ချဲလ်ဆီးကို ရောင်းချလို့ ရရှိတဲ့ အေဘရာမိုဗစ်ရဲ့ငွေများ ပူတင်ရဲ့စစ်သားများဆီသို့ ရောက်သွားမှာ စိုးရိမ်နေရ

ရိုမန်အေဘရာမိုဗစ်ရဲ့ချဲလ်ဆီးကို ရောင်းချလို့ရရှိတဲ့ငွေများ ပူတင်ရဲ့စစ်သားများထံသို့ ရောက်သွားမှာစိုးရိမ်နေရပါတယ်။

အသက်၅၅နှစ်ရှိရုရှားဘီလျှံနာကချဲလ်ဆီးကိုရောင်းချမှုမှရရှိတဲ့အကျိုးအမြတ်အားလုံးကို ယူကရိန်းစစ်ပွဲကြောင့်ထိခိုက်ခဲ့ရသူများအတွက်လှူဒါန်းသွားမယ်လို့ကြေညာထားပါတယ်။

ဒါပေမဲ့ယင်းငွေများကိုရုရှားကျူးကျော်မှုကြောင့်ထိခိုက်နစ်နာခဲ့တဲ့ယူကရိန်းပြည်သူများအတွက်ချည်းသက်သက်သာ သုံးမှာမဟုတ်ဘူးလို့ခန့်မှန်းပြောဆိုနေသူများရှိနေပါတယ်။

ရိုမန်အေဘရာမိုဗစ်နှင့်နီးစပ်သူတစ်ဦးကတော့ ယင်းငွေများကိုယူကရိန်းပြည်သူများအတွက်သက်သက်သာသာသုံးမှာဖြစ်ပြီးရုရှားစစ်သားများအတွက်သုံးမှာမဟုတ်ကြောင်းဆိုထားပါတယ်။ဒါပေမဲ့၎င်းဘက်ကအသေးစိတ်ကိုတော့ပြောကြားသွားခြင်းမရှိပါဘူး။

ယခုအပတ်အစောပိုင်းတုန်းကထွက်ပေါ်ခဲ့တဲ့သတင်းများအရအေဘရာမိုဗစ်ဟာရုရှားနှင့်ယူကရိန်းအကြားငြိမ်းချမ်းရေးရရှိရေးအတွက်ကြားဝင်စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ပေးနေကြောင်းသတင်းထွက်ခဲ့ပါတယ်။

အေဘရာမိုဗစ်ဟာချဲလ်ဆီးကို၁၉နှစ်ကြာဦးဆောင်လာခဲ့သူဖြစ်ပြီးပေါင်၃ဘီလီယံကျော်ဖြင့်ရောင်းချလာဖို့ရှိပါတယ်။

ZawGyi

ခ်ဲလ္ဆီးကို ေရာင္းခ်လို႔ ရရွိတဲ့ ေအဘရာမိုဗစ္ရဲ႕ေငြမ်ား ပူတင္ရဲ႕စစ္သားမ်ားဆီသို႔ ေရာက္သြားမွာ စိုးရိမ္ေနရ

႐ိုမန္ေအဘရာမိုဗစ္ရဲ႕ခ်ဲလ္ဆီးကို ေရာင္းခ်လို႔ရရွိတဲ့ေငြမ်ား ပူတင္ရဲ႕စစ္သားမ်ားထံသို႔ ေရာက္သြားမွာစိုးရိမ္ေနရပါတယ္။

အသက္၅၅ႏွစ္ရွိ႐ုရွားဘီလွ်ံနာကခ်ဲလ္ဆီးကိုေရာင္းခ်မႈမွရရွိတဲ့အက်ိဳးအျမတ္အားလုံးကို ယူကရိန္းစစ္ပြဲေၾကာင့္ထိခိုက္ခဲ့ရသူမ်ားအတြက္လႉဒါန္းသြားမယ္လို႔ေၾကညာထားပါတယ္။

ဒါေပမဲ့ယင္းေငြမ်ားကို႐ုရွားက်ဴးေက်ာ္မႈေၾကာင့္ထိခိုက္နစ္နာခဲ့တဲ့ယူကရိန္းျပည္သူမ်ားအတြက္ခ်ည္းသက္သက္သာ သုံးမွာမဟုတ္ဘူးလို႔ခန႔္မွန္းေျပာဆိုေနသူမ်ားရွိေနပါတယ္။

႐ိုမန္ေအဘရာမိုဗစ္ႏွင့္နီးစပ္သူတစ္ဦးကေတာ့ ယင္းေငြမ်ားကိုယူကရိန္းျပည္သူမ်ားအတြက္သက္သက္သာသာသုံးမွာျဖစ္ၿပီး႐ုရွားစစ္သားမ်ားအတြက္သုံးမွာမဟုတ္ေၾကာင္းဆိုထားပါတယ္။ဒါေပမဲ့၎ဘက္ကအေသးစိတ္ကိုေတာ့ေျပာၾကားသြားျခင္းမရွိပါဘူး။

ယခုအပတ္အေစာပိုင္းတုန္းကထြက္ေပၚခဲ့တဲ့သတင္းမ်ားအရေအဘရာမိုဗစ္ဟာ႐ုရွားႏွင့္ယူကရိန္းအၾကားၿငိမ္းခ်မ္းေရးရရွိေရးအတြက္ၾကားဝင္ေစ့စပ္ညႇိႏႈိင္းမႈမ်ားျပဳလုပ္ေပးေနေၾကာင္းသတင္းထြက္ခဲ့ပါတယ္။

ေအဘရာမိုဗစ္ဟာခ်ဲလ္ဆီးကို၁၉ႏွစ္ၾကာဦးေဆာင္လာခဲ့သူျဖစ္ၿပီးေပါင္၃ဘီလီယံေက်ာ္ျဖင့္ေရာင္းခ်လာဖို႔ရွိပါတယ္။