ချဲလ်ဆီးဂိုးသမားကီပါကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမဲ့ ဟယ်ရီကိန်း အဝါကတ်ပင်ပြသမခံရမှုအပေါ် ပရိသတ်များ ဒေါသထွက်

ပရိသတ်များဟာမနေ့ညတုန်းကပွဲစဉ်တွင်ချဲလ်ဆီးဂိုးသမားကီပါကိုပြစ်ဒဏ်ကျူးလွန်ခဲ့ပေမဲ့လည်းစပါးစ်တိုက်စစ်မှူးဟယ်ရီကိန်းမှာအဝါကတ်ပင်ပြသခြင်းမခံခဲ့ရမှုအပေါ်ဒေါသထွက်နေကြပါတယ်။

မနေ့ညကစပါးစ်ကချဲလ်ဆီးကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်တွင်ကီပါဟာဘောလုံးကန်တင်ရန်ပြင်နေစဉ်ဟယ်ရီကိန်းပြေးလွှားရောက်လာပြီးဖျက်ထုတ်ခဲ့ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာကီပါကိုရည်ရွယ်ချက်ရှိရှိပြစ်ဒဏ်ကျူးလွန်ခဲပေမဲ့လည်းဒိုင်လူကြီးစတူးအပ်အက်ဝဲလ်ကပြစ်ဒဏ်ဘောသာသတ်မှတ်ပေးခဲ့ကာအဝါကတ်တောင်မပြခဲ့ပါဘူး။

အဆိုပါပွဲစဉ်ရဲ့ပထမပိုင်းပြီးခါနီးတွင်ဒိုင်လူကြီးအက်ဝဲလ်ဟာအီမာဆင်ရွိုင်ရယ်ကိုလက်ဖြင့်ရိုက်မှုကြောင့်ဟာကမ်ဇီယက်ချ်ကိုအနီကတ်ပြခဲ့ပါသေးတယ်။VAR ကကြားဝင်လာပြီးမော်နီတာတွင်ပြန်လည်စစ်ဆေးရန်ပြောကြားပြီးနောက် အဝါကတ်အဖြစ်သို့ပြောင်းလဲပြသခဲ့ပါတယ်။

မနေ့ညကပွဲစဉ်တွင်ဟယ်ရီကိန်းဟာစပါးစ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူဖြစ်ပြီးနောက် Nike ကထုတ်လုပ်ထားတဲ့အထူးထုတ်ဖိနပ်စီးကာကစားသွားခဲ့ပါတယ်။သူဟာစပါးစ်အတွက်ဒုတိယအနိုင်ဂိုးကိုလည်းသွင်းနိုင်ခဲ့ပါတယ်။

ZawGyi

ခ်ဲလ္ဆီးဂိုးသမားကီပါကို ျပစ္ဒဏ္က်ဴးလြန္ခဲ့ေပမဲ့ ဟယ္ရီကိန္း အဝါကတ္ပင္ျပသမခံရမႈအေပၚ ပရိသတ္မ်ား ေဒါသထြက္

ပရိသတ္မ်ားဟာမေန႔ညတုန္းကပြဲစဥ္တြင္ခ်ဲလ္ဆီးဂိုးသမားကီပါကိုျပစ္ဒဏ္က်ဴးလြန္ခဲ့ေပမဲ့လည္းစပါးစ္တိုက္စစ္မႉးဟယ္ရီကိန္းမွာအဝါကတ္ပင္ျပသျခင္းမခံခဲ့ရမႈအေပၚေဒါသထြက္ေနၾကပါတယ္။

မေန႔ညကစပါးစ္ကခ်ဲလ္ဆီးကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္တြင္ကီပါဟာေဘာလုံးကန္တင္ရန္ျပင္ေနစဥ္ဟယ္ရီကိန္းေျပးလႊားေရာက္လာၿပီးဖ်က္ထုတ္ခဲ့ပါတယ္။

အဂၤလန္တိုက္စစ္မႉးဟာကီပါကိုရည္႐ြယ္ခ်က္ရွိရွိျပစ္ဒဏ္က်ဴးလြန္ခဲေပမဲ့လည္းဒိုင္လူႀကီးစတူးအပ္အက္ဝဲလ္ကျပစ္ဒဏ္ေဘာသာသတ္မွတ္ေပးခဲ့ကာအဝါကတ္ေတာင္မျပခဲ့ပါဘူး။

အဆိုပါပြဲစဥ္ရဲ႕ပထမပိုင္းၿပီးခါနီးတြင္ဒိုင္လူႀကီးအက္ဝဲလ္ဟာအီမာဆင္႐ြိဳင္ရယ္ကိုလက္ျဖင့္႐ိုက္မႈေၾကာင့္ဟာကမ္ဇီယက္ခ်္ကိုအနီကတ္ျပခဲ့ပါေသးတယ္။VAR ကၾကားဝင္လာၿပီးေမာ္နီတာတြင္ျပန္လည္စစ္ေဆးရန္ေျပာၾကားၿပီးေနာက္ အဝါကတ္အျဖစ္သို႔ေျပာင္းလဲျပသခဲ့ပါတယ္။

မေန႔ညကပြဲစဥ္တြင္ဟယ္ရီကိန္းဟာစပါးစ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူျဖစ္ၿပီးေနာက္ Nike ကထုတ္လုပ္ထားတဲ့အထူးထုတ္ဖိနပ္စီးကာကစားသြားခဲ့ပါတယ္။သူဟာစပါးစ္အတြက္ဒုတိယအႏိုင္ဂိုးကိုလည္းသြင္းႏိုင္ခဲ့ပါတယ္။