ချဲလ်ဆီးစတားတီယာဂိုဆေးလ်ဗားရဲ့အိမ်ကို ဖောက်ထွင်းခဲ့သူများ မော်စကိုအပို့ခံရ

ချဲလ်ဆီးစတားတီယာဂိုဆေးလ်ဗားရဲ့နေအိမ်ကိုဖောက်ထွင်းခဲ့တဲ့သူခိုးခုနှစ်ဦးတို့ဟာထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

အသက်၃၆နှစ်ရှိဘရာဇီးနောက်ခံလူဟာပြီးခဲ့တဲ့လတုန်းကချဲလ်ဆီးကိုချန်ပီယံလိဂ်ဖလားရရှိအောင်စွမ်းဆောင်ပေးခဲ့ပြီးတဲ့နောက်တစ်နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့သူလည်းဖြစ်ပါတယ်။

ဗဟိုနောက်ခံလူဟာပီအက်စ်ဂျီတွင်ကစားစဉ်တွင်၂၀၁၈ခုနှစ်၊ဒီဇင်ဘာလတုန်းကပဲရစ်ရှိနေအိမ်ဖောက်ထွင်းခြင်းခံခဲ့ရဖူးပါတယ်။

ဖောက်ထွင်းသမားများဟာတီယာဂိုဆေးလ်ဗားရဲ့စုစုပေါင်းပေါငင်၁သန်းတန်ဖိုးရှိအဖိုးတန်နာရီများ၊လက်ဝတ်ရတနာများကိုရယူသွားခဲ့ကြပါတယ်။

ယင်းတစ်လတည်းမှာပင်ယင်းဖောက်ထွင်းသမားများဟာပီအက်စ်ဂျီမှအဲရစ်မာဇမ်ချူပိုမိုတင်းရဲ့နေအိမ်ကိုဖောက်ထွင်းကာပေါင်၅၀၀၀၀၀◌တန်ဖိုးရှိပစ္စည်းများခိုးယူသွားခဲ့ကြပါတယ်။

ယခုအခါပဲရစ်ရှိတရားရုံးကဖောက်ထွင်းအဖွဲ့ခေါင်းဆောင်မိုဟာမက်အက်စ်ကိုထောင်ဒဏ်၆နှစ်၊ကြံရာပါဘီဒူးကိုထောင်ဒဏ်၆နှစ်ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

ဒါ့အပြင်အခြားဖောက်ထွင်းသမားငါးဦးတို့မှာလည်းထောင်ဒဏ်သုံးနှစ်မှလေးနှစ်အသီးသီးချမှတ်ခြင်းခံခဲ့ရပါတယ်။ဖောက်ထွင်းသမားအားလုံးဟာပေါင်၉၀၀မှပေါင်၁၈၀၀၀အတွင်းလည်းဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။

အထက်ပါဖောက်ထွင်းသမားများအားနေအိမ်တွင်ခိုလှုံခွင့်ပေးခဲ့တဲ့အမျိုးသမီးအဖွဲ့ဝင်အမ်မာအိတ်ရှ်မှာလည်းဆိုင်းငံထောင်ဒဏ်၁၈လချမှတ်ခံခဲ့ရပါတယ်။

ဖောက်ထွင်းအဖွဲ့ခေါင်းဆောင်ဟာတရားရုံးမှထွက်ခွာလာချိန်တွင် “ထောင်ဖောက်ပြမယ်။နောက်ထပ်ငါဖောက်ထွင်းဦးမယ်”လို့အော်သွားပါတယ်။

ဆေးလ်ဗားဟာလက်ရှိအချိန်မှာလန်ဒန်တွင်မိသားစုနဲ့အတူပျော်ရွှင်နေပါတယ်။သူဟာချဲလ်ဆီးတွင်ကစားတဲ့ပထမဆုံးရာသီမှာ၃၂ပွဲကစားပြီး၅ဂိုးသွင်းယူနိုင်ခဲ့ကာချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

