ချဲလ်ဆီးကို ဦးဆောင်စဉ်ကာလအတွင်း အပြောင်းအရွှေ့အသုံးစရိတ် ပေါင် ၂.၁ ဘီလီယံအထိ အသုံးပြုပေးခဲ့တဲ့ ရိုမန်အေဘရာမိုဗစ်

ဗလာဒီမာပူတင်ရဲ့ရုရှားဘီလီယံနာရိုမန်အေဘရာမိုဗစ်ဟာ၂၀၀၃ခုနှစ်တွင်ချဲလ်ဆီးကိုဝယ်ယူပြီးတဲ့နောက်ချဲလ်ဆီးအတွက်ကစားသမားခေါ်ယူအားဖြည့်ရာမှာအပြောင်းအရွှေ့အသုံးစရိတ်ပေါင်၂.၁ဘီလီယံအထိအသုံးပြုပေးခဲ့ပါတယ်။

အေဘရာမိုဗစ်ဟာချဲလ်ဆီးသို့ရောက်လာပြီးနောက်ကစားသမားခေါ်ယူရေးငွေသုံးရန်ဘယ်တုန်းကမှလက်တွန့်ခြင်းမရှိပါဘူး။

သူဟာချဲလ်ဆီးကိုဝယ်ယူပြီးနောက်ပထမဆုံးအပြောင်းအရွှေ့ဈေးကွက်မှာဟာနန်ခရက်စ်ပို၊ဒါမီယန်ဒပ်ဖ်၊ကလော်ဒီယိုမက်ခီလီလီတို့အပါအဝင်ကစားသမားသစ်၁၆ဦးအထိခေါ်ယူပေးခဲ့ပါတယ်။

သူဟာ၂၀၀၃-၀၄ရာသီမှာအပြောင်းအရွှေ့အသုံးစရိတ်ပေါင်၁၅၃သန်းအထိ သုံးခဲ့ပါတယ်။

ယင်းနောက်နောက်တစ်နှစ်မှာလည်းဒီဒီယာဒရော့ဘာ၊အာဂျန်ရော်ဘင်အပါအဝင်ကစားသမားများကိုပေါင်၁၄၉.၉သန်းအထိအသုံးပြုခေါ်ယူပေးခဲ့ပါတယ်။

ရိုမန်အေဘရာမိုဗစ်ဟာပြီးခဲ့တဲ့နွေရာသီမှာလည်းလူကာကူကိုပေါင်၁၀၁.၇သန်းဖြင့်ခေါ်ယူမှုအပါအဝင်ပေါင်၁၀၆.၂သန်းအသုံးပြုခဲ့ပါတယ်။ဘယ်လ်ဂျီယံတိုက်စစ်မှူးကတော့ရိုမန်အေဘရာမိုဗစ် ချဲလ်ဆီးအတွက်ခေါ်ယူပေးခဲ့တဲ့ကစားသမားများထဲမှာဈေးအကြီးဆုံးကစားသမားဖြစ်ပါတယ်။

ရိုမန်အေဘရာမိုဗစ်လက်ထက်ချဲလ်ဆီးရဲ့ပြောင်းရွှေ့ကြေးအများဆုံးအသုံးပြုတဲ့ရာသီမှာ၂၀၁၇-၁၈ရာသီဖြစ်ပြီးထိုစဉ်တုန်းကပေါင်၂၃၄.၄သန်းအထိအသုံးပြုခဲ့ပါတယ်။

အေဘရာမိုဗစ်ဟာချဲလ်ဆီးကိုဦးဆောင်စဉ်အတွင်းပေါင်၂.၁ဘီလီယံအသုံးပြုပြီးကစားသမားခေါ်ယူခဲ့ပေမဲ့သူခေါ်ယူခဲ့တဲ့ကစားသမားများထဲမှာ အသင်းသို့ရောက်လာပြီးမှရုန်းကန်ရတဲ့နာမည်ကြီးကစားသမားများလည်းရှိပါတယ်။ ယင်းအထဲမှာအင်ဒရေရှက်ဗ်ချင်ကိုနှင့်ဖာနန်ဒိုတောရက်စ်တို့ကထိပ်ဆုံးမှပါဝင်ခဲ့ပါတယ်။

ချဲလ်ဆီးဟာယင်းကစားသမားနှစ်ဦးအတွက်ပေါင်၉၂သန်းကျော်သုံးခဲ့ရပေမဲ့ ပြောင်းရွှေ့ကြေးနဲ့တန်တဲ့ခြေစွမ်းမျိုးပြန်မရခဲ့ပါဘူး။

ချဲလ်ဆီးဟာအေဘရာမိုဗစ်လက်ထက်မှာအပြောင်းအရွှေ့အသုံးစရိတ်များစွာသုံးပြီးကစားသမားခေါ်ယူအားဖြည့်မှုပြုလုပ်သလို သူ့လက်အောက်ရှိ ၁၉ နှစ်တာကာလအတွင်းမှာလည်းဆုဖလား၁၉လုံးအထိရယူနိုင်ခဲ့ပါတယ်။

