
ချဲလ်ဆီးကလာမယ့်နှစ်တွင်စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအားအဆင့်မြှင့်တည်ဆောက်မှုလုပ်ငန်းကိုစတင်လုပ်ဆောင်သွားတော့မှာဖြစ်ကြောင်းအတည်ပြုကြေညာလာပါတယ်။
တော့ဒ်ဘိုလေးနှင့်ရင်းနှီးမြှပ်နှံသူများဟာချဲလ်ဆီးကိုပေါင်၄.၂၅ဘီလီယံဖြင့်ဝယ်ယူပြီးလအနည်းငယ်အကြာမှာဘဲ သူတို့ရဲ့စီမံကိန်းပါအရေးပါအချက်တစ်ခုဖြစ်တဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကိုအဆင့်မြှင့်တင်ရေးအားလုပ်ဆောင်လာကြတော့မှာလည်းဖြစ်ပါတယ်။
ချဲလ်ဆီးကိုပူးတွဲပိုင်ဆိုင်တဲ့ဂျိုနသန်ဂိုးစတိန်းက ဗြိတိန်ဝန်ကြီးချုပ်လစ်ဇ်ထရပ်စ်လက်အောက်တွင်ဗြိတိန်တွင်ရင်းနှီးမြှပ်နှံရေးပြုလုပ်ရန်အလွန်မသင့်လျော်ပေမဲ့လည်း၎င်းတို့အနေဖြင့်ချဲလ်ဆီးအတွက်ငွေများစွာအသုံးပြုရန် မစိုးရိမ်ကြောင်းဆိုသွားပါတယ်။
ဗြိတိန်စီးပွားရေးလုပ်ငန်းရှင်က “ပြန်လည်တည်ဆောက်ရေးကိုတကယ့်ကိုကြီးကြီးမားမားလုပ်ဖို့စီစဉ်ထားတယ်။လာမယ့်နှစ်အစောပိုင်းမှာစတင်လာမယ်လို့ခန့်မှန်းရတယ်။ဗဟိုအစိုးရကလည်းဒါကိုထောက်ခံအားပေးလာဖို့မျှော်လင့်ပါတယ်။ပြဿနာတစ်ရပ်ကအတိုးနှုန်းစီမံခန့်ခွဲမှုပါ။ဒါကတည်ဆောက်မှုကိုကုန်ကျစရိတ်အရမ်းများသွားစေတယ်”လို့ပြောကြားသွားပါတယ်။
ဒါပေမဲ့ဘိုလေးဟာ၎င်းတို့မှာစတမ်းဖို့ဒ်ဘရစ်ချ်ကိုတိုးချဲ့တည်ဆောက်ရေးကိုဆိုင်းငံ့ထားမှာမဟုတ်ကြောင်းဆိုသွားပါတယ်။၎င်း “အမြန်ဆုံးလုပ်သွားမှာပါ။မဆိုင်းထားဘူး။တတ်နိုင်သမျှအမြန်ဆုံးဖြစ်အောင်လုပ်သွားမယ်”လို့ပြောကြားသွားပါတယ်။
ZawGyi
ခ်ဲလ္ဆီးကို ေပါင္ ၄.၂ ဘီလီယံျဖင့္ ဝယ္ယူၿပီး လအနည္းငယ္အၾကာမွာဘဲ စတမ္းဖို႔ဒ္ဘရစ္ခ်္ကို အဆင့္ျမႇင့္တည္ေဆာက္လာမယ့္ ပိုင္ရွင္သစ္မ်ား
ခ်ဲလ္ဆီးကလာမယ့္ႏွစ္တြင္စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းအားအဆင့္ျမႇင့္တည္ေဆာက္မႈလုပ္ငန္းကိုစတင္လုပ္ေဆာင္သြားေတာ့မွာျဖစ္ေၾကာင္းအတည္ျပဳေၾကညာလာပါတယ္။
ေတာ့ဒ္ဘိုေလးႏွင့္ရင္းႏွီးျမႇပ္ႏွံသူမ်ားဟာခ်ဲလ္ဆီးကိုေပါင္၄.၂၅ဘီလီယံျဖင့္ဝယ္ယူၿပီးလအနည္းငယ္အၾကာမွာဘဲ သူတို႔ရဲ႕စီမံကိန္းပါအေရးပါအခ်က္တစ္ခုျဖစ္တဲ့ စတမ္းဖို႔ဒ္ဘရစ္ခ်္ကိုအဆင့္ျမႇင့္တင္ေရးအားလုပ္ေဆာင္လာၾကေတာ့မွာလည္းျဖစ္ပါတယ္။
ခ်ဲလ္ဆီးကိုပူးတြဲပိုင္ဆိုင္တဲ့ဂ်ိဳနသန္ဂိုးစတိန္းက ၿဗိတိန္ဝန္ႀကီးခ်ဳပ္လစ္ဇ္ထရပ္စ္လက္ေအာက္တြင္ၿဗိတိန္တြင္ရင္းႏွီးျမႇပ္ႏွံေရးျပဳလုပ္ရန္အလြန္မသင့္ေလ်ာ္ေပမဲ့လည္း၎တို႔အေနျဖင့္ခ်ဲလ္ဆီးအတြက္ေငြမ်ားစြာအသုံးျပဳရန္ မစိုးရိမ္ေၾကာင္းဆိုသြားပါတယ္။
ၿဗိတိန္စီးပြားေရးလုပ္ငန္းရွင္က “ျပန္လည္တည္ေဆာက္ေရးကိုတကယ့္ကိုႀကီးႀကီးမားမားလုပ္ဖို႔စီစဥ္ထားတယ္။လာမယ့္ႏွစ္အေစာပိုင္းမွာစတင္လာမယ္လို႔ခန႔္မွန္းရတယ္။ဗဟိုအစိုးရကလည္းဒါကိုေထာက္ခံအားေပးလာဖို႔ေမွ်ာ္လင့္ပါတယ္။ျပႆနာတစ္ရပ္ကအတိုးႏႈန္းစီမံခန႔္ခြဲမႈပါ။ဒါကတည္ေဆာက္မႈကိုကုန္က်စရိတ္အရမ္းမ်ားသြားေစတယ္”လို႔ေျပာၾကားသြားပါတယ္။
ဒါေပမဲ့ဘိုေလးဟာ၎တို႔မွာစတမ္းဖို႔ဒ္ဘရစ္ခ်္ကိုတိုးခ်ဲ႕တည္ေဆာက္ေရးကိုဆိုင္းငံ့ထားမွာမဟုတ္ေၾကာင္းဆိုသြားပါတယ္။၎ “အျမန္ဆုံးလုပ္သြားမွာပါ။မဆိုင္းထားဘူး။တတ္ႏိုင္သမွ်အျမန္ဆုံးျဖစ္ေအာင္လုပ္သြားမယ္”လို႔ေျပာၾကားသြားပါတယ္။