
ဆောက်သမ်တန်အသင်းဟာထုတ်ပယ်လိုက်တဲ့နည်းပြနသန်ဂျုံးစ်ရဲ့နေရာမှာရူဘင်ဆဲလ်လက်စ်ကိုနည်းပြသစ်အဖြစ်ခန့်အပ်လာပါတယ်။
အသက်၃၉နှစ်ရှိစပိန်လူမျိုးနည်းပြဟာရာသီအကုန်အထိစာချုပ်ဖြင့်ဆောက်သမ်တန်အသင်းကိုကိုင်တွယ်လာမှာလည်းဖြစ်ပါတယ်။
ဆဲလ်လက်စ်ဟာပြီးခဲ့တဲ့နွေရာသီတုန်းကယခင်နည်းပြဟောင်းဟာဆန်ဟတ်တဲလ်ရဲ့လက်ထောက်နည်းပြအဖြစ်တာဝန်ထမ်းဆောင်ရန်ဆောက်သမ်တန်သို့ရောက်လာခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့သူဟာနသန်ဂျုံးစ်လက်ထက်တွင်လည်းနည်းပြအဖွဲ့ဝင်အဖြစ်ဆက်လက်ခန့်အပ်ခြင်းခံခဲ့ရပြီးနသန်ဂျုံးစ်ထုတ်ပယ်ခံရချိန်တွင်ယာယီနည်းပြအဖြစ်တာဝန်ယူခဲ့ပါတယ်။
သူဟာဆောက်သမ်တန်ကိုယာယီနည်းပြအဖြစ်ကိုင်တွယ်တဲ့ပထမဆုံးပွဲတွင်ချဲလ်ဆီးကို၁-၀ဂိုးဖြင့်အနိုင်ရရှိအောင်ဦးဆောင်နိုင်ခဲ့ပါတယ်။
ယခုအခါမှာတော့ဆောက်သမ်တန်ဟာဆဲလ်လက်စ်ကိုရာသီအကုန်အထိစာချုပ်ဖြင့်နည်းပြအဖြစ်ခန့်အပ်လာခဲ့ပြီဖြစ်ပါတယ်။
ZawGyi
ချဲလ်ဆီးကို အနိုင်ရရှိပြီးနောက် ရူဘင်ဆဲလ်လက်စ်ကို နည်းပြသစ်အဖြစ် ဆောက်သမ်တန်ခန့်အပ်