ချဲလ်ဆီးတွင် ရုန်းကန်နေရမှုကြောင့် အနာဂတ်ကို ဇီယက်ချ်စဉ်းစားလာ

ဟာကမ်ဇီယက်ချ်ဟာချဲလ်ဆီးတွင်အကောင်းဆုံးခြေစွမ်းရရှိရန်ရုန်းကန်ရမှုကြောင့်ချဲလ်ဆီးအနာဂတ်ကို စဉ်းစားလျက်ရှိကြောင်းသိရပါတယ်။

အသက်၂၇နှစ်ရှိမော်ရိုကိုလက်ရွေးစင်ကစားသမားဟာယခုရာသီတွင်ချဲလ်ဆီးအတွက်ပရီးမီးယားလိဂ်ပွဲ၁၁ပွဲတည်းသာကစားခွင့်ရထားပါတယ်။

Corriere dello Sport သတင်းစာကဇီယက်ချ်ဟာနည်းပြသစ်သောမတ်စ်တူချယ်ရဲ့အစီအစဉ်တွင်မပါဝင်ဘူးလို့ ခံစားနေရပြီးလာမယ့်ရာသီအထိဆက်လက်နေရာပျောက်လာမှာကိုစိုးရိမ်နေပါတယ်။

ဒါကြောင့်လည်းသူဟာအနာဂတ်နဲ့ပတ်သက်ပြီးစီမံခန့်ခွဲရေးဒါရိုက်တာမာရီနာဂရာနိုစကီယားနှင့်တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ရန်စီစဉ်ထားပါတယ်။

ဇီယက်ချ်ဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကအေဂျက်စ်မှပြောင်းရွှေ့ကြေးပေါင်၃၇သန်းဖြင့် ရောက်လာသူဖြစ်ပါတယ်။

သူဟာချဲလ်ဆီးသို့ရောက်လာပြီးနောက်ဒဏ်ရာပြဿနာများနှင့်ရုန်းကန်နေခဲ့ရတဲ့အပြင်ပရီးမီးယားလိဂ်ကစားဟန်နှင့်လည်းအသားမကျဖြစ်နေပါတယ်။

တောင်ပံကစားသမားမှာခြေစွမ်းပြကစားနိုင်ရန်ရုန်းကန်နေရသော်လည်း၎င်းကိုခေါ်ယူရေးအတွက်ဂျူဗင်တပ်၊အေစီမီလန်တို့ကစိတ်ဝင်စားနေပါတယ်။

ဇီယက်ချ်ဟာဖော်ရွေပြီးလေ့ကျင့်ခန်းကိုကြိုးစားလုပ်မှုကြောင့်ချဲလ်ဆီးကစားသမားများရဲ့ချစ်ခင်မှုရရှိတဲ့အပြင်ဩဇာလွှမ်းမိုးမှုလည်းအတိုင်းအတာတစ်ခုအထိရှိသူဖြစ်ပါတယ်။

လက်ရှိအချိန်မှာတူချယ်ကတော့ဇီယက်ချ်ကိုပရီးမီးယားလိဂ်ရဲ့စိန်ခေါ်မှုကိုလက်ခံကာအံဝင်အောင်ကြိုးပမ်းရန် တိုက်တွန်းထားပါတယ်။

ဂျာမန်လူမျိုးနည်းပြက “သူဟာကစားဟန်သစ်၊လိဂ်သစ်နဲ့အသားကျဖို့လိုနေတယ်ဆိုတယ်လို့ကျွန်တော် ထင်တယ်။သူကဒတ်ချ်လိဂ်ကနေလာတာ။တောင့်တင်းတဲ့အေဂျက်စ်အသင်းမှာကစားခဲ့တယ်။ဒါပေမယ့်သူတို့ကအဲဒီလိဂ်မှာစံနမူပါ။ဒါပေမယ့်ဒီမှာလိုယှဉ်ပြိုင်မှုမျိုးမရှိပါဘူး။သူလည်းအံဝင်ဖို့ကြိုးစားနေပါတယ်။သူ့မှာပွဲကိုအဆုံး အဖြတ်ပေးနိုင်တဲ့အရည်အသွေးတွေရှိပါတယ်။ဘယ်ပွဲမှာမဆိုအပြောင်းအလဲလုပ်နိုင်တဲ့အရည်အသွေးရှိပါတယ်။သူဟာအေဂျက်စ်မှာလည်းပြသခဲ့ပြီးပါပြီ။ကျွန်တော်တို့ကတော့သူ့ကိုအရင်အဆင့်မျိုးခြေစွမ်းပြနိုင်ဖို့တွန်းအားပေး သွားပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ခ်ဲလ္ဆီးတြင္ ႐ုန္းကန္ေနရမႈေၾကာင့္ အနာဂတ္ကို ဇီယက္ခ်္စဥ္းစားလာ

