
မနေ့ညတုန်းကစတမ်းဖို့ဒ်ဘရစ်ချ်တွင်ချဲလ်ဆီးနှင့်ဒေါ့မွန်တို့ကစားတဲ့ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင်ချဲလ်ဆီးနောက်ခံလူဘင်ချဲလ်ဝဲလ်ကိုဒေါ့မွန်ပရိသတ်များကမီးခိုးဗူးဖြင့်ပစ်ပေါက်မှုကြောင့်ဒိုင်လူကြီးမှာပွဲကိုရပ်ဆိုင်းမှုပြုလုပ်ခဲ့ရပါတယ်။
အထက်ပါအဖြစ်အပျက်မှာရာဟမ်းစတာလင်းကချဲလ်ဆီးအတွက်ဦးဆောင်ဂိုးမသွင်းယူမီမိနစ်အနည်းငယ်အလိုတွင်ဖြစ်ပျက်ခဲ့တာလည်းဖြစ်ပါတယ်။
ချဲလ်ဆီးဟာပထမအကျော့တုန်းကဂျာမန်မြေတွင်၁-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရာဂိုးပြတ်အနိုင်ရရှိမှသာလျှင်ကွာတားဖိုင်နယ်သို့တက်ရောက်နိုင်ပါမယ်။
ချဲလ်ဆီးဟာဖီးလစ်နဲ့ဟာဗတ်ဇ်တို့အခွင့်အရေးရရှိခဲ့ပေမဲ့လည်းအသုံးမချနိုင်ခဲ့လို့စောစောစီးစီးဂိုးမရခဲ့ပါဘူး။
အဝေးကွင်းပရိသတ်များဟာ၂၀၂၃ခုနှစ်တွင်၁၀လုံးအနိုင်ရရှိထားတဲ့ဒေါ့မွန်ကိုအကြီးအကျယ်အားပေးခဲ့ကြတာတွေ့ရပြီးကွင်းအတွင်းအဝါရောင်မီးခိုးဗူးများလည်းဖောက်ခဲ့ကြပါတယ်။
မနေ့ညကချဲလ်ဆီးနှင့်ဒေါ့မွန်ပွဲစဉ်ကို၁၀မိနစ်နောက်ကျပြီးမှကစားခဲ့ရတာဖြစ်ပြီးဒေါ့မွန်ပရိသတ်များဟာအရံအတားများကိုအတင်းကျော်ဖြတ်ကာကွင်းအတွင်းဝင်ရောက်ခဲ့ကြတာလည်းတွေ့ရပါတယ်။
ဒါပေမဲ့ပထမပိုင်းပြီးခါနီးတွင်အခြေအနေပိုဆိုးလာတာတွေ့ရပြီးဘင်ချဲလ်ဝဲလ် ထောင့်ကန်ဘောကန်ရန်ပြင်နေစဉ် ပစ္စည်းများဖြင့်ပစ်ပေါက်ခံခဲ့ရတာတွေ့ရပါတယ်။ယင်းမှတစ်ခုမှာမီးခိုးဗူးဖြစ်ပါတယ်။
ယင်းအဖြစ်အပျက်ကိုမြင်တဲ့ဒိုင်လူကြီးမက်ခီလီကပွဲကိုရပ်ဆိုင်းပြီးယင်းပစ္စည်းများကိုဖယ်ရှားစေခဲ့ပါတယ်။
ယင်းနောက်ပွဲချိန်၄၃မိနစ်မှာတော့ချဲလ်ဆီးတို့အတွက်ဦးဆောင်ဂိုးကိုစတာလင်းကသွင်းယူခဲ့ပါတယ်။ယင်းနောက်ပွဲချိန်၅၃မိနစ်တွင်ကိုင်ဟာဗတ်ဇ်ကပင်နယ်တီမှတဆင့်ချဲလ်ဆီးကိုကွာတားဖိုင်နယ်သို့ရောက်စေမဲ့ဂိုးအားသွင်းယူခဲ့ပါတယ်။
ZawGyi
ခ်ဲလ္ဆီးစတားဘင္ခ်ဲလ္ဝဲလ္ကို ေဒါ့မြန္ပရိသတ္က မီးခိုးဗူးျဖင့္ ပစ္ေပါက္မႈေၾကာင့္ ပြဲကို ရပ္ဆိုင္းခဲ့ရ
