့အတူချဲလ်ဆီးဟာပွဲလက်မှတ်ရောင်းချနိုင်ခြင်းမရှိတော့သလိုအမှတ်တရပစ္စည်းလည်းရောင်းချနိုင်ခြင်းမရှိပါဘူး။

အင်္ကျီရင်ဘတ်စပွန်ဆာ Three က ချဲလ်ဆီးနှင့်ချုပ်ဆိုထားတဲ့စာချုပ်ကိုရပ်ဆိုင်းထားပါတယ်။ဒါပေမဲ့လေ့ကျင့်ရေးဝတ်စုံရင်ဘတ်စပွန်ဆာ Trivago နှင့် အင်္ကျီစပွန်ဆာ Nike တို့ကတော့စပွန်ဆာစာချုပ်ကိုရပ်ဆိုင်းသွားမှာမဟုတ်ပါဘူး။

Zawgyi

ခ်ဲလ္ဆီးကို ဆန္ရွင္လုပ္မႈအေပၚ လီဗာပူးနည္းျပကေလာ့ပ္ေထာက္ခံ

လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ကခ်ဲလ္ဆီးအသင္းပိုင္ရွင္႐ိုမန္ေအဘရာမိုဗစ္ကိုၿဗိတိန္အစိုးရကဆန္ရွင္လုပ္မႈမွာမွန္ကန္ေၾကာင္းေထာက္ခံေျပာၾကားလာပါတယ္။

႐ုရွားဘီလွ်ံနာ႐ိုမန္ေအဘရာမိုဗစ္ဟာၿပီးခဲ့တဲ့အပတ္တုန္းကခ်ဲလ္ဆီးမွထြက္ခြာခဲ့ၿပီးေနာက္ခ်ဲလ္ဆီးကိုေရာင္းခ်မယ္လို႔ေၾကညာခဲ့ပါတယ္။

ဒါေပမဲ့ၿဗိတိန္အစိုးရဟာၾကာသပေတးေန႔မွာေတာ့ေအဘရာမိုဗစ္ကို ႐ုရွားသမၼတပူတင္ႏွင့္ဆက္ႏြယ္ေနမႈေၾကာင့္ဆန္ရွင္ျပဳလုပ္ခဲ့ပါတယ္။

ဆန္ရွင္အလုပ္ခံရမႈနဲ႔အတူ႐ိုမန္ေအဘရာမိုဗစ္ရဲ႕ၿဗိတိန္ရွိပိုင္ဆိုင္မႈမ်ားအသိမ္းခံရၿပီး ခ်ဲလ္ဆီးမွာလည္းအစိုးရရဲ႕အထူးလိုင္စင္ျဖင့္ေဘာလုံးကလပ္အျဖစ္ဆက္လက္အလုပ္လုပ္ေနရပါတယ္။

ကေလာ့ပ္ကၿပိဳင္ဘက္နည္းျပေသာမတ္စ္တူခ်ယ္အတြက္စိတ္မေကာင္းျဖစ္ရေပမဲ့လည္းခ်ဲလ္ဆီးကိုဆန္ရွင္လုပ္မႈမွာမွန္ကန္ေၾကာင္းဆိုသြားပါတယ္။

ကေလာ့ပ္က “ေသာမတ္စ္နဲ႔ကြၽန္ေတာ္နဲ႔သိပါတယ္။ဒါေပမဲ့အရမ္းခင္တာမ်ိဳးေတာ့မဟုတ္ပါဘူး။ပြဲေတြအတြင္းစကားေျပာၾကတယ္။က်န္တဲ့အခ်ိန္မွာေတာ့မေတြ႕ၾကပါဘူး။သူ႔နဲ႔ကစားသမားေတြအတြက္စိတ္မေကာင္းျဖစ္ရပါတယ္။သူတို႔ကဘာမွမဆိုင္တဲ့သူေတြပါ။ဒီအတြက္တစ္ဦးတစ္ေယာက္တည္းမွာဘဲတာဝန္ရွိတာပါ။ဗလာဒီမာပူတင္ပါ။ထိပ္ဆုံးကလူပါ။႐ိုမန္ေအဘရာမိုဗစ္ ဘယ္ေနရာကပါဝင္သလဲမသိပါဘူး။ဒါေပမဲ့သူဟာပူတင္နဲ႔အရမ္းနီးစပ္တယ္ဆိုတာသိလာၾကတာႏွစ္မ်ားစြာရွိပါၿပီ။ၿဗိတိန္အစိုးရလုပ္တာမွန္တယ္လို႔ထင္ပါတယ္။၁၀၀ရာခိုင္ႏႈန္းေတာင္မွန္တယ္လို႔ထင္တယ္။ခ်ဲလ္ဆီးမွာရွိတဲ့သူေတြနဲ႔ပရိသတ္ေတြအတြက္မေကာင္းပါဘူး။ဒါေပမဲ့အစိုးရရဲ႕လုပ္ရပ္မွန္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

႐ိုမန္ေအဘရာမိုဗစ္ကမူဗလာဒီမာပူတင္ႏွင့္တစုံတရာဆက္ႏြယ္ေနျခင္းမရွိေၾကာင္းျငင္းဆိုထားပါတယ္။

႐ိုမန္ေအဘရာမိုဗစ္ဆန္ရွင္အလုပ္ခံရမႈနဲ႔အတူခ်ဲလ္ဆီးဟာပြဲလက္မွတ္ေရာင္းခ်ႏိုင္ျခင္းမရွိေတာ့သလိုအမွတ္တရပစၥည္းလည္းေရာင္းခ်ႏိုင္ျခင္းမရွိပါဘူး။

အက်ႌရင္ဘတ္စပြန္ဆာ Three က ခ်ဲလ္ဆီးႏွင့္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ကိုရပ္ဆိုင္းထားပါတယ္။ဒါေပမဲ့ေလ့က်င့္ေရးဝတ္စုံရင္ဘတ္စပြန္ဆာ Trivago ႏွင့္ အက်ႌစပြန္ဆာ Nike တို႔ကေတာ့စပြန္ဆာစာခ်ဳပ္ကိုရပ္ဆိုင္းသြားမွာမဟုတ္ပါဘူး။