ချဲလ်ဆီးကို ရောင်းချသွားရန် ပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ချ်အစီအစဉ်မရှိ
ချဲလ်ဆီးအသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ချ်ကချဲလ်ဆီးအနာဂတ်အတွက်များစွာစီစဉ်ထားကြောင်း ပြောကြားကာချဲလ်ဆီးကိုရောင်းချရန်စီစဉ်နေတယ်ဆိုတဲ့သတင်းများကိုငြင်းဆိုလိုက်ပါတယ်။
အေဘရာမိုဗစ်ချ်ဟာ၂၀၁၈ခုနှစ်ကတည်းကချဲလ်ဆီးရဲ့စတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဉ်များကိုလာရောက်ကြည့်လာခြင်းမရှိသူလည်းဖြစ်ပါတယ်။ရုရှားနှင့်ဗြိတိန်အကြားနိုင်ငံရေးသဘောထားကွဲလွဲမှုဖြစ်ပွားမှုနဲ့အတူ အေဘရာမိုဗစ်ချ်ဟာဗီဇာသက်တမ်းတိုးနိုင်ခြင်းမရှိပါဘူး။
ယင်းကဲ့သို့ချဲလ်ဆီးရဲ့ပွဲစဉ်များကိုကြည့်ရှုနိုင်ခြင်းမရှိမှုနှင့်အတူပြီးခဲ့တဲ့နှစ်များအတွင်းတွင်ရုရှားဘီလျှံနာဟာချဲလ်ဆီးကိုရောင်းချရန်စီစဉ်နေကြောင်းသတင်းများထွက်လာခဲ့ပါတယ်။ဒါပေမယ့်Forbes နှင့်ပြုလုပ်တဲ့အင်တာဗျူးမှာတော့အေဘရာမိုဗစ်ချ်ဟာချဲလ်ဆီးကိုရောင်းချဖို့အစီအစဉ်ရှိသေးပုံမပေါ်ပါဘူး။
အေဘရာမိုဗစ်ချ်က “ကျွန်တော်ပိုင်ရှင်ဖြစ်လာကတည်းကရည်မှန်းချက်တွေရှိလာခဲ့တာယခုတိုင်အောင် ပါပဲ။ကွင်းတွင်း/ကွင်းပြင်ကျွန်တော်တို့လုပ်ဆောင်တာတွေအလုပ်ဖြစ်လာဖို့မျှော်လင့်ပါတယ်။ပြီးခဲ့တဲ့နှစ် တွေမှာရခဲ့တဲ့ဆုဖလားတွေကကျွန်တော်တို့ဘယ်လိုအောင်မြင်မှုတွေရယူနိုင်တယ်ဆိုတာပြသနေပါတယ်။ကျွန်တော့်ရည်မှန်းချက်ကတော့ဆုဖလားတွေဆက်လက်ရယူပြီးရှေ့သို့ချီတက်ဖို့ဖြစ်ပါတယ်။ပြီးတော့ အနာဂတ်အတွက်တည်ဆောက်ဖို့ဖြစ်ပါတယ်”လို့ပြောကြားသွားပါတယ်။
အေဘရာမိုဗစ်ချ်ဟာချဲလ်ဆီးအသင်းပိုင်ရှင်အဖြစ်ဦးဆောင်လာခဲ့တဲ့၁၈နှစ်တာကာလအတွင်းမှာနည်းပြ ၁၅ဦးအထိအပြောင်းအလဲပြုလုပ်လာခဲ့သူလည်းဖြစ်ပါတယ်။
အေဘရာမိုဗစ်ချ်ဟာ၂၀၀၃ခုနှစ်၊ဇူလိုင်လမှာချဲလ်ဆီးကိုဝယ်ယူခဲ့ပြီးတဲ့နောက်အသင်းကိုအင်္ဂလန်ရဲ့အောင်မြင်တဲ့အသင်းများထဲမှတစ်သင်းဖြစ်လာအောင်တည်ဆောက်လာခဲ့သူလည်းဖြစ်ပါတယ်။
ZawGyi
ချဲလ်ဆီးကို ရောင်းချသွားရန် ပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ခ်ျအစီအစဉ်မရှိ
ချဲလ်ဆီးအသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ခ်ျကချဲလ်ဆီးအနာဂတ်အတွက်များစွာစီစဉ်ထားကြောင်း ပြောကြားကာချဲလ်ဆီးကိုရောင်းချရန်စီစဉ်နေတယ်ဆိုတဲ့သတင်းများကိုငြင်းဆိုလိုက်ပါတယ်။
အေဘရာမိုဗစ်ခ်ျဟာ၂၀၁၈ခုနှစ်ကတည်းကချဲလ်ဆီးရဲ့စတမ်းဖို့ဒ်ဘရစ်ခ်ျပွဲစဉ်များကိုလာရောက်ကြည့်လာခြင်းမရှိသူလည်းဖြစ်ပါတယ်။ရုရှားနှင့်ဗြိတိန်အကြားနိုင်ငံရေးသဘောထားကွဲလွဲမှုဖြစ်ပွားမှုနဲ့အတူ အေဘရာမိုဗစ်ခ်ျဟာဗီဇာသက်တမ်းတိုးနိုင်ခြင်းမရှိပါဘူး။
အေဘရာမိုဗစ်ခ်ျဟာချဲလ်ဆီးအသင်းပိုင်ရှင်အဖြစ်ဦးဆောင်လာခဲ့တဲ့၁၈နှစ်တာကာလအတွင်းမှာနည်းပြ ၁၅ဦးအထိအပြောင်းအလဲပြုလုပ်လာခဲ့သူလည်းဖြစ်ပါတယ်။
အေဘရာမိုဗစ်ခ်ျဟာ၂၀၀၃ခုနှစ်၊ဇူလိုင်လမှာချဲလ်ဆီးကိုဝယ်ယူခဲ့ပြီးတဲ့နောက်အသင်းကိုအင်္ဂလန်ရဲ့အောင်မြင်တဲ့အသင်းများထဲမှတစ်သင်းဖြစ်လာအောင်တည်ဆောက်လာခဲ့သူလည်းဖြစ်ပါတယ်။