မေန႔ညတုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ခ်ဲလ္ဆီးႏွင့္ေဒါ့မြန္တို႔ကစားတဲ့ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္တြင္ခ်ဲလ္ဆီးေနာက္ခံလူဘင္ခ်ဲလ္ဝဲလ္ကိုေဒါ့မြန္ပရိသတ္မ်ားကမီးခိုးဗူးျဖင့္ပစ္ေပါက္မႈေၾကာင့္ဒိုင္လူႀကီးမွာပြဲကိုရပ္ဆိုင္းမႈျပဳလုပ္ခဲ့ရပါတယ္။
အထက္ပါအျဖစ္အပ်က္မွာရာဟမ္းစတာလင္းကခ်ဲလ္ဆီးအတြက္ဦးေဆာင္ဂိုးမသြင္းယူမီမိနစ္အနည္းငယ္အလိုတြင္ျဖစ္ပ်က္ခဲ့တာလည္းျဖစ္ပါတယ္။
ခ်ဲလ္ဆီးဟာပထမအေက်ာ့တုန္းကဂ်ာမန္ေျမတြင္၁-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ရာဂိုးျပတ္အႏိုင္ရရွိမွသာလွ်င္ကြာတားဖိုင္နယ္သို႔တက္ေရာက္ႏိုင္ပါမယ္။
ခ်ဲလ္ဆီးဟာဖီးလစ္နဲ႔ဟာဗတ္ဇ္တို႔အခြင့္အေရးရရွိခဲ့ေပမဲ့လည္းအသုံးမခ်ႏိုင္ခဲ့လို႔ေစာေစာစီးစီးဂိုးမရခဲ့ပါဘူး။
အေဝးကြင္းပရိသတ္မ်ားဟာ၂၀၂၃ခုႏွစ္တြင္၁၀လုံးအႏိုင္ရရွိထားတဲ့ေဒါ့မြန္ကိုအႀကီးအက်ယ္အားေပးခဲ့ၾကတာေတြ႕ရၿပီးကြင္းအတြင္းအဝါေရာင္မီးခိုးဗူးမ်ားလည္းေဖာက္ခဲ့ၾကပါတယ္။
မေန႔ညကခ်ဲလ္ဆီးႏွင့္ေဒါ့မြန္ပြဲစဥ္ကို၁၀မိနစ္ေနာက္က်ၿပီးမွကစားခဲ့ရတာျဖစ္ၿပီးေဒါ့မြန္ပရိသတ္မ်ားဟာအရံအတားမ်ားကိုအတင္းေက်ာ္ျဖတ္ကာကြင္းအတြင္းဝင္ေရာက္ခဲ့ၾကတာလည္းေတြ႕ရပါတယ္။
ဒါေပမဲ့ပထမပိုင္းၿပီးခါနီးတြင္အေျခအေနပိုဆိုးလာတာေတြ႕ရၿပီးဘင္ခ်ဲလ္ဝဲလ္ ေထာင့္ကန္ေဘာကန္ရန္ျပင္ေနစဥ္ ပစၥည္းမ်ားျဖင့္ပစ္ေပါက္ခံခဲ့ရတာေတြ႕ရပါတယ္။ယင္းမွတစ္ခုမွာမီးခိုးဗူးျဖစ္ပါတယ္။
ယင္းအျဖစ္အပ်က္ကိုျမင္တဲ့ဒိုင္လူႀကီးမက္ခီလီကပြဲကိုရပ္ဆိုင္းၿပီးယင္းပစၥည္းမ်ားကိုဖယ္ရွားေစခဲ့ပါတယ္။
ယင္းေနာက္ပြဲခ်ိန္၄၃မိနစ္မွာေတာ့ခ်ဲလ္ဆီးတို႔အတြက္ဦးေဆာင္ဂိုးကိုစတာလင္းကသြင္းယူခဲ့ပါတယ္။ယင္းေနာက္ပြဲခ်ိန္၅၃မိနစ္တြင္ကိုင္ဟာဗတ္ဇ္ကပင္နယ္တီမွတဆင့္ခ်ဲလ္ဆီးကိုကြာတားဖိုင္နယ္သို႔ေရာက္ေစမဲ့ဂိုးအားသြင္းယူခဲ့ပါတယ္။