ချဲလ်ဆီးတွင် ဂန္ထဝင်ကစားသမားဝတ်ဆင်ကစားခဲ့တဲ့ ကျောနံပါတ်ဖြင့် ဝတ်ဆင်ကစားလာမဲ့ မူဒရစ်

မိုင်ခေလိုမူဒရစ်ဟာချဲလ်ဆီးတွင်ဂန္ထဝင်ကစားသမားတစ်ဦးဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်ကိုဝတ်ဆင်ကစားလာတော့မှာဖြစ်ပါတယ်။

ချဲလ်ဆီးဟာမူဒရစ်ကိုရှက်တာဒိုးနက်စ်မှပေါင်၈၉သန်းဖြင့်၈နှစ်ခွဲစာချုပ်ဖြင့်ခေါ်ယူလိုက်တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာအသက်၂၂နှစ်ရှိကစားသမားအတွက်ပေါင်၆၂သန်းပေးရမှာဖြစ်ပြီးကျန်ပေါင်၂၇သန်းကိုအောင်မြင်မှုအပေါ်မူတည်ပြီးပေးရပါမယ်။

မူဒရစ်ဟာယခုရာသီတွင်ရှက်တာဒိုးနက်စ်အတွက်၁၈ပွဲကစားထားရာမှာ၁၈ဂိုးသွင်းထားသူဖြစ်ပြီးတနင်္ဂနွေနေ့ညတုန်းကခရစ္စတယ်ပဲလေ့စ်ကို၁-၀ဂိုးဖြင့်အနိုင်ရတဲ့ချဲလ်ဆီးရဲ့ပွဲစဉ်အားစတမ်းဖို့ဒ်ဘရစ်ချ် VIP Box သို့လာရောက်ကြည့်ရှုအားပေးခဲ့သူလည်းဖြစ်ပါတယ်။

ယခုအွန်လိုင်းတွင်ထွက်ပေါ်လာတဲ့ဓာတ်ပုံအရမူဒရစ်ဟာချဲလ်ဆီးတွင်ဂန္ထဝင်တိုက်စစ်မှူးဒီဒီယာဒရော့ဘာဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၁၅ကိုဝတ်ဆင်ကစားလာမှာဖြစ်ကြောင်းသိရပါတယ်။

ဒီဒီယာဒရော့ဘာဟာချဲလ်ဆီးတွင်ကစားတဲ့ပထမရှစ်နှစ်တွင်၃၄၁ပွဲကစားကာ၁၅၇ဂိုးသွင်းခဲ့ပါတယ်။သူဟာချဲလ်ဆီးသို့ဒုတိယအကြိမ်လာကစားချိန်တွင်ပွဲ၄၀ကစားပြီး၇ဂိုးသွင်းခဲ့ပါတယ်။

အိုင်ဗရီကို့စ်တိုက်စစ်မှူးဟာချဲလ်ဆီးတွင်စတုတ္ထဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်ခဲ့ပြီးချဲလ်ဆီးတွင်ကစားတဲ့၉နှစ်တာအတွင်းဖလားဗိုလ်လုပွဲ၉ပွဲတွင်၉ဂိုးသွင်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ချဲလ်ဆီးရဲ့ကျောနံပါတ်၁၅ကိုယခင်ဝတ်ဆင်ခဲ့သူမှာဇူးမားဖြစ်ပါတယ်။ဇူးမားမတိုင်မီမိုဟာမက်ဆာလက်နှင့်ကီဗင်ဒီဘရိုင်းတို့လည်းဝတ်ဆင်ခဲ့ကြပါတယ်။

ZawGyi

ခ်ဲလ္ဆီးတြင္ ဂႏၴဝင္ကစားသမားဝတ္ဆင္ကစားခဲ့တဲ့ ေက်ာနံပါတ္ျဖင့္ ဝတ္ဆင္ကစားလာမဲ့ မူဒရစ္

မိုင္ေခလိုမူဒရစ္ဟာခ်ဲလ္ဆီးတြင္ဂႏၴဝင္ကစားသမားတစ္ဦးဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္ကိုဝတ္ဆင္ကစားလာေတာ့မွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာမူဒရစ္ကိုရွက္တာဒိုးနက္စ္မွေပါင္၈၉သန္းျဖင့္၈ႏွစ္ခြဲစာခ်ဳပ္ျဖင့္ေခၚယူလိုက္တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာအသက္၂၂ႏွစ္ရွိကစားသမားအတြက္ေပါင္၆၂သန္းေပးရမွာျဖစ္ၿပီးက်န္ေပါင္၂၇သန္းကိုေအာင္ျမင္မႈအေပၚမူတည္ၿပီးေပးရပါမယ္။

မူဒရစ္ဟာယခုရာသီတြင္ရွက္တာဒိုးနက္စ္အတြက္၁၈ပြဲကစားထားရာမွာ၁၈ဂိုးသြင္းထားသူျဖစ္ၿပီးတနဂၤေႏြေန႔ညတုန္းကခရစၥတယ္ပဲေလ့စ္ကို၁-၀ဂိုးျဖင့္အႏိုင္ရတဲ့ခ်ဲလ္ဆီးရဲ႕ပြဲစဥ္အားစတမ္းဖို႔ဒ္ဘရစ္ခ်္ VIP Box သို႔လာေရာက္ၾကည့္ရႈအားေပးခဲ့သူလည္းျဖစ္ပါတယ္။

ယခုအြန္လိုင္းတြင္ထြက္ေပၚလာတဲ့ဓာတ္ပုံအရမူဒရစ္ဟာခ်ဲလ္ဆီးတြင္ဂႏၴဝင္တိုက္စစ္မႉးဒီဒီယာဒေရာ့ဘာဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၁၅ကိုဝတ္ဆင္ကစားလာမွာျဖစ္ေၾကာင္းသိရပါတယ္။

ဒီဒီယာဒေရာ့ဘာဟာခ်ဲလ္ဆီးတြင္ကစားတဲ့ပထမရွစ္ႏွစ္တြင္၃၄၁ပြဲကစားကာ၁၅၇ဂိုးသြင္းခဲ့ပါတယ္။သူဟာခ်ဲလ္ဆီးသို႔ဒုတိယအႀကိမ္လာကစားခ်ိန္တြင္ပြဲ၄၀ကစားၿပီး၇ဂိုးသြင္းခဲ့ပါတယ္။

အိုင္ဗရီကို႔စ္တိုက္စစ္မႉးဟာခ်ဲလ္ဆီးတြင္စတုတၳဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ခဲ့ၿပီးခ်ဲလ္ဆီးတြင္ကစားတဲ့၉ႏွစ္တာအတြင္းဖလားဗိုလ္လုပြဲ၉ပြဲတြင္၉ဂိုးသြင္းႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးရဲ႕ေက်ာနံပါတ္၁၅ကိုယခင္ဝတ္ဆင္ခဲ့သူမွာဇူးမားျဖစ္ပါတယ္။ဇူးမားမတိုင္မီမိုဟာမက္ဆာလက္ႏွင့္ကီဗင္ဒီဘ႐ိုင္းတို႔လည္းဝတ္ဆင္ခဲ့ၾကပါတယ္။