
ချဲလ်ဆီးစတားဟောင်းဂျွန်အိုဘီမီခေးလ်ဟာသူကစားခဲ့သမျှအသင်းများတွင်ကြုံတွေ့ခဲ့တဲ့အပျင်းဆုံးကစားဖော်ဟောင်းကဘယ်သူလဲဆိုတာဖွင့်ဟလာပါတယ်။
နိုင်ဂျီးရီးယားအသင်းခေါင်းဆောင်ဟောင်းဟာချဲလ်ဆီးအသင်းတွင်၂၀၀၆ခုနှစ်မှ၂၀၁၇ခုနှစ်အထိကစားခဲ့ဖူးသူလည်းဖြစ်ပါတယ်။
သူဟာချဲလ်ဆီးတွင်ကစားစဉ်တုန်းကကမ္ဘာ့အကောင်းဆုံးကစားသမားများနှင့်အတူတွဲကစားခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမဲ့ Dubai Eye 103.8ရဲ့ရေဒီယိုအစီအစဉ်တွင်ဂျွန်အိုဘီမီခေးလ်က”ချဲလ်ဆီးကိုမပြောင်းခင်အထိအဲဒီကိုရောက်ဖို့အထိဘယ်လောက်အထိလေ့ကျင့်ခန်းဆင်းရမလဲမသိခဲ့ဘူး။လေ့ကျင့်ခန်းဆင်းတဲ့အတိုင်းကစားကြတာ။လေပေါ်ပျံဝဲဖျက်ထုတ်ကြတယ်။လေ့ကျင့်ရေးကွင်းမှာရန်ပွဲတွေကနေ့တိုင်းကြုံရတယ်။ကစားသမားတိုင်းကရက်သတ္တပတ်အကုန်ပွဲမှာပါချင်တိုင်းလေ့ကျင့်ရေးကွင်းမှာဘောက်ဆင်သမားလိုတိုက်ပွဲဝင်ရတယ်။လေ့ကျင့်ခန်းမဆင်းသူအတွက်နေရာမရှိဘူး။ဒါပေမဲ့လေ့ကျင့်ခန်းမဆင်းတဲ့တစ်ယောက်တော့ရှိတယ်။အေဒင်ဟာဇက်ပါ။သူကဘယ်တုန်းကမှလေ့ကျင့်ခန်းမလုပ်ဘူး။ကျွန်တော့်ဘဝမှာမြင်ဖူးသမျှကစားသမားတွေထဲမှာအပျင်းဆုံးကစားသမားပါ။ဒါပေမဲ့ရက်သတ္တပတ်ကုန်ရင်တော့သူလုပ်ပြလိုက်တာပဲ။အကောင်းဆုံးကစားသမားကသူပဲ”လို့ပြောကြားသွားပါတယ်။
ဒါ့အပြင်ဂျွန်အိုဘီမီခေးလ်ကရီးရဲလ်မက်ဒရစ်တွင်အေဒင်ဟာဇက်ရုန်းကန်နေရခြင်းမှာအစားအသောက်မဆင်ခြင်မှုကြောင့်ဖြစ်ကြောင်းဆိုသွားပါတယ်။
၎င်းက “အခုသူ့ကိုကြည့်လိုက်ရင်ဝိတ်ကျသွားတာတွေ့လိမ့်မယ်။ဒါပေမဲ့ချဲလ်ဆီးမှာတုန်းကြည့်လိုက်။ပွဲမတိုင်ခင်ညတွေမှာသူကမိနစ်၂၀တိုင်းထမင်းပူတင်းတွေစားနေတာ။သူကအစားအသောက်ခုံမင်တယ်။ဒါပေမဲ့သူကစောစောအိပ်တယ်။စောစောထတယ်။ကျွန်တော်တို့ကသူ့ကိုလေ့ကျင့်ရေးအစီအစဉ်မှာသူ့လုပ်ချင်သလိုလုပ်ခွင့်ပေးတယ်။လေ့ကျင့်ရေးအစီအစဉ်စရင်သူမတ်တပ်ရပ်နေတယ်။တစ်နေရာတည်းမှာကစားတယ်။ပြောရရင်သူက’ငါ့ဆီဘောလုံးပေး’ဆိုပြီးစောင့်နေသလိုပဲ။ကျုပ်တို့ကလည်း ‘မင်းမပြေးရင်းမင်းဆီမပေးဘူး’ဆိုပြီးလုပ်ကြတယ်။လေ့ကျင့်ရေးပြီးရင်သူပြန်တယ်။ဒါပေမဲ့ရက်သတ္တပတ်ကုန်ရင်သူလုပ်ပြပြန်တာပဲ”လို့ပြောကြားသွားပါတယ်။
အသက်၃၅နှစ်ရှိမီခေးလ်ဟာစတုတ်နှင့်အတူချန်ပီယံရှစ်တွင်တစ်ရာသီကစားပြီးနောက်ကူဝိတ်တွင်ကာလတိုကစားပြီးနောက်ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကကစားသမားဘဝမှအနားယူခဲ့ပါတယ်။
သူဟာချဲလ်ဆီးတွင်ကစားစဉ်တုန်းက၂၀၁၂ခုနှစ်ချန်ပီယံလိဂ်ဖလားအပါအဝင်အဓိကဆုဖလား၁၀ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ZawGyi
