ချဲလ်ဆီးကို အေဘရာမိုဗစ် အရောင်းစာရင်းတင်လိုက်ပြီးနောက် ချဲလ်ဆီးဂန္ထဝင် ဖာရဲရား ရာထူးမှနုတ်ထွက်

ပေါလ်လိုဖာရဲရားဟာရိုမန်အေဘရာမိုဗစ်ကကလပ်ကို အရောင်းစာရင်းတင်ပြီးရက်အနည်းငယ်အကြာတွင်ချဲလ်ဆီးမှနုတ်ထွက်လိုက်ပါတယ်။

ရုရှားဘီလျှံနာဟာရုရှားကယူကရိန်းကိုကျူးကျော်စစ်ဆင်နွဲမှုရဲ့အကျိုးဆက်အဖြစ် ဆန်ရှင်ထိလာနိုင်တဲ့အနေအထားကြောင့်ချဲလ်ဆီးကိုအရောင်းစာရင်းတင်ထားပါတယ်။

အမေရိကန်ဘီလျှံနာများဖြစ်ကြတဲ့ တုဒ်ဘိုလီနှင့်ဟန်ဂျော့ဝှိုက်စ်တို့ဦးဆောင်တဲ့ရင်းနှီးမြှပ်နှံရေးအဖွဲ့ကချဲလ်ဆီးကိုပေါင်၃ဘီလီယံဖြင့်ဝယ်ယူရန်အခြေအနေကောင်းနေပါတယ်။

ယနေ့တွင် Football London ရဲ့ဖော်ပြချက်အရဖာရဲရားဟာချဲလ်ဆီးတွင်နည်းစနစ်ပိုင်းနည်းပြအဖြစ်တာဝန်ထမ်းဆောင်နေရာမှရာထူးမှနုတ်ထွက်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

အသက်၄၃နှစ်ရှိပေါ်တူဂီလက်ရွေးစင်နောက်ခံလူဟောင်းဟာမိသားစုနှင့်အတူနေထိုင်နိုင်ရန်အတွက်မွေးရပ်မြေပေါ်တူဂီသို့ပြန်မယ်လို့ယူဆရပါတယ်။

ဖာရဲရားဟာကလပ်ရဲ့သံတမန်တစ်ဦးဖြစ်ပြီးချဲလ်ဆီးရဲ့အငှားချထားတဲ့ကစားသမားများအတွက်လည်းအလုပ်လုပ်ပေးခဲ့သူလည်းဖြစ်ပါတယ်။သူဟာ၂၀၀၄ခုနှစ်တွင်ချဲလ်ဆီးသို့ရောက်လာပြီးနောက်စတမ်းဖို့ဒ်ဘရစ်ချ်တွင်၂၀၁၃ခုနှစ်မှာကစားသမားဘဝမှအနားယူခဲ့ပါတယ်။

ဖာရဲရားရဲ့နုတ်ထွက်မှုကအေဘရာမိုဗစ်ကချဲလ်ဆီးကိုအရောင်းစာရင်းတင်လိုက်မှုနဲ့ဆက်စပ်နေခြင်းတော့မရှိပါဘူး။

သူဟာချဲလ်ဆီးနှင့်အတူပရီးမီးယားလိဂ်ဖလား၃ကြိမ်၊ချန်ပီယံလိဂ်ဖလား၁ကြိမ်၊ယူရိုပါလိဂ်ဖလား၁ကြိမ်ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့မက်ခီလီလီ၊ကာလိုကူဒီစီနီ၊တိုးအင်ဒရေဖလိုတို့ကတော့ချဲလ်ဆီးနည်းပြအဖွဲ့ဝင်များအဖြစ်ဆက်လက်ရှိနေကြပါဦးမယ်။

Zawgyi

ခ်ဲလ္ဆီးကို ေအဘရာမိုဗစ္ အေရာင္းစာရင္းတင္လိုက္ၿပီးေနာက္ ခ်ဲလ္ဆီးဂႏၴဝင္ ဖာရဲရား ရာထူးမွႏုတ္ထြက္

