ချဲလ်ဆီးကို ဝယ်ယူနိုင်ပါက ရော်နယ်ဒိုနှင့်မက်ဆီကို ခေါ်ယူမယ်လို့ ဂါနာရွှေတွင်းသူဌေးတစ်ဦး ပြောကြားလာ

ဂါနာရွှေတွင်းသူဌေးတစ်ဦးကချဲလ်ဆီးကိုဝယ်ယူလိုပြီးဝယ်ယူနိုင်ပါကလီယွန်နယ်မက်ဆီနှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့ကိုခေါ်ယူသွားမှာဖြစ်ကြောင်းပြောကြားပါတယ်။

ရိုမန်အေဘရာမိုဗစ်ဟာဗလာဒီမာတီတင်ကယူကရိန်းကိုစစ်ပွဲဆင်နွဲလာပြီးနောက်ဆန်ရှင်ထိကာပိုင်ဆိုင်မှုများအသိမ်းခံရမယ့်အခြေအနေမျိုးတွင်နေခဲ့ပါတယ်။

ယခုအခါဂါနာရွှေတွင်းသူဌေးဘားနတ်အန့်ဝီဘိုအာစီယာကိုလည်းချဲလ်ဆီးပိုင်ရှင်ဖြစ်လိုကြောင်းပြောကြားလာပါတယ်။

ဘိုအာစီယာကိုဟာနိုင်ငံရေးသမားတစ်ဦးဖြစ်သလိုရေဒီယိုအသံလွှင့်တစ်ခုကိုလည်းပိုင်ဆိုင်သူဖြစ်ပါတယ်။

အသက်၄၅နှစ်ရှိဂါနာရွှေတွင်းပိုင်ရှင်ဟာမက်ဆီနှင့်ရော်နယ်ဒိုအပြင်ဗီနီစီးယပ်စ်ဂျူနီယာကိုလည်းခေါ်ယူလိုနေပါတယ်။သူဟာနွေရာသီတုန်းကအင်တာမီလန်မှပေါင်၉၇.၅သန်းဖြင့်ခေါ်ယူထားတဲ့လူကာကူကိုလည်းရောင်းရန်စီစဉ်ထားပါတယ်။

၎င်းက “ချဲလ်ဆီးဘောလုံးကလပ်ကိုဝယ်ချင်တယ်။စိတ်ဝင်စားပါတယ်။ဘောလုံးကလပ်ကိုဝယ်တာဘောလုံးသမားတွေမဟုတ်ပါဘူး။လုပ်ငန်းရှင်တွေပါ။ကျွန်တော်လည်းလုပ်ငန်းရှင်တစ်ဦးပါ။ရွှေတွင်းတူးတယ်။ဒီတော့ဘာလို့ကလပ်တစ်ခုကိုမဝယ်နိုင်ရမှာလဲ။အပြိုင်ကမ်းလှမ်းတဲ့အထဲမှာပါဝင်ချင်တယ်”လို့ပြောကြားသွားပါတယ်။

ချဲလ်ဆီးနိုင်ခဲ့ရင် ခေါ်ယူလာမယ့်ကစားသမားများနှင့်ပတ်သက်ပြီး၎င်းက”ပိုင်ရှင်ဖြစ်လာရင်တော့ရီးရဲလ်မက်ဒရစ်ကဘရာဇီးကစားသမားဗီနီစီးယပ်စ်ဂျူနီယာကိုခေါ်မယ်။ပြီးရင်ရိုမဲလူလူကာကူကိုရောင်းမယ်။ခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူနိုင်မလားဆိုတာမန်ချက်စတာယူနိုက်တက်ကိုမေးပါတယ်။လီယွန်နယ်မက်ဆီကိုလည်းခေါ်ယူဖို့ကြိုးစားမယ်။ရိုမန်အေဘရာမိုဗစ်ဟာအကောင်းဆုံးလုပ်ဆောင်ခဲ့တယ်။အခုအချိန်ကသူ့အတွက်ဂါနာသားတစ်ဦး(သို့မဟုတ်)အာဖရိကသားတစ်ဦးကချဲလ်ဆီးကိုဝယ်ယူနိုင်အောင်ထောက်ပံ့ရမယ့်အချိန်ဖြစ်နေပါတယ်”လို့ပြောကြားသွားပါတယ်။

အဆိုပါဂါနာရွှေတွင်းသူဌေးရဲ့ကြွယ်ဝချမ်းသာမှုအတိအကျကိုတော့မသိရပါဘူး။ပေါင်၇၅သန်းဝန်းကျင်ခန့်ချမ်းသာမယ်လို့ခန့်မှန်းကြပါတယ်။ဒါပေမဲ့ရိုမန်အေဘရာမိုဗစ်ကချဲလ်ဆီးကိုပေါင်၃ဘီလီယံရမှသာရောင်းချမှာဖြစ်ပါတယ်။