ခ်ဲလ္ဆီးတြင္ ဆုံေတြ႕ခဲ့တဲ့ ကမာၻ႔အပ်င္းဆုံးေဘာလုံးသမားကို ဂြၽန္အိုဘီမီေခးလ္ဖြင့္ဟလာ
ခ်ဲလ္ဆီးစတားေဟာင္းဂြၽန္အိုဘီမီေခးလ္ဟာသူကစားခဲ့သမွ်အသင္းမ်ားတြင္ႀကဳံေတြ႕ခဲ့တဲ့အပ်င္းဆုံးကစားေဖာ္ေဟာင္းကဘယ္သူလဲဆိုတာဖြင့္ဟလာပါတယ္။
ႏိုင္ဂ်ီးရီးယားအသင္းေခါင္းေဆာင္ေဟာင္းဟာခ်ဲလ္ဆီးအသင္းတြင္၂၀၀၆ခုႏွစ္မွ၂၀၁၇ခုႏွစ္အထိကစားခဲ့ဖူးသူလည္းျဖစ္ပါတယ္။
သူဟာခ်ဲလ္ဆီးတြင္ကစားစဥ္တုန္းကကမာၻ႔အေကာင္းဆုံးကစားသမားမ်ားႏွင့္အတူတြဲကစားခဲ့တာလည္းျဖစ္ပါတယ္။
ဒါေပမဲ့ Dubai Eye 103.8ရဲ႕ေရဒီယိုအစီအစဥ္တြင္ဂြၽန္အိုဘီမီေခးလ္က”ခ်ဲလ္ဆီးကိုမေျပာင္းခင္အထိအဲဒီကိုေရာက္ဖို႔အထိဘယ္ေလာက္အထိေလ့က်င့္ခန္းဆင္းရမလဲမသိခဲ့ဘူး။ေလ့က်င့္ခန္းဆင္းတဲ့အတိုင္းကစားၾကတာ။ေလေပၚပ်ံဝဲဖ်က္ထုတ္ၾကတယ္။ေလ့က်င့္ေရးကြင္းမွာရန္ပြဲေတြကေန႔တိုင္းႀကဳံရတယ္။ကစားသမားတိုင္းကရက္သတၱပတ္အကုန္ပြဲမွာပါခ်င္တိုင္းေလ့က်င့္ေရးကြင္းမွာေဘာက္ဆင္သမားလိုတိုက္ပြဲဝင္ရတယ္။ေလ့က်င့္ခန္းမဆင္းသူအတြက္ေနရာမရွိဘူး။ဒါေပမဲ့ေလ့က်င့္ခန္းမဆင္းတဲ့တစ္ေယာက္ေတာ့ရွိတယ္။ေအဒင္ဟာဇက္ပါ။သူကဘယ္တုန္းကမွေလ့က်င့္ခန္းမလုပ္ဘူး။ကြၽန္ေတာ့္ဘဝမွာျမင္ဖူးသမွ်ကစားသမားေတြထဲမွာအပ်င္းဆုံးကစားသမားပါ။ဒါေပမဲ့ရက္သတၱပတ္ကုန္ရင္ေတာ့သူလုပ္ျပလိုက္တာပဲ။အေကာင္းဆုံးကစားသမားကသူပဲ”လို႔ေျပာၾကားသြားပါတယ္။
ဒါ့အျပင္ဂြၽန္အိုဘီမီေခးလ္ကရီးရဲလ္မက္ဒရစ္တြင္ေအဒင္ဟာဇက္႐ုန္းကန္ေနရျခင္းမွာအစားအေသာက္မဆင္ျခင္မႈေၾကာင့္ျဖစ္ေၾကာင္းဆိုသြားပါတယ္။
၎က “အခုသူ႔ကိုၾကည့္လိုက္ရင္ဝိတ္က်သြားတာေတြ႕လိမ့္မယ္။ဒါေပမဲ့ခ်ဲလ္ဆီးမွာတုန္းၾကည့္လိုက္။ပြဲမတိုင္ခင္ညေတြမွာသူကမိနစ္၂၀တိုင္းထမင္းပူတင္းေတြစားေနတာ။သူကအစားအေသာက္ခုံမင္တယ္။ဒါေပမဲ့သူကေစာေစာအိပ္တယ္။ေစာေစာထတယ္။ကြၽန္ေတာ္တို႔ကသူ႔ကိုေလ့က်င့္ေရးအစီအစဥ္မွာသူ႔လုပ္ခ်င္သလိုလုပ္ခြင့္ေပးတယ္။ေလ့က်င့္ေရးအစီအစဥ္စရင္သူမတ္တပ္ရပ္ေနတယ္။တစ္ေနရာတည္းမွာကစားတယ္။ေျပာရရင္သူက’ငါ့ဆီေဘာလုံးေပး’ဆိုၿပီးေစာင့္ေနသလိုပဲ။က်ဳပ္တို႔ကလည္း ‘မင္းမေျပးရင္းမင္းဆီမေပးဘူး’ဆိုၿပီးလုပ္ၾကတယ္။ေလ့က်င့္ေရးၿပီးရင္သူျပန္တယ္။ဒါေပမဲ့ရက္သတၱပတ္ကုန္ရင္သူလုပ္ျပျပန္တာပဲ”လို႔ေျပာၾကားသြားပါတယ္။
အသက္၃၅ႏွစ္ရွိမီေခးလ္ဟာစတုတ္ႏွင့္အတူခ်န္ပီယံရွစ္တြင္တစ္ရာသီကစားၿပီးေနာက္ကူဝိတ္တြင္ကာလတိုကစားၿပီးေနာက္ၿပီးခဲ့တဲ့စက္တင္ဘာလတုန္းကကစားသမားဘဝမွအနားယူခဲ့ပါတယ္။
သူဟာခ်ဲလ္ဆီးတြင္ကစားစဥ္တုန္းက၂၀၁၂ခုႏွစ္ခ်န္ပီယံလိဂ္ဖလားအပါအဝင္အဓိကဆုဖလား၁၀ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။