ချဲလ်ဆီးစတားများကို အနီးကပ်စောင့်ကြည့်နိုင်ရန်အတွက် လေ့ကျင့်ရေးကွင်းတွင် ကင်မရာအပြည့် တပ်ဆင်ရန် တူချယ်စီစဉ်

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာကစားသမားများရဲ့လှုပ်ရှားမှုများကိုအနီးကပ်စောင့်ကြည့်လေ့လာနိုင်ရန်အတွက်လေ့ကျင့်ရေးကွင်းတွင်ကင်မရာများတပ်ဆင်ရန်စီစဉ်နေပါတယ်။

ဂျာမန်လူမျိုးနည်းပြဟာချဲလ်ဆီးရဲ့လေ့ကျင့်ရေးကွင်းတွင်ကင်မရာရှစ်လုံးတပ်ဆင်ပြီးကစားသမားများရဲ့လှုပ်ရှားများကိုအနီးကပ်စောင့်ကြည့်လေ့လာကာအသင်းရဲ့အသေးစိတ်အချက်အလက်များကိုသိရှိနိုင်ရန် ကင်မရာများတပ်ဆင်လိုနေတာဖြစ်ပါတယ်။

ချဲလ်ဆီးဟာချဲလ်ဆီးပထမအသင်းကစားသမားများကိုသာမကအမျိုးသမီးအသင်းနှင့်လူငယ်အသင်းများမှကစားသမားရဲ့အသေးစိတ်လှုပ်ရှားမှုကိုပါသိရှိနိုင်ရန်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ချဲလ်ဆီးဟာအသင်းလေ့ကျင့်ရေးကွင်းတွင်ကင်မရာများတပ်ဆင်ရန်အတွက်ဒေသတွင်းကောင်စီထံသို့လျှောက်ထားလိုက်ပြီလည်းဖြစ်ပါတယ်။

Elmbridge Council ဟာယခုလနှောင်းပိုင်းတွင်ချဲလ်ဆီးအားခွင့်ပြု/မပြုကိုဆုံးဖြတ်သွားဖို့ရှိနေပါတယ်။

ချဲလ်ဆီးအသင်းတွင်တူချယ်မတိုင်မီ၂၀၁၇ခုနှစ်တုန်းကအီတလီလူမျိုးနည်းပြကွန်တီဟာလည်းကစားသမားများရဲ့လှုပ်ရှားမှုအသေးစိတ်အချက်အလက်များကိုသိရှိနိုင်ရန် ကင်မရာများတပ်ဆင်စောင့်ကြည့်ခဲ့ဖူးပါတယ်။

ZawGyi






