ချဲလ်ဆီးတွင် ရာသီအကုန်အထိ ဆက်ရှိနိုင်ကြောင်း ဂီရောက် ဖွင့်ဟလာ

ချဲလ်ဆီးတိုက်စစ်မှူးအိုလီဗီယာဂီရောက်ကဇန်နဝါရီအပြောင်းအရွှေ့တွင်ချဲလ်ဆီးမှထွက်ခွာရေးကြိုးပမ်း သွားဖွယ် မရှိကြောင်းအရိပ်အမြွက်ပြောကြားလာပါတယ်။

ယခုရာသီအစောပိုင်းတုန်းကဂီရောက်ဟာပွဲကစားခွင့်ရရှိမှုနည်းပါးမှုနဲ့အတူလာမယ့်နွေရာသီယူရို၂၀၂၀ပြိုင်ပွဲကို လွဲချော်နိုင်တဲ့အနေအထားကြောင့်ဇန်နဝါရီတွင်အသင်းပြောင်းနိုင်ကြောင်းဖွင့်ဟခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ ဂီရောက်ဟာချဲလ်ဆီးမှာပွဲကစားခွင့်ပိုမိုရရှိလာပြီးပရီးမီးယားလိဂ်နှင့်ချန်ပီယံလိဂ်နောက် ဆုံး၇ပွဲကစားထားရာမှာ၈ဂိုးအထိသွင်းယူထားနိုင်ပါတယ်။ ယင်းသို့နေရာရရှိလာတဲ့အပြင်ဂိုးလည်းသွင်းနိုင်မှုနဲ့အ တူဇန်နဝါရီတွင်သူထွက်ခွာနိုင်တဲ့သတင်းကလည်းအဆုံးသတ်လာခဲ့ပါတယ်။

ယခုအခါဂီရောက်ကိုယ်တိုင်က “ဒီကိန်းဂဏန်းတွေကြောင့်ဝမ်းသာပါတယ်။ကွင်းထဲသို့ရောက်နေတဲ့အချိန်မှာကျွန် တော်ကအပျော်ဆုံးလူသားပါ။လာမယ့်လအနည်းငယ်အတွင်းမှာဘာဖြစ်လာမလဲကြည့်ရပါမယ်။ဒါပေမယ့်အသင်း အတွက်ကျွန်တော်လုပ်နိုင်မှုအမြင့်မားဆုံးဖြစ်ချင်ပါတယ်။ဒီအသင်းအတွက်ကျွန်တော့်ဘက်ကအကောင်းဆုံးလုပ် ပေးချင်ပါတယ်။ဒီကြီးကျယ်တဲ့လူအင်အားနဲ့ချဲလ်ဆီးမှာတစ်ခုခုအောင်မြင်နိုင်တယ်လို့ယုံကြည်နေပါတယ်”လို့ ပြောကြားသွားပါတယ်။

ZawGyi

ခ်ဲလ္ဆီးတြင္ ရာသီအကုန္အထိ ဆက္ရွိႏိုင္ေၾကာင္း ဂီေရာက္ ဖြင့္ဟလာ

ခ်ဲလ္ဆီးတိုက္စစ္မႉးအိုလီဗီယာဂီေရာက္ကဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ခ်ဲလ္ဆီးမွထြက္ခြာေရးႀကိဳးပမ္း သြားဖြယ္ မရွိေၾကာင္းအရိပ္အႁမြက္ေျပာၾကားလာပါတယ္။

ယခုရာသီအေစာပိုင္းတုန္းကဂီေရာက္ဟာပြဲကစားခြင့္ရရွိမႈနည္းပါးမႈနဲ႔အတူလာမယ့္ေႏြရာသီယူ႐ို၂၀၂၀ၿပိဳင္ပြဲကို လြဲေခ်ာ္ႏိုင္တဲ့အေနအထားေၾကာင့္ဇန္နဝါရီတြင္အသင္းေျပာင္းႏိုင္ေၾကာင္းဖြင့္ဟခဲ့ပါတယ္။

ဒါေပမယ့္ ေနာက္ပိုင္းမွာ ဂီေရာက္ဟာခ်ဲလ္ဆီးမွာပြဲကစားခြင့္ပိုမိုရရွိလာၿပီးပရီးမီးယားလိဂ္ႏွင့္ခ်န္ပီယံလိဂ္ေနာက္ ဆုံး၇ပြဲကစားထားရာမွာ၈ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။ ယင္းသို႔ေနရာရရွိလာတဲ့အျပင္ဂိုးလည္းသြင္းႏိုင္မႈနဲ႔အ တူဇန္နဝါရီတြင္သူထြက္ခြာႏိုင္တဲ့သတင္းကလည္းအဆုံးသတ္လာခဲ့ပါတယ္။

ယခုအခါဂီေရာက္ကိုယ္တိုင္က “ဒီကိန္းဂဏန္းေတြေၾကာင့္ဝမ္းသာပါတယ္။ကြင္းထဲသို႔ေရာက္ေနတဲ့အခ်ိန္မွာကြၽန္ ေတာ္ကအေပ်ာ္ဆုံးလူသားပါ။လာမယ့္လအနည္းငယ္အတြင္းမွာဘာျဖစ္လာမလဲၾကည့္ရပါမယ္။ဒါေပမယ့္အသင္း အတြက္ကြၽန္ေတာ္လုပ္ႏိုင္မႈအျမင့္မားဆုံးျဖစ္ခ်င္ပါတယ္။ဒီအသင္းအတြက္ကြၽန္ေတာ့္ဘက္ကအေကာင္းဆုံးလုပ္ ေပးခ်င္ပါတယ္။ဒီႀကီးက်ယ္တဲ့လူအင္အားနဲ႔ခ်ဲလ္ဆီးမွာတစ္ခုခုေအာင္ျမင္ႏိုင္တယ္လို႔ယုံၾကည္ေနပါတယ္”လို႔ ေျပာၾကားသြားပါတယ္။