ချဲလ်ဆီးတို့ ၇ ဂိုးပြတ်တောင် အနိုင်ရသင့်တယ်လို့ ပြောကြားကာ အာဆင်နယ်ရဲ့စုတ်ပြတ်နေမှုကို ရွိုင်ကိန်းဝေဖန်`

ရွိုင်ကိန်းဟာချဲလ်ဆီးအားရှုံးနိမ့်တဲ့ပွဲတွင်လမ်းလျှောက်နေကြတဲ့အာဆင်နယ်စီနီယာကစားသမားများကိုအပြင်းအထန်ဝေဖန်လိုက်ပြီးချဲလ်ဆီးတို့၇ဂိုးပြတ်ဖြင့်ပင်အနိုင်ရရှိသင့်ကြောင်းပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးဟာမနေ့ညတုန်းကအမ်းမရိတ်ကွင်းပွဲစဉ်တွင်အာဆင်နယ်အားသက်တောင့်သက်သာဖြင့်ကစားကာ၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ချဲလ်ဆီးအတွက်အနိုင်ဂိုးများကိုလူကာကူနှင့်ရီစီဂျိမ်းစ်တို့ကသွင်းယူခဲ့ကြပါတယ်။

ရွိုင်ကိန်းကအာဆင်နယ်အတွက်ရှည်လျားခက်ခဲလှတဲ့ရာသီတစ်ခုကြုံလာရပြီဖြစ်ကြောင်းနှင့်လူငယ်ကစားသမားများမှာစီနီယာများထံမှအကူအညီလိုအပ်နေကြောင်းပြောကြားလိုက်ပါတယ်။

ရွိုင်ကိန်းက “ချဲလ်ဆီးအတွက်အရမ်းကိုသက်တောင့်သက်သာနဲ့ကစားရတဲ့ပွဲပါ။သူတို့နှစ်ဂိုးတည်းသွင်းခဲ့ပါတယ်။တကယ်ဆိုငါးဂိုး၊ခြောက်ဂိုး၊ခုနှစ်ဂိုးလောက်အထိရခဲ့သင့်တယ်။အထူးသဖြင့်ဒုတိယပိုင်းမှာပေါ့။ချဲလ်ဆီးအသင်းရဲ့အရည်အသွေး၊ယုံကြည်မှုတွေကိုကျွန်တော်တို့မြင်ခဲ့ကြရတယ်။အာဆင်နယ်ရဲ့အားနည်းချက်တွေကိုလည်းမြင်ကြမှာပါ။ပုန်းကွယ်စရာနေရာမရှိပါဘူး။အာဆင်နယ်အတွက်ရှည်လျားလှတဲ့ရာသီဟောင်းဖြစ်လာပါတော့မယ်။အနောက်ကိုချည်းကြည့်နေလို့မရပါဘူး။စီနီယာကစားသမားအချို့ကလမ်းသလားနေကြတာမြင်ရမှာပါ။လူငယ်လေးတစ်ချို့အခြေတည်မရဖြစ်နေတယ်။လူငယ်တွေကိုစီနီယာတွေကအကူအညီပေးဖို့လိုနေတယ်။စီနီယာကစားသမားအချို့အနေနဲ့အာဆင်နယ်အတွက်ကစားရတာဘယ်လိုအဓိပ္ပါယ်ဆိုတာပြသဖို့လိုနေပါတယ်။ဥရောပပြိုင်ပွဲဝင်ခွင့်မရထားတာသူတို့အတွက်ကောင်းတယ်။အာတီတာကလည်းသင်ယူနေတုန်းပါ။ဒါကသူ့ရဲ့ပထမဆုံးနည်းပြအလုပ်ဆိုတော့”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်အာဆင်နယ်ကစားသမားဟောင်းဆစ်ဂနာကအာဆင်နယ်မှာယခုနွေတွင်အပြောင်းအရွှေ့စရိတ်ပေါင်သန်း၁၃၀အသုံးပြုကာပရီးမီးယားလိဂ်တွင်ငွေသုံးအများဆုံးအသင်းအဖြစ်ရပ်တည်နေပေမယ့်အတွေ့အကြုံရှိကစားသမားများကိုမခေါ်ယူဘဲလူငယ်များကိုသာခေါ်ယူမှုအပေါ်ဝေဖန်ခဲ့ပါတယ်။

အာဆင်နယ်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲတွင်နှစ်ပွဲရှုံး၊ရဂိုးမရှိမှုနဲ့အတူကလပ်ရဲ့၁၁၈နှစ်သမိုင်းတွင်အဆိုးရွားဆုံးတာထွက်နဲ့ကြုံနေရပါတယ်။

ZawGyi

ခ်ဲလ္ဆီးတို႔ ၇ ဂိုးျပတ္ေတာင္ အႏိုင္ရသင့္တယ္လို႔ ေျပာၾကားကာ အာဆင္နယ္ရဲ႕စုတ္ျပတ္ေနမႈကို ႐ြိဳင္ကိန္းေဝဖန္`