ေပါလ္လိုဖာရဲရားဟာ႐ိုမန္ေအဘရာမိုဗစ္ကကလပ္ကို အေရာင္းစာရင္းတင္ၿပီးရက္အနည္းငယ္အၾကာတြင္ခ်ဲလ္ဆီးမွႏုတ္ထြက္လိုက္ပါတယ္။

႐ုရွားဘီလွ်ံနာဟာ႐ုရွားကယူကရိန္းကိုက်ဴးေက်ာ္စစ္ဆင္ႏြဲမႈရဲ႕အက်ိဳးဆက္အျဖစ္ ဆန္ရွင္ထိလာႏိုင္တဲ့အေနအထားေၾကာင့္ခ်ဲလ္ဆီးကိုအေရာင္းစာရင္းတင္ထားပါတယ္။

အေမရိကန္ဘီလွ်ံနာမ်ားျဖစ္ၾကတဲ့ တုဒ္ဘိုလီႏွင့္ဟန္ေဂ်ာ့ဝႈိက္စ္တို႔ဦးေဆာင္တဲ့ရင္းႏွီးျမႇပ္ႏွံေရးအဖြဲ႕ကခ်ဲလ္ဆီးကိုေပါင္၃ဘီလီယံျဖင့္ဝယ္ယူရန္အေျခအေနေကာင္းေနပါတယ္။

ယေန႔တြင္ Football London ရဲ႕ေဖာ္ျပခ်က္အရဖာရဲရားဟာခ်ဲလ္ဆီးတြင္နည္းစနစ္ပိုင္းနည္းျပအျဖစ္တာဝန္ထမ္းေဆာင္ေနရာမွရာထူးမွႏုတ္ထြက္လိုက္ၿပီျဖစ္ေၾကာင္းသိရပါတယ္။

အသက္၄၃ႏွစ္ရွိေပၚတူဂီလက္ေ႐ြးစင္ေနာက္ခံလူေဟာင္းဟာမိသားစုႏွင့္အတူေနထိုင္ႏိုင္ရန္အတြက္ေမြးရပ္ေျမေပၚတူဂီသို႔ျပန္မယ္လို႔ယူဆရပါတယ္။

ဖာရဲရားဟာကလပ္ရဲ႕သံတမန္တစ္ဦးျဖစ္ၿပီးခ်ဲလ္ဆီးရဲ႕အငွားခ်ထားတဲ့ကစားသမားမ်ားအတြက္လည္းအလုပ္လုပ္ေပးခဲ့သူလည္းျဖစ္ပါတယ္။သူဟာ၂၀၀၄ခုႏွစ္တြင္ခ်ဲလ္ဆီးသို႔ေရာက္လာၿပီးေနာက္စတမ္းဖို႔ဒ္ဘရစ္ခ်္တြင္၂၀၁၃ခုႏွစ္မွာကစားသမားဘဝမွအနားယူခဲ့ပါတယ္။

ဖာရဲရားရဲ႕ႏုတ္ထြက္မႈကေအဘရာမိုဗစ္ကခ်ဲလ္ဆီးကိုအေရာင္းစာရင္းတင္လိုက္မႈနဲ႔ဆက္စပ္ေနျခင္းေတာ့မရွိပါဘူး။

သူဟာခ်ဲလ္ဆီးႏွင့္အတူပရီးမီးယားလိဂ္ဖလား၃ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၁ႀကိမ္၊ယူ႐ိုပါလိဂ္ဖလား၁ႀကိမ္ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။

ဒါေပမဲ့မက္ခီလီလီ၊ကာလိုကူဒီစီနီ၊တိုးအင္ဒေရဖလိုတို႔ကေတာ့ခ်ဲလ္ဆီးနည္းျပအဖြဲ႕ဝင္မ်ားအျဖစ္ဆက္လက္ရွိေနၾကပါဦးမယ္။