ချဲလ်ဆီးကို ဘရိုက်တန်ဖြစ်အောင် လုပ်ဆောင်နေတဲ့ ဂရေဟမ်ပေါ်တာ

ဂရေဟမ်ပေါ်တာဟာချဲလ်ဆီးကိုဘရိုက်တန်ဖြစ်အောင်လုပ်ဆောင်ထားကြောင်းမှတ်တမ်းအချက်အလက်တွေအရတွေ့ရှိရပါတယ်။

ဂရေဟမ်ပေါ်တာဟာစက်တင်ဘာတုန်းကချဲလ်ဆီးနည်းပြသစ်အဖြစ်သောမတ်စ်တူချယ်ရဲ့နေရာမှာအစားထိုးခန့်အပ်ခြင်းခံခဲ့ရပါတယ်။

ဒါပေမဲ့အသက်၄၇နှစ်ရှိဂရေဟမ်ပေါ်တာဟာပေါင်သန်း၆၀၀နီးပါးအသုံးပြုပြီးကစားသမားသစ်များခေါ်ယူအားဖြည့်ထားတဲ့ချဲလ်ဆီးကိုရလဒ်ကောင်းများရရှိအောင်စွမ်းဆောင်ပေးထားနိုင်ခြင်းမရှိပါဘူး။

မှတ်တမ်းများအရသူဟာချဲလ်ဆီးကိုယမန်နှစ်တုန်းကဘရိုက်တန်လိုမျိုးနီးပါးဖြစ်အောင်လုပ်ဆောင်ထားတာတွေ့ရပါတယ်။

ချဲလ်ဆီးဟာယခုရာသီတွင်ပရီးမီးယားလိဂ်၂၃ပွဲကစားအပြီးမှာအမှတ်ပေးဇယားအဆင့်၁၀နေရာမှာရပ်တည်ထားနိုင်ပါတယ်။၎င်းတို့ဟာ၈ပွဲနိုင်၊၇ပွဲသရေ၊၈ပွဲရှုံးပြီး၂၃ဂိုးသွင်းကာ၂၃ဂိုးပေးထားရပါတယ်။

ချဲလ်ဆီးဟာ၁၅ပွဲသာကစားရန်ကျန်တော့တဲ့အချိန်တွင်၃၁မှတ်တည်းသာရရှိထားပါတယ်။

ယမန်နှစ်တုန်းကလည်းဂရေဟမ်ပေါ်တာဟာဘရိုက်တန်ကိုကိုင်တွယ်တုန်းကပရီးမီးယားလိဂ်၂၃ပွဲကစားပြီးချိန်တွင်၇ပွဲနိုင်၊၁၂ပွဲသရေ၊၄ပွဲရှုံးရလဒ်ရယူပေးခဲ့ပါတယ်။၎င်းတို့ဟာ၂၅ဂိုးသွင်းနိုင်ခဲ့ပြီး၂၃ဂိုးပေးထားရကာရမှတ်၃၃မှတ်ဖြင့်အဆင့်၉နေရာမှာရပ်တည်ခဲ့ပါတယ်။

တူချယ်ဟာ၂၀၂၂-၂၃ရာသီတွင်ချဲလ်ဆီးကို၆ပွဲကိုင်တွယ်ခဲ့ရာမှာ၃ပွဲနိုင်၊၁ပွဲသရေ၊၂ပွဲရှုံးရလဒ်ရရှိအောင်စွမ်းဆောင်ခဲ့ပါတယ်။

ဂရေဟမ်ပေါ်တာဟာချဲလ်ဆီးနည်းပြသမိုင်းတွင်ပရီးမီးယားလိဂ်ရလဒ်အဆိုးရွားဆုံးနည်းပြအဖြစ်ရပ်တည်နေပေမဲ့လည်းချဲလ်ဆီးဥက္ကဌတော့ဒ်ဘိုလေးနှင့်ဘုတ်အဖွဲ့ဝင်များနှင့်အပြည့်အဝထောက်ခံမှုရရှိထားဆဲဖြစ်ပါတယ်။

ဂရေဟမ်ပေါ်တာဟာယခုရာသီတွင်ချဲလ်ဆီးကိုချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်မစွမ်းဆောင်နိုင်ပါကလည်းထုတ်ပယ်ခြင်းခံလာရမှာမဟုတ်ပါဘူး။ချဲလ်ဆီးဘုတ်အဖွဲ့ဝင်များကကစားသမားသစ်များစွာခေါ်ယူထားမှုနှင့်အတူအသင်းကိုတည်ဆောက်ရန်ဂရေဟမ်ပေါ်တာကိုအချိန်ပေးရမယ်လို့ယုံကြည်နေပါတယ်။

