
ဂျော်ဂျင်ဟိုရဲ့အေးဂျင့်ကချဲလ်ဆီးထံမှစာချုပ်သစ်ကမ်းလှမ်းမှုပြုလုပ်ထားကြောင်း၊သို့ရာတွင်အီတလီစတားမှာနာပိုလီသို့ပြန်လည်ပြောင်းရွှေ့ကစားရန်ဆန္ဒရှိနေကြောင်းဝန်ခံသွားပါတယ်။
ဘရာဇီးဖွားအီတလီလက်ရွေးစင်ဟာယခုရာသီအကုန်တွင်ချဲလ်ဆီးနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးဇန်နဝါရီလမှစတင်ကာနိုင်ငံခြားကလပ်နှင့်အကြိုစာချုပ်ချုပ်ဆိုထားနိုင်သူလည်းဖြစ်ပါတယ်။
သူ့ကိုနယူးကာဆယ်ကခေါ်ယူရန်စိတ်ဝင်စားနေသလိုဂျူဗင်တပ်နှင့်ဘာစီလိုနာတို့ကလည်းစိတ်ဝင်စားနေကြပါတယ်။
ဒါပေမဲ့ချဲလ်ဆီးကသူ့ကိုစတမ်းဖို့ဒ်ဘရစ်ချ်တွင်ဆက်လက်ထိန်းထားလိုနေပြီးစာချုပ်သက်တမ်းတိုးရန်ကမ်းလှမ်းမှုပြုလုပ်ထားပြီးဖြစ်ပါတယ်။
ဂျော်ဂျင်ဟိုရဲ့အေးဂျင့်ဂျိုအာအိုဆန်းတို့စ်က “ဂျော်ဂျင်ဟိုရဲ့စာချုပ်ကဇွန်လ၃၀မှာကုန်မယ်။စာချုပ်သစ်ကမ်းလှမ်းမှုရထားတယ်။ကျွန်တော်တို့ကလည်းချဲလ်ဆီးကိုပဲအဓိကထားစဉ်းစားလာပါမယ်။နာပိုလီကလည်းကျွန်တော်တို့ရဲ့အိမ်(အီတလီမှာဆို)လိုပဲ။ဂမ်တိုလီကကစားသမားကိုအရမ်းချီးကျူးတယ်။ကျွန်တော်တို့အတွက်အထူးစပါယ်ရှယ်(နာပိုလီ)နေရာပါ။စိတ်ဝင်စားမှုအသစ်ရှိလာရင်ပျော်ပါမယ်။အခုအချိန်မှာတော့နာပိုလီဘက်ကမဆက်သွယ်သေးပါဘူး”လို့ပြောကြားသွားပါတယ်။
ဂျော်ဂျင်ဟိုဟာဗီရိုနာနှင့်အတူသူ့အီတလီကစားသမားဘဝကိုစတင်ခဲ့ပြီး၂၀၁၄ခုနှစ်၊ဇန်နဝါရီလတွင်နာပိုလီသို့ပြောင်းခဲ့ပါတယ်။
သူဟာ၂၀၁၈ခုနှစ်မှာနာပိုလီမှချဲလ်ဆီးသို့ပေါင်၅၇.၄သန်းဖြင့်ပြောင်းခဲ့ပြီးချန်ပီယံလိဂ်ဖလား၊ယူရိုပါလိဂ်ဖလား၊ဖီဖာကမ္ဘာ့ကလပ်ဖလားနှင့်ယူအီးအက်ဖ်အေစူပါဖလားတို့ဆွတ်ခူးထားနိုင်ပါတယ်။သူဟာချဲလ်ဆီးအတွက်ပရီးမီးယားလိဂ်ပွဲ၁၂၁ပွဲကစားထားရာမှာ၂၁ဂိုးသွင်းထားနိုင်ပါတယ်။
ZawGyi
ခ်ဲလ္ဆီးထံမွ စာခ်ဳပ္သစ္ကမ္းလွမ္းမႈ ရရွိထားေၾကာင္း ေဂ်ာ္ဂ်င္ဟိုရဲ႕ေအးဂ်င့္အတည္ျပဳ
