ချဲလ်ဆီးတွင်ဆက်ကစားကာ နေရာအတွက် တိုက်ပွဲဝင်မယ့် ဟတ်ဆင်အိုဒွိုင်း

ကယ်လမ်ဟတ်ဆင်အိုဒွိုင်းဟာချဲလ်ဆီးတွင်ဆက်ကစားကာနေရာအတွက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

ယင်းကဲ့သို့အလယ်တန်းတိုက်စစ်သမားကစတမ်းဖို့ဒ်ဘရစ်ချ်တွင်ဆက်လက်ကစားရန်ဆုံးဖြတ်လိုက်မှုကဘိုင်ယန်မှကင်စလေကိုးမန်းနှင့်အလဲအထပ်လုပ်ရန်စီစဉ်နေမှုမှာလည်းအဆုံးသတ်လာတော့မှာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာဟတ်ဆင်အိုဒွိုင်းကိုကာလရှည်ကြာခေါ်ယူလိုလာခဲ့တဲ့ကလပ်ဖြစ်ပြီးလူသိရှင်ကြားပြောဆိုဖူးပါတယ်။

ဒါကြောင့်လည်းချဲလ်ဆီးဟာဟတ်ဆင်အိုဒွိုင်းကိုလုပ်ခတိုးမြှင့်ကာ ၂၀၂၄ခုနှစ်အထိစာချုပ်အားချုပ်ဆိုခဲ့ပါတယ်။

ဒါပေမယ့်သူဟာနည်းပြသောမတ်စ်တူချယ်လက်အောက်မှာနေရာရရှိရန်ရုန်းကန်ရမှုနဲ့အတူအနာဂတ်မရေမရာဖြစ်နေပါတယ်။သို့ပေမယ့်အသက်၂၀နှစ်ရှိဟတ်ဆင်အိုဒွိုင်းကတော့ငယ်စဉ်ကတည်းကကစားလာခဲ့တဲ့ကလပ်မှထွက်ခွာရန်ဆန္ဒမရှိပါဘူး။

သူဟာကိုင်ဟာဗတ်ဇ်၊တီမိုဝါနာ၊ဇီယက်ချ်တို့ရောက်လာမှုနဲ့အတူချဲလ်ဆီးတွင်အခွင့်အရေးနည်းပါးလာခဲ့တာလည်းဖြစ်ပါတယ်။

တစ်ဖက်တွင်ချဲလ်ဆီးဟာတိုက်စစ်မှူးဝါနာရဲ့ဂိုးသွင်းခြေကျဆင်းမှုကြောင့်တိုက်စစ်မှူးတစ်ဦးခေါ်ယူရန်ပစ်မှတ်ထားနေပါတယ်။

ZawGyi

ခ်ဲလ္ဆီးတြင္ဆက္ကစားကာ ေနရာအတြက္ တိုက္ပြဲဝင္မယ့္ ဟတ္ဆင္အိုဒြိဳင္း

ကယ္လမ္ဟတ္ဆင္အိုဒြိဳင္းဟာခ်ဲလ္ဆီးတြင္ဆက္ကစားကာေနရာအတြက္တိုက္ပြဲဝင္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

ယင္းကဲ့သို႔အလယ္တန္းတိုက္စစ္သမားကစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ဆက္လက္ကစားရန္ဆုံးျဖတ္လိုက္မႈကဘိုင္ယန္မွကင္စေလကိုးမန္းႏွင့္အလဲအထပ္လုပ္ရန္စီစဥ္ေနမႈမွာလည္းအဆုံးသတ္လာေတာ့မွာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာဟတ္ဆင္အိုဒြိဳင္းကိုကာလရွည္ၾကာေခၚယူလိုလာခဲ့တဲ့ကလပ္ျဖစ္ၿပီးလူသိရွင္ၾကားေျပာဆိုဖူးပါတယ္။

ဒါေၾကာင့္လည္းခ်ဲလ္ဆီးဟာဟတ္ဆင္အိုဒြိဳင္းကိုလုပ္ခတိုးျမႇင့္ကာ ၂၀၂၄ခုႏွစ္အထိစာခ်ဳပ္အားခ်ဳပ္ဆိုခဲ့ပါတယ္။

ဒါေပမယ့္သူဟာနည္းျပေသာမတ္စ္တူခ်ယ္လက္ေအာက္မွာေနရာရရွိရန္႐ုန္းကန္ရမႈနဲ႔အတူအနာဂတ္မေရမရာျဖစ္ေနပါတယ္။သို႔ေပမယ့္အသက္၂၀ႏွစ္ရွိဟတ္ဆင္အိုဒြိဳင္းကေတာ့ငယ္စဥ္ကတည္းကကစားလာခဲ့တဲ့ကလပ္မွထြက္ခြာရန္ဆႏၵမရွိပါဘူး။

သူဟာကိုင္ဟာဗတ္ဇ္၊တီမိုဝါနာ၊ဇီယက္ခ်္တို႔ေရာက္လာမႈနဲ႔အတူခ်ဲလ္ဆီးတြင္အခြင့္အေရးနည္းပါးလာခဲ့တာလည္းျဖစ္ပါတယ္။

တစ္ဖက္တြင္ခ်ဲလ္ဆီးဟာတိုက္စစ္မႉးဝါနာရဲ႕ဂိုးသြင္းေျခက်ဆင္းမႈေၾကာင့္တိုက္စစ္မႉးတစ္ဦးေခၚယူရန္ပစ္မွတ္ထားေနပါတယ္။