ZawGyi

ခ်ဲလ္ဆီးကို ဘ႐ိုက္တန္ျဖစ္ေအာင္ လုပ္ေဆာင္ေနတဲ့ ဂေရဟမ္ေပၚတာ

ဂေရဟမ္ေပၚတာဟာခ်ဲလ္ဆီးကိုဘ႐ိုက္တန္ျဖစ္ေအာင္လုပ္ေဆာင္ထားေၾကာင္းမွတ္တမ္းအခ်က္အလက္ေတြအရေတြ႕ရွိရပါတယ္။

ဂေရဟမ္ေပၚတာဟာစက္တင္ဘာတုန္းကခ်ဲလ္ဆီးနည္းျပသစ္အျဖစ္ေသာမတ္စ္တူခ်ယ္ရဲ႕ေနရာမွာအစားထိုးခန႔္အပ္ျခင္းခံခဲ့ရပါတယ္။

ဒါေပမဲ့အသက္၄၇ႏွစ္ရွိဂေရဟမ္ေပၚတာဟာေပါင္သန္း၆၀၀နီးပါးအသုံးျပဳၿပီးကစားသမားသစ္မ်ားေခၚယူအားျဖည့္ထားတဲ့ခ်ဲလ္ဆီးကိုရလဒ္ေကာင္းမ်ားရရွိေအာင္စြမ္းေဆာင္ေပးထားႏိုင္ျခင္းမရွိပါဘူး။

မွတ္တမ္းမ်ားအရသူဟာခ်ဲလ္ဆီးကိုယမန္ႏွစ္တုန္းကဘ႐ိုက္တန္လိုမ်ိဳးနီးပါးျဖစ္ေအာင္လုပ္ေဆာင္ထားတာေတြ႕ရပါတယ္။

ခ်ဲလ္ဆီးဟာယခုရာသီတြင္ပရီးမီးယားလိဂ္၂၃ပြဲကစားအၿပီးမွာအမွတ္ေပးဇယားအဆင့္၁၀ေနရာမွာရပ္တည္ထားႏိုင္ပါတယ္။၎တို႔ဟာ၈ပြဲႏိုင္၊၇ပြဲသေရ၊၈ပြဲရႈံးၿပီး၂၃ဂိုးသြင္းကာ၂၃ဂိုးေပးထားရပါတယ္။

ခ်ဲလ္ဆီးဟာ၁၅ပြဲသာကစားရန္က်န္ေတာ့တဲ့အခ်ိန္တြင္၃၁မွတ္တည္းသာရရွိထားပါတယ္။

ယမန္ႏွစ္တုန္းကလည္းဂေရဟမ္ေပၚတာဟာဘ႐ိုက္တန္ကိုကိုင္တြယ္တုန္းကပရီးမီးယားလိဂ္၂၃ပြဲကစားၿပီးခ်ိန္တြင္၇ပြဲႏိုင္၊၁၂ပြဲသေရ၊၄ပြဲရႈံးရလဒ္ရယူေပးခဲ့ပါတယ္။၎တို႔ဟာ၂၅ဂိုးသြင္းႏိုင္ခဲ့ၿပီး၂၃ဂိုးေပးထားရကာရမွတ္၃၃မွတ္ျဖင့္အဆင့္၉ေနရာမွာရပ္တည္ခဲ့ပါတယ္။

တူခ်ယ္ဟာ၂၀၂၂-၂၃ရာသီတြင္ခ်ဲလ္ဆီးကို၆ပြဲကိုင္တြယ္ခဲ့ရာမွာ၃ပြဲႏိုင္၊၁ပြဲသေရ၊၂ပြဲရႈံးရလဒ္ရရွိေအာင္စြမ္းေဆာင္ခဲ့ပါတယ္။

ဂေရဟမ္ေပၚတာဟာခ်ဲလ္ဆီးနည္းျပသမိုင္းတြင္ပရီးမီးယားလိဂ္ရလဒ္အဆိုး႐ြားဆုံးနည္းျပအျဖစ္ရပ္တည္ေနေပမဲ့လည္းခ်ဲလ္ဆီးဥကၠဌေတာ့ဒ္ဘိုေလးႏွင့္ဘုတ္အဖြဲ႕ဝင္မ်ားႏွင့္အျပည့္အဝေထာက္ခံမႈရရွိထားဆဲျဖစ္ပါတယ္။

ဂေရဟမ္ေပၚတာဟာယခုရာသီတြင္ခ်ဲလ္ဆီးကိုခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေအာင္မစြမ္းေဆာင္ႏိုင္ပါကလည္းထုတ္ပယ္ျခင္းခံလာရမွာမဟုတ္ပါဘူး။ခ်ဲလ္ဆီးဘုတ္အဖြဲ႕ဝင္မ်ားကကစားသမားသစ္မ်ားစြာေခၚယူထားမႈႏွင့္အတူအသင္းကိုတည္ေဆာက္ရန္ဂေရဟမ္ေပၚတာကိုအခ်ိန္ေပးရမယ္လို႔ယုံၾကည္ေနပါတယ္။