Zawgyi

ခ်ဲလ္ဆီးကို ဝယ္ယူႏိုင္ပါက ေရာ္နယ္ဒိုႏွင့္မက္ဆီကို ေခၚယူမယ္လို႔ ဂါနာေ႐ႊတြင္းသူေဌးတစ္ဦး ေျပာၾကားလာ

ဂါနာေ႐ႊတြင္းသူေဌးတစ္ဦးကခ်ဲလ္ဆီးကိုဝယ္ယူလိုၿပီးဝယ္ယူႏိုင္ပါကလီယြန္နယ္မက္ဆီႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ကိုေခၚယူသြားမွာျဖစ္ေၾကာင္းေျပာၾကားပါတယ္။

႐ိုမန္ေအဘရာမိုဗစ္ဟာဗလာဒီမာတီတင္ကယူကရိန္းကိုစစ္ပြဲဆင္ႏြဲလာၿပီးေနာက္ဆန္ရွင္ထိကာပိုင္ဆိုင္မႈမ်ားအသိမ္းခံရမယ့္အေျခအေနမ်ိဳးတြင္ေနခဲ့ပါတယ္။

ယခုအခါဂါနာေ႐ႊတြင္းသူေဌးဘားနတ္အန႔္ဝီဘိုအာစီယာကိုလည္းခ်ဲလ္ဆီးပိုင္ရွင္ျဖစ္လိုေၾကာင္းေျပာၾကားလာပါတယ္။

ဘိုအာစီယာကိုဟာႏိုင္ငံေရးသမားတစ္ဦးျဖစ္သလိုေရဒီယိုအသံလႊင့္တစ္ခုကိုလည္းပိုင္ဆိုင္သူျဖစ္ပါတယ္။

အသက္၄၅ႏွစ္ရွိဂါနာေ႐ႊတြင္းပိုင္ရွင္ဟာမက္ဆီႏွင့္ေရာ္နယ္ဒိုအျပင္ဗီနီစီးယပ္စ္ဂ်ဴနီယာကိုလည္းေခၚယူလိုေနပါတယ္။သူဟာေႏြရာသီတုန္းကအင္တာမီလန္မွေပါင္၉၇.၅သန္းျဖင့္ေခၚယူထားတဲ့လူကာကူကိုလည္းေရာင္းရန္စီစဥ္ထားပါတယ္။

၎က “ခ်ဲလ္ဆီးေဘာလုံးကလပ္ကိုဝယ္ခ်င္တယ္။စိတ္ဝင္စားပါတယ္။ေဘာလုံးကလပ္ကိုဝယ္တာေဘာလုံးသမားေတြမဟုတ္ပါဘူး။လုပ္ငန္းရွင္ေတြပါ။ကြၽန္ေတာ္လည္းလုပ္ငန္းရွင္တစ္ဦးပါ။ေ႐ႊတြင္းတူးတယ္။ဒီေတာ့ဘာလို႔ကလပ္တစ္ခုကိုမဝယ္ႏိုင္ရမွာလဲ။အၿပိဳင္ကမ္းလွမ္းတဲ့အထဲမွာပါဝင္ခ်င္တယ္”လို႔ေျပာၾကားသြားပါတယ္။

ခ်ဲလ္ဆီးႏိုင္ခဲ့ရင္ ေခၚယူလာမယ့္ကစားသမားမ်ားႏွင့္ပတ္သက္ၿပီး၎က”ပိုင္ရွင္ျဖစ္လာရင္ေတာ့ရီးရဲလ္မက္ဒရစ္ကဘရာဇီးကစားသမားဗီနီစီးယပ္စ္ဂ်ဴနီယာကိုေခၚမယ္။ၿပီးရင္႐ိုမဲလူလူကာကူကိုေရာင္းမယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူႏိုင္မလားဆိုတာမန္ခ်က္စတာယူႏိုက္တက္ကိုေမးပါတယ္။လီယြန္နယ္မက္ဆီကိုလည္းေခၚယူဖို႔ႀကိဳးစားမယ္။႐ိုမန္ေအဘရာမိုဗစ္ဟာအေကာင္းဆုံးလုပ္ေဆာင္ခဲ့တယ္။အခုအခ်ိန္ကသူ႔အတြက္ဂါနာသားတစ္ဦး(သို႔မဟုတ္)အာဖရိကသားတစ္ဦးကခ်ဲလ္ဆီးကိုဝယ္ယူႏိုင္ေအာင္ေထာက္ပံ့ရမယ့္အခ်ိန္ျဖစ္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အဆိုပါဂါနာေ႐ႊတြင္းသူေဌးရဲ႕ႂကြယ္ဝခ်မ္းသာမႈအတိအက်ကိုေတာ့မသိရပါဘူး။ေပါင္၇၅သန္းဝန္းက်င္ခန႔္ခ်မ္းသာမယ္လို႔ခန႔္မွန္းၾကပါတယ္။ဒါေပမဲ့႐ိုမန္ေအဘရာမိုဗစ္ကခ်ဲလ္ဆီးကိုေပါင္၃ဘီလီယံရမွသာေရာင္းခ်မွာျဖစ္ပါတယ္။