Zawgyi

ခ်ဲလ္ဆီးကို ဦးေဆာင္စဥ္ကာလအတြင္း အေျပာင္းအေ႐ႊ႕အသုံးစရိတ္ ေပါင္ ၂.၁ ဘီလီယံအထိ အသုံးျပဳေပးခဲ့တဲ့ ႐ိုမန္ေအဘရာမိုဗစ္

ဗလာဒီမာပူတင္ရဲ႕႐ုရွားဘီလီယံနာ႐ိုမန္ေအဘရာမိုဗစ္ဟာ၂၀၀၃ခုႏွစ္တြင္ခ်ဲလ္ဆီးကိုဝယ္ယူၿပီးတဲ့ေနာက္ခ်ဲလ္ဆီးအတြက္ကစားသမားေခၚယူအားျဖည့္ရာမွာအေျပာင္းအေ႐ႊ႕အသုံးစရိတ္ေပါင္၂.၁ဘီလီယံအထိအသုံးျပဳေပးခဲ့ပါတယ္။

ေအဘရာမိုဗစ္ဟာခ်ဲလ္ဆီးသို႔ေရာက္လာၿပီးေနာက္ကစားသမားေခၚယူေရးေငြသုံးရန္ဘယ္တုန္းကမွလက္တြန႔္ျခင္းမရွိပါဘူး။

သူဟာခ်ဲလ္ဆီးကိုဝယ္ယူၿပီးေနာက္ပထမဆုံးအေျပာင္းအေ႐ႊ႕ေဈးကြက္မွာဟာနန္ခရက္စ္ပို၊ဒါမီယန္ဒပ္ဖ္၊ကေလာ္ဒီယိုမက္ခီလီလီတို႔အပါအဝင္ကစားသမားသစ္၁၆ဦးအထိေခၚယူေပးခဲ့ပါတယ္။

သူဟာ၂၀၀၃-၀၄ရာသီမွာအေျပာင္းအေ႐ႊ႕အသုံးစရိတ္ေပါင္၁၅၃သန္းအထိ သုံးခဲ့ပါတယ္။

ယင္းေနာက္ေနာက္တစ္ႏွစ္မွာလည္းဒီဒီယာဒေရာ့ဘာ၊အာဂ်န္ေရာ္ဘင္အပါအဝင္ကစားသမားမ်ားကိုေပါင္၁၄၉.၉သန္းအထိအသုံးျပဳေခၚယူေပးခဲ့ပါတယ္။

႐ိုမန္ေအဘရာမိုဗစ္ဟာၿပီးခဲ့တဲ့ေႏြရာသီမွာလည္းလူကာကူကိုေပါင္၁၀၁.၇သန္းျဖင့္ေခၚယူမႈအပါအဝင္ေပါင္၁၀၆.၂သန္းအသုံးျပဳခဲ့ပါတယ္။ဘယ္လ္ဂ်ီယံတိုက္စစ္မႉးကေတာ့႐ိုမန္ေအဘရာမိုဗစ္ ခ်ဲလ္ဆီးအတြက္ေခၚယူေပးခဲ့တဲ့ကစားသမားမ်ားထဲမွာေဈးအႀကီးဆုံးကစားသမားျဖစ္ပါတယ္။

႐ိုမန္ေအဘရာမိုဗစ္လက္ထက္ခ်ဲလ္ဆီးရဲ႕ေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးအသုံးျပဳတဲ့ရာသီမွာ၂၀၁၇-၁၈ရာသီျဖစ္ၿပီးထိုစဥ္တုန္းကေပါင္၂၃၄.၄သန္းအထိအသုံးျပဳခဲ့ပါတယ္။

ေအဘရာမိုဗစ္ဟာခ်ဲလ္ဆီးကိုဦးေဆာင္စဥ္အတြင္းေပါင္၂.၁ဘီလီယံအသုံးျပဳၿပီးကစားသမားေခၚယူခဲ့ေပမဲ့သူေခၚယူခဲ့တဲ့ကစားသမားမ်ားထဲမွာ အသင္းသို႔ေရာက္လာၿပီးမွ႐ုန္းကန္ရတဲ့နာမည္ႀကီးကစားသမားမ်ားလည္းရွိပါတယ္။ ယင္းအထဲမွာအင္ဒေရရွက္ဗ္ခ်င္ကိုႏွင့္ဖာနန္ဒိုေတာရက္စ္တို႔ကထိပ္ဆုံးမွပါဝင္ခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာယင္းကစားသမားႏွစ္ဦးအတြက္ေပါင္၉၂သန္းေက်ာ္သုံးခဲ့ရေပမဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔တန္တဲ့ေျခစြမ္းမ်ိဳးျပန္မရခဲ့ပါဘူး။

ခ်ဲလ္ဆီးဟာေအဘရာမိုဗစ္လက္ထက္မွာအေျပာင္းအေ႐ႊ႕အသုံးစရိတ္မ်ားစြာသုံးၿပီးကစားသမားေခၚယူအားျဖည့္မႈျပဳလုပ္သလို သူ႔လက္ေအာက္ရွိ ၁၉ ႏွစ္တာကာလအတြင္းမွာလည္းဆုဖလား၁၉လုံးအထိရယူႏိုင္ခဲ့ပါတယ္။