ခ်ဲလ္ဆီးစတားတီယာဂိုေဆးလ္ဗားရဲ႕အိမ္ကို ေဖာက္ထြင္းခဲ့သူမ်ား ေမာ္စကိုအပို႔ခံရ

ခ်ဲလ္ဆီးစတားတီယာဂိုေဆးလ္ဗားရဲ႕ေနအိမ္ကိုေဖာက္ထြင္းခဲ့တဲ့သူခိုးခုႏွစ္ဦးတို႔ဟာေထာင္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရပါတယ္။

အသက္၃၆ႏွစ္ရွိဘရာဇီးေနာက္ခံလူဟာၿပီးခဲ့တဲ့လတုန္းကခ်ဲလ္ဆီးကိုခ်န္ပီယံလိဂ္ဖလားရရွိေအာင္စြမ္းေဆာင္ေပးခဲ့ၿပီးတဲ့ေနာက္တစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုခဲ့သူလည္းျဖစ္ပါတယ္။

ဗဟိုေနာက္ခံလူဟာပီအက္စ္ဂ်ီတြင္ကစားစဥ္တြင္၂၀၁၈ခုႏွစ္၊ဒီဇင္ဘာလတုန္းကပဲရစ္ရွိေနအိမ္ေဖာက္ထြင္းျခင္းခံခဲ့ရဖူးပါတယ္။

ေဖာက္ထြင္းသမားမ်ားဟာတီယာဂိုေဆးလ္ဗားရဲ႕စုစုေပါင္းေပါငင္၁သန္းတန္ဖိုးရွိအဖိုးတန္နာရီမ်ား၊လက္ဝတ္ရတနာမ်ားကိုရယူသြားခဲ့ၾကပါတယ္။

ယင္းတစ္လတည္းမွာပင္ယင္းေဖာက္ထြင္းသမားမ်ားဟာပီအက္စ္ဂ်ီမွအဲရစ္မာဇမ္ခ်ဴပိုမိုတင္းရဲ႕ေနအိမ္ကိုေဖာက္ထြင္းကာေပါင္၅၀၀၀၀၀◌တန္ဖိုးရွိပစၥည္းမ်ားခိုးယူသြားခဲ့ၾကပါတယ္။

ယခုအခါပဲရစ္ရွိတရား႐ုံးကေဖာက္ထြင္းအဖြဲ႕ေခါင္းေဆာင္မိုဟာမက္အက္စ္ကိုေထာင္ဒဏ္၆ႏွစ္၊ႀကံရာပါဘီဒူးကိုေထာင္ဒဏ္၆ႏွစ္ေထာင္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရပါတယ္။

ဒါ့အျပင္အျခားေဖာက္ထြင္းသမားငါးဦးတို႔မွာလည္းေထာင္ဒဏ္သုံးႏွစ္မွေလးႏွစ္အသီးသီးခ်မွတ္ျခင္းခံခဲ့ရပါတယ္။ေဖာက္ထြင္းသမားအားလုံးဟာေပါင္၉၀၀မွေပါင္၁၈၀၀၀အတြင္းလည္းဒဏ္႐ိုက္ျခင္းခံခဲ့ရပါတယ္။

အထက္ပါေဖာက္ထြင္းသမားမ်ားအားေနအိမ္တြင္ခိုလႈံခြင့္ေပးခဲ့တဲ့အမ်ိဳးသမီးအဖြဲ႕ဝင္အမ္မာအိတ္ရွ္မွာလည္းဆိုင္းငံေထာင္ဒဏ္၁၈လခ်မွတ္ခံခဲ့ရပါတယ္။

ေဖာက္ထြင္းအဖြဲ႕ေခါင္းေဆာင္ဟာတရား႐ုံးမွထြက္ခြာလာခ်ိန္တြင္ “ေထာင္ေဖာက္ျပမယ္။ေနာက္ထပ္ငါေဖာက္ထြင္းဦးမယ္”လို႔ေအာ္သြားပါတယ္။

ေဆးလ္ဗားဟာလက္ရွိအခ်ိန္မွာလန္ဒန္တြင္မိသားစုနဲ႔အတူေပ်ာ္႐ႊင္ေနပါတယ္။သူဟာခ်ဲလ္ဆီးတြင္ကစားတဲ့ပထမဆုံးရာသီမွာ၃၂ပြဲကစားၿပီး၅ဂိုးသြင္းယူႏိုင္ခဲ့ကာခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။