
ဂရေဟမ်ပေါ်တာဟာချဲလ်ဆီးအသင်းကိုစိတ်ဓာတ်ပိုင်းကောင်းမွန်တဲ့အသင်းတစ်သင်းဖြစ်လာရေးအတွက်စစ်တပ်ကိုအားကိုးလုပ်ဆောင်လာပါတယ်။
ချဲလ်ဆီးနည်းပြဟာအဝတ်အစားလဲခန်းတွင်းကစားသမားများအကြားပိုမိုစည်းလုံးလာစေရန်အတွက်တကယ့်စစ်သည်များနှင့်တွေ့ဆုံနိုင်အောင် စစ်တပ်သို့ခေါ်ဆောင်သွားခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့အပြင်သူဟာအသစ်ခေါ်ယူထားတဲ့ကစားသမားများ အသင်းတွင်ရှိပြီးသားကစားသမားများနှင့်ပိုမိုရင်းနှီးလာစေရန်အတွက်လည်းယင်းသို့လုပ်ဆောင်လာတာဖြစ်ပါတယ်။
သူဟာပြီးခဲ့တဲ့အင်္ဂါနေ့တုန်းကလစ်မြို့အနီးရှိစစ်စခန်းသို့ ချဲလ်ဆီးတစ်သင်းလုံးကိုခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
ယင်းဧရိယာတွင်Bordon and Longmoor Military Camp ရှိပြီးရှည်လျားလှတဲ့သမိုင်းပိုင်ဆိုင်ထားတဲ့စစ်သားလေ့ကျင့်ရေးစခန်းလည်းဖြစ်ပါတယ်။
ဒါပေမဲ့ ဂရေဟမ်ပေါ်တာဟာချဲလ်ဆီးစတားများကို စစ်သားများရဲ့လေ့ကျင့်ခန်းအစီအစဉ်များမလုပ်စေဘဲကစားသမားများကိုစိတ်ဓာတ်မာကျောရေး၊ပိုမိုစည်းလုံးရေးအတွက်သာလုပ်ဆောင်ခဲ့တာပါ။
ဂရေဟမ်ပေါ်တာဟာ၂၀၁၁ခုနှစ်မှ၂၀၁၈ခုနှစ်အထိ ဆွီဒင်ကလပ် Ostersunds ကိုကိုင်တွယ်တုန်းကလည်း ကစားသမားများကိုဖင်လန်ရိုးရာရက်ပ်သီချင်းသီဆိုစေခြင်း၊Vikings ပြဇာတ်ရေးသားစေခြင်း၊ဘဲလေးကစေခြင်းတို့ပြုလုပ်ကာ ကစားသမားများအကြားပိုမိုစည်းလုံးအောင်လုပ်ဆောင်ခဲ့ဖူးပါတယ်။
ချဲလ်ဆီးဟာအက်ဖ်အေဖလားပြိုင်ပွဲမှလည်းထွက်ခွာထားရရာ ဂရေဟမ်ပေါ်တာဟာကစားသမားများကိုကြံ့ခိုင်မှုပိုင်းအပြည့်အဝလေ့ကျင့်စေတဲ့အပြင်စိတ်ဓာတ်ပိုင်းလည်းပိုမိုကောင်းမွန်လာရေးအချိန်ယူလုပ်ဆောင်နေတာဖြစ်ပါတယ်။
သူဟာလာမယ့်ရက်သတ္တပတ်တွင်လည်းကစားသမားများရဲ့စိတ်ဓာတ်ကောင်းမွန်စေရေးအတွက် လုပ်ဆောင်မှုအချို့လုပ်ဆောင်လာဦးမှာလည်းဖြစ်ပါတယ်။
ZawGyi
