ချဲလ်ဆီးတွင် ၂၀၂၄ ခုနှစ်အထိ ဆက်ရှိနေမဲ့ ဘရာဇီးနောက်ခံလူတီယာဂိုဆေးလ်ဗား

ချဲလ်ဆီးရဲ့တီယာဂိုဆေးလ်ဗားဟာကလပ်နှင့်တစ်နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုပြီးနောက်စတမ်းဖို့ဒ်ဘရစ်ချ်တွင်၂၀၂၄ခုနှစ်အထိရှိနေတော့မှာဖြစ်ပါတယ်။

အသက်၃၈နှစ်ရှိဗဟိုနောက်ခံလူဟာ၂၀၂၀ခုနှစ်တုန်းကပီအက်စ်ဂျီမှထွက်ခွာလာပြီးနောက်ချဲလ်ဆီးသို့ပြောင်းလာသူဖြစ်ပြီးပထမရာသီတွင်ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်အောင်ကူညီနိုင်ခဲ့ပါတယ်။

သူဟာချဲလ်ဆီးအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၁၀၆ပွဲကစားထားပြီးအက်ဖ်အေဖလားဗိုလ်လုပွဲသို့နှစ်ကြိမ်၊ခါရာဘောင်ဖလားဗိုလ်လုပွဲသို့တစ်ကြိမ်လည်းပို့ဆောင်ပေးထားနိုင်ပါတယ်။

ဆေးလ်ဗားက “ချဲလ်ဆီးနဲ့စာချုပ်ချုပ်ဆိုပြီးဆက်နေခွင့်ရတာတကယ့်ကိုစပါယ်ရှယ်အခိုက်အတန့်ပါ။ပထမစာချုပ်ချုပ်ဆိုတုန်းတစ်နှစ်ကစားရုံပါ။အခုတော့လေးနှစ်ရှိလာပါပြီ”လို့ပြောကြားသွားပါတယ်။

ZawGyi

ခ်ဲလ္ဆီးတြင္ ၂၀၂၄ ခုႏွစ္အထိ ဆက္ရွိေနမဲ့ ဘရာဇီးေနာက္ခံလူတီယာဂိုေဆးလ္ဗား

ခ်ဲလ္ဆီးရဲ႕တီယာဂိုေဆးလ္ဗားဟာကလပ္ႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုၿပီးေနာက္စတမ္းဖို႔ဒ္ဘရစ္ခ်္တြင္၂၀၂၄ခုႏွစ္အထိရွိေနေတာ့မွာျဖစ္ပါတယ္။

အသက္၃၈ႏွစ္ရွိဗဟိုေနာက္ခံလူဟာ၂၀၂၀ခုႏွစ္တုန္းကပီအက္စ္ဂ်ီမွထြက္ခြာလာၿပီးေနာက္ခ်ဲလ္ဆီးသို႔ေျပာင္းလာသူျဖစ္ၿပီးပထမရာသီတြင္ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ေအာင္ကူညီႏိုင္ခဲ့ပါတယ္။

သူဟာခ်ဲလ္ဆီးအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၁၀၆ပြဲကစားထားၿပီးအက္ဖ္ေအဖလားဗိုလ္လုပြဲသို႔ႏွစ္ႀကိမ္၊ခါရာေဘာင္ဖလားဗိုလ္လုပြဲသို႔တစ္ႀကိမ္လည္းပို႔ေဆာင္ေပးထားႏိုင္ပါတယ္။

ေဆးလ္ဗားက “ခ်ဲလ္ဆီးနဲ႔စာခ်ဳပ္ခ်ဳပ္ဆိုၿပီးဆက္ေနခြင့္ရတာတကယ့္ကိုစပါယ္ရွယ္အခိုက္အတန႔္ပါ။ပထမစာခ်ဳပ္ခ်ဳပ္ဆိုတုန္းတစ္ႏွစ္ကစား႐ုံပါ။အခုေတာ့ေလးႏွစ္ရွိလာပါၿပီ”လို႔ေျပာၾကားသြားပါတယ္။