႐ြိဳင္ကိန္းဟာခ်ဲလ္ဆီးအားရႈံးနိမ့္တဲ့ပြဲတြင္လမ္းေလွ်ာက္ေနၾကတဲ့အာဆင္နယ္စီနီယာကစားသမားမ်ားကိုအျပင္းအထန္ေဝဖန္လိုက္ၿပီးခ်ဲလ္ဆီးတို႔၇ဂိုးျပတ္ျဖင့္ပင္အႏိုင္ရရွိသင့္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ခ်ဲလ္ဆီးဟာမေန႔ညတုန္းကအမ္းမရိတ္ကြင္းပြဲစဥ္တြင္အာဆင္နယ္အားသက္ေတာင့္သက္သာျဖင့္ကစားကာ၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ခ်ဲလ္ဆီးအတြက္အႏိုင္ဂိုးမ်ားကိုလူကာကူႏွင့္ရီစီဂ်ိမ္းစ္တို႔ကသြင္းယူခဲ့ၾကပါတယ္။

႐ြိဳင္ကိန္းကအာဆင္နယ္အတြက္ရွည္လ်ားခက္ခဲလွတဲ့ရာသီတစ္ခုႀကဳံလာရၿပီျဖစ္ေၾကာင္းႏွင့္လူငယ္ကစားသမားမ်ားမွာစီနီယာမ်ားထံမွအကူအညီလိုအပ္ေနေၾကာင္းေျပာၾကားလိုက္ပါတယ္။

႐ြိဳင္ကိန္းက “ခ်ဲလ္ဆီးအတြက္အရမ္းကိုသက္ေတာင့္သက္သာနဲ႔ကစားရတဲ့ပြဲပါ။သူတို႔ႏွစ္ဂိုးတည္းသြင္းခဲ့ပါတယ္။တကယ္ဆိုငါးဂိုး၊ေျခာက္ဂိုး၊ခုႏွစ္ဂိုးေလာက္အထိရခဲ့သင့္တယ္။အထူးသျဖင့္ဒုတိယပိုင္းမွာေပါ့။ခ်ဲလ္ဆီးအသင္းရဲ႕အရည္အေသြး၊ယုံၾကည္မႈေတြကိုကြၽန္ေတာ္တို႔ျမင္ခဲ့ၾကရတယ္။အာဆင္နယ္ရဲ႕အားနည္းခ်က္ေတြကိုလည္းျမင္ၾကမွာပါ။ပုန္းကြယ္စရာေနရာမရွိပါဘူး။အာဆင္နယ္အတြက္ရွည္လ်ားလွတဲ့ရာသီေဟာင္းျဖစ္လာပါေတာ့မယ္။အေနာက္ကိုခ်ည္းၾကည့္ေနလို႔မရပါဘူး။စီနီယာကစားသမားအခ်ိဳ႕ကလမ္းသလားေနၾကတာျမင္ရမွာပါ။လူငယ္ေလးတစ္ခ်ိဳ႕အေျခတည္မရျဖစ္ေနတယ္။လူငယ္ေတြကိုစီနီယာေတြကအကူအညီေပးဖို႔လိုေနတယ္။စီနီယာကစားသမားအခ်ိဳ႕အေနနဲ႔အာဆင္နယ္အတြက္ကစားရတာဘယ္လိုအဓိပၸါယ္ဆိုတာျပသဖို႔လိုေနပါတယ္။ဥေရာပၿပိဳင္ပြဲဝင္ခြင့္မရထားတာသူတို႔အတြက္ေကာင္းတယ္။အာတီတာကလည္းသင္ယူေနတုန္းပါ။ဒါကသူ႔ရဲ႕ပထမဆုံးနည္းျပအလုပ္ဆိုေတာ့”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္အာဆင္နယ္ကစားသမားေဟာင္းဆစ္ဂနာကအာဆင္နယ္မွာယခုေႏြတြင္အေျပာင္းအေ႐ႊ႕စရိတ္ေပါင္သန္း၁၃၀အသုံးျပဳကာပရီးမီးယားလိဂ္တြင္ေငြသုံးအမ်ားဆုံးအသင္းအျဖစ္ရပ္တည္ေနေပမယ့္အေတြ႕အႀကဳံရွိကစားသမားမ်ားကိုမေခၚယူဘဲလူငယ္မ်ားကိုသာေခၚယူမႈအေပၚေဝဖန္ခဲ့ပါတယ္။

အာဆင္နယ္ဟာပရီးမီးယားလိဂ္အဖြင့္ပြဲႏွစ္ပြဲတြင္ႏွစ္ပြဲရႈံး၊ရဂိုးမရွိမႈနဲ႔အတူကလပ္ရဲ႕၁၁၈ႏွစ္သမိုင္းတြင္အဆိုး႐ြားဆုံးတာထြက္နဲ႔ႀကဳံေနရပါတယ္။