ေဂ်ာ္ဂ်င္ဟိုရဲ႕ေအးဂ်င့္ကခ်ဲလ္ဆီးထံမွစာခ်ဳပ္သစ္ကမ္းလွမ္းမႈျပဳလုပ္ထားေၾကာင္း၊သို႔ရာတြင္အီတလီစတားမွာနာပိုလီသို႔ျပန္လည္ေျပာင္းေ႐ႊ႕ကစားရန္ဆႏၵရွိေနေၾကာင္းဝန္ခံသြားပါတယ္။
ဘရာဇီးဖြားအီတလီလက္ေ႐ြးစင္ဟာယခုရာသီအကုန္တြင္ခ်ဲလ္ဆီးႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးဇန္နဝါရီလမွစတင္ကာႏိုင္ငံျခားကလပ္ႏွင့္အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုထားႏိုင္သူလည္းျဖစ္ပါတယ္။
သူ႔ကိုနယူးကာဆယ္ကေခၚယူရန္စိတ္ဝင္စားေနသလိုဂ်ဴဗင္တပ္ႏွင့္ဘာစီလိုနာတို႔ကလည္းစိတ္ဝင္စားေနၾကပါတယ္။
ဒါေပမဲ့ခ်ဲလ္ဆီးကသူ႔ကိုစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ဆက္လက္ထိန္းထားလိုေနၿပီးစာခ်ဳပ္သက္တမ္းတိုးရန္ကမ္းလွမ္းမႈျပဳလုပ္ထားၿပီးျဖစ္ပါတယ္။
ေဂ်ာ္ဂ်င္ဟိုရဲ႕ေအးဂ်င့္ဂ်ိဳအာအိုဆန္းတို႔စ္က “ေဂ်ာ္ဂ်င္ဟိုရဲ႕စာခ်ဳပ္ကဇြန္လ၃၀မွာကုန္မယ္။စာခ်ဳပ္သစ္ကမ္းလွမ္းမႈရထားတယ္။ကြၽန္ေတာ္တို႔ကလည္းခ်ဲလ္ဆီးကိုပဲအဓိကထားစဥ္းစားလာပါမယ္။နာပိုလီကလည္းကြၽန္ေတာ္တို႔ရဲ႕အိမ္(အီတလီမွာဆို)လိုပဲ။ဂမ္တိုလီကကစားသမားကိုအရမ္းခ်ီးက်ဴးတယ္။ကြၽန္ေတာ္တို႔အတြက္အထူးစပါယ္ရွယ္(နာပိုလီ)ေနရာပါ။စိတ္ဝင္စားမႈအသစ္ရွိလာရင္ေပ်ာ္ပါမယ္။အခုအခ်ိန္မွာေတာ့နာပိုလီဘက္ကမဆက္သြယ္ေသးပါဘူး”လို႔ေျပာၾကားသြားပါတယ္။
ေဂ်ာ္ဂ်င္ဟိုဟာဗီ႐ိုနာႏွင့္အတူသူ႔အီတလီကစားသမားဘဝကိုစတင္ခဲ့ၿပီး၂၀၁၄ခုႏွစ္၊ဇန္နဝါရီလတြင္နာပိုလီသို႔ေျပာင္းခဲ့ပါတယ္။
သူဟာ၂၀၁၈ခုႏွစ္မွာနာပိုလီမွခ်ဲလ္ဆီးသို႔ေပါင္၅၇.၄သန္းျဖင့္ေျပာင္းခဲ့ၿပီးခ်န္ပီယံလိဂ္ဖလား၊ယူ႐ိုပါလိဂ္ဖလား၊ဖီဖာကမာၻ႔ကလပ္ဖလားႏွင့္ယူအီးအက္ဖ္ေအစူပါဖလားတို႔ဆြတ္ခူးထားႏိုင္ပါတယ္။သူဟာခ်ဲလ္ဆီးအတြက္ပရီးမီးယားလိဂ္ပြဲ၁၂၁ပြဲကစားထားရာမွာ၂၁ဂိုးသြင္းထားႏိုင္ပါတယ္။