ဟာကမ္ဇီယက္ခ်္ဟာခ်ဲလ္ဆီးတြင္အေကာင္းဆုံးေျခစြမ္းရရွိရန္႐ုန္းကန္ရမႈေၾကာင့္ခ်ဲလ္ဆီးအနာဂတ္ကို စဥ္းစားလ်က္ရွိေၾကာင္းသိရပါတယ္။

အသက္၂၇ႏွစ္ရွိေမာ္႐ိုကိုလက္ေ႐ြးစင္ကစားသမားဟာယခုရာသီတြင္ခ်ဲလ္ဆီးအတြက္ပရီးမီးယားလိဂ္ပြဲ၁၁ပြဲတည္းသာကစားခြင့္ရထားပါတယ္။

Corriere dello Sport သတင္းစာကဇီယက္ခ်္ဟာနည္းျပသစ္ေသာမတ္စ္တူခ်ယ္ရဲ႕အစီအစဥ္တြင္မပါဝင္ဘူးလို႔ ခံစားေနရၿပီးလာမယ့္ရာသီအထိဆက္လက္ေနရာေပ်ာက္လာမွာကိုစိုးရိမ္ေနပါတယ္။

ဒါေၾကာင့္လည္းသူဟာအနာဂတ္နဲ႔ပတ္သက္ၿပီးစီမံခန႔္ခြဲေရးဒါ႐ိုက္တာမာရီနာဂရာႏိုစကီယားႏွင့္ေတြ႕ဆုံေဆြးေႏြးမႈလုပ္ေဆာင္ရန္စီစဥ္ထားပါတယ္။

ဇီယက္ခ်္ဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကေအဂ်က္စ္မွေျပာင္းေ႐ႊ႕ေၾကးေပါင္၃၇သန္းျဖင့္ ေရာက္လာသူျဖစ္ပါတယ္။

သူဟာခ်ဲလ္ဆီးသို႔ေရာက္လာၿပီးေနာက္ဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္ေနခဲ့ရတဲ့အျပင္ပရီးမီးယားလိဂ္ကစားဟန္ႏွင့္လည္းအသားမက်ျဖစ္ေနပါတယ္။

ေတာင္ပံကစားသမားမွာေျခစြမ္းျပကစားႏိုင္ရန္႐ုန္းကန္ေနရေသာ္လည္း၎ကိုေခၚယူေရးအတြက္ဂ်ဴဗင္တပ္၊ေအစီမီလန္တို႔ကစိတ္ဝင္စားေနပါတယ္။

ဇီယက္ခ်္ဟာေဖာ္ေ႐ြၿပီးေလ့က်င့္ခန္းကိုႀကိဳးစားလုပ္မႈေၾကာင့္ခ်ဲလ္ဆီးကစားသမားမ်ားရဲ႕ခ်စ္ခင္မႈရရွိတဲ့အျပင္ဩဇာလႊမ္းမိုးမႈလည္းအတိုင္းအတာတစ္ခုအထိရွိသူျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာတူခ်ယ္ကေတာ့ဇီယက္ခ်္ကိုပရီးမီးယားလိဂ္ရဲ႕စိန္ေခၚမႈကိုလက္ခံကာအံဝင္ေအာင္ႀကိဳးပမ္းရန္ တိုက္တြန္းထားပါတယ္။

ဂ်ာမန္လူမ်ိဳးနည္းျပက “သူဟာကစားဟန္သစ္၊လိဂ္သစ္နဲ႔အသားက်ဖို႔လိုေနတယ္ဆိုတယ္လို႔ကြၽန္ေတာ္ ထင္တယ္။သူကဒတ္ခ်္လိဂ္ကေနလာတာ။ေတာင့္တင္းတဲ့ေအဂ်က္စ္အသင္းမွာကစားခဲ့တယ္။ဒါေပမယ့္သူတို႔ကအဲဒီလိဂ္မွာစံနမူပါ။ဒါေပမယ့္ဒီမွာလိုယွဥ္ၿပိဳင္မႈမ်ိဳးမရွိပါဘူး။သူလည္းအံဝင္ဖို႔ႀကိဳးစားေနပါတယ္။သူ႔မွာပြဲကိုအဆုံး အျဖတ္ေပးႏိုင္တဲ့အရည္အေသြးေတြရွိပါတယ္။ဘယ္ပြဲမွာမဆိုအေျပာင္းအလဲလုပ္ႏိုင္တဲ့အရည္အေသြးရွိပါတယ္။သူဟာေအဂ်က္စ္မွာလည္းျပသခဲ့ၿပီးပါၿပီ။ကြၽန္ေတာ္တို႔ကေတာ့သူ႔ကိုအရင္အဆင့္မ်ိဳးေျခစြမ္းျပႏိုင္ဖို႔တြန္းအားေပး သြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။