ခ်ဲလ္ဆီးစတားမ်ား စိတ္ဓာတ္ျမင့္တက္လာေစရန္ စစ္သားမ်ားႏွင့္ ေတြ႕ဆုံေစခဲ့တဲ့ ဂေရဟမ္ေပၚတာ
ဂေရဟမ္ေပၚတာဟာခ်ဲလ္ဆီးအသင္းကိုစိတ္ဓာတ္ပိုင္းေကာင္းမြန္တဲ့အသင္းတစ္သင္းျဖစ္လာေရးအတြက္စစ္တပ္ကိုအားကိုးလုပ္ေဆာင္လာပါတယ္။
ခ်ဲလ္ဆီးနည္းျပဟာအဝတ္အစားလဲခန္းတြင္းကစားသမားမ်ားအၾကားပိုမိုစည္းလုံးလာေစရန္အတြက္တကယ့္စစ္သည္မ်ားႏွင့္ေတြ႕ဆုံႏိုင္ေအာင္ စစ္တပ္သို႔ေခၚေဆာင္သြားခဲ့တာလည္းျဖစ္ပါတယ္။
ဒါ့အျပင္သူဟာအသစ္ေခၚယူထားတဲ့ကစားသမားမ်ား အသင္းတြင္ရွိၿပီးသားကစားသမားမ်ားႏွင့္ပိုမိုရင္းႏွီးလာေစရန္အတြက္လည္းယင္းသို႔လုပ္ေဆာင္လာတာျဖစ္ပါတယ္။
သူဟာၿပီးခဲ့တဲ့အဂၤါေန႔တုန္းကလစ္ၿမိဳ႕အနီးရွိစစ္စခန္းသို႔ ခ်ဲလ္ဆီးတစ္သင္းလုံးကိုေခၚေဆာင္သြားခဲ့တာျဖစ္ပါတယ္။
ယင္းဧရိယာတြင္Bordon and Longmoor Military Camp ရွိၿပီးရွည္လ်ားလွတဲ့သမိုင္းပိုင္ဆိုင္ထားတဲ့စစ္သားေလ့က်င့္ေရးစခန္းလည္းျဖစ္ပါတယ္။
ဒါေပမဲ့ ဂေရဟမ္ေပၚတာဟာခ်ဲလ္ဆီးစတားမ်ားကို စစ္သားမ်ားရဲ႕ေလ့က်င့္ခန္းအစီအစဥ္မ်ားမလုပ္ေစဘဲကစားသမားမ်ားကိုစိတ္ဓာတ္မာေက်ာေရး၊ပိုမိုစည္းလုံးေရးအတြက္သာလုပ္ေဆာင္ခဲ့တာပါ။
ဂေရဟမ္ေပၚတာဟာ၂၀၁၁ခုႏွစ္မွ၂၀၁၈ခုႏွစ္အထိ ဆြီဒင္ကလပ္ Ostersunds ကိုကိုင္တြယ္တုန္းကလည္း ကစားသမားမ်ားကိုဖင္လန္႐ိုးရာရက္ပ္သီခ်င္းသီဆိုေစျခင္း၊Vikings ျပဇာတ္ေရးသားေစျခင္း၊ဘဲေလးကေစျခင္းတို႔ျပဳလုပ္ကာ ကစားသမားမ်ားအၾကားပိုမိုစည္းလုံးေအာင္လုပ္ေဆာင္ခဲ့ဖူးပါတယ္။
ခ်ဲလ္ဆီးဟာအက္ဖ္ေအဖလားၿပိဳင္ပြဲမွလည္းထြက္ခြာထားရရာ ဂေရဟမ္ေပၚတာဟာကစားသမားမ်ားကိုႀကံ့ခိုင္မႈပိုင္းအျပည့္အဝေလ့က်င့္ေစတဲ့အျပင္စိတ္ဓာတ္ပိုင္းလည္းပိုမိုေကာင္းမြန္လာေရးအခ်ိန္ယူလုပ္ေဆာင္ေနတာျဖစ္ပါတယ္။
သူဟာလာမယ့္ရက္သတၱပတ္တြင္လည္းကစားသမားမ်ားရဲ႕စိတ္ဓာတ္ေကာင္းမြန္ေစေရးအတြက္ လုပ္ေဆာင္မႈအခ်ိဳ႕လုပ္ေဆာင္လာဦးမွာလည္းျဖစ္ပါတယ္။