ချဲလ်ဆီးနည်းပြဘဝအစစအရာရာအဆင်ပြေကောင်းမွန်နေကြောင်း တူချယ်ဖွင့်ဟ

သောမတ်စ်တူချယ်ကချဲလ်ဆီးနည်းပြဘဝအစအစစအရာရာအဆင်ပြေချောမွေ့ကောင်းမွန်လျက်ရှိကြောင်းဖွင့် ဟပြောကြားလာပါတယ်။

ဂျာမန်လူမျိုးနည်းပြဦးဆောင်တဲ့ချဲလ်ဆီးဟာမနေ့ညတုန်းကလန်ဒန်ဒါဘီပွဲစဉ်တွင်စပါးစ်ကို၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

လမ်းပတ်နေရာတွင်အစားထိုးတာဝန်ယူတဲ့တူချယ်ရဲ့လက်အောက်မှာချဲလ်ဆီးဟာပြိုင်ဘက်ကိုဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့်ကစားနိုင်တဲ့အပြင်အခွင့်အရေးဖန်တီးမှုပိုင်းမှာလည်းမြင့်မားလာတာတွေ့ရပါတယ်။

တူချယ်က “ရလဒ်ကြောင့်ကျွန်တော်တို့စူပါပျော်ရွှင်မှုရရှိပါတယ်။တောင့်တင်းတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ရလို့ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပေမယ့်ကျွန်တော်တို့ပွဲကိုကောင်းထိန်းချုပ်နိုင်ခဲ့သလိုကောင်းကောင်းလည်းလုပ်ခဲ့ကြတယ်။ပထမပိုင်းမှာကောင်းခဲ့သလိုဒုတိယပိုင်းမှာဘောလုံးဆုံးရှုံးမှုများပြီးအဝေးဘောတွေသုံးခဲ့တယ်။အရည်အသွေးရှိတဲ့အသင်းနဲ့ ရင်ဆိုင်တဲ့အခါဒုက္ခပေးနိုင်တဲ့ကာလတွေရှိပါတယ်။ကျွန်တော်တို့ခံစစ်ကသတ္တိရှိရှိနဲ့အကောင်းဆုံးကစားခဲ့ပါ တယ်။ပွဲကိုအပြီးသတ်နိုင်ဖို့ဒုတိယဂိုးရဖို့ကြိုးစားခဲ့ပါတယ်။အသင်းရဲ့စိတ်ဓာတ်နဲ့ခံစစ်ရဲ့လုပ်ဆောင်မှုအပေါ်ပျော်ရွှင်ရပါတယ်။အရမ်းကျစ်လစ်တဲ့ခြေစွမ်းနဲ့ကစားခဲ့ကြတာပါ။အနိုင်နဲ့ထိုက်တန်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်တူချယ်က “ကျွန်တော်တို့စနစ်တွေကြောင့်ဘဲမဟုတ်ပါဘူး။အသင်းရဲ့စိတ်ဓာတ်နဲ့အလားအလာတွေအ ပေါ်မှာလည်းဝမ်းသာရပါတယ်။အားလုံးကပွင့်ပွင့်လင်းလင်းရှိကြတယ်။လူကောင်းတွေပါ။ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုလူတွေရှိလို့ဝမ်းသာပါတယ်။တစ်သင်းလုံးရဲ့ထောက်ပံ့အားပေးမှုလည်းရပါတယ်။စတင်ရတာလျှင်မြန်ပေမယ့် တစ်သင်းလုံးရဲ့ကြိုဆိုမှုရရှိတယ်လို့ခံစားရလို့အရမ်းလွယ်ကူခဲ့ပါတယ်”လို့ပြောကြားသွားပါတယ်။

ချဲလ်ဆီးဟာစပါးစ်အသင်းကိုဂျော်ဂျင်ဟိုရဲ့တစ်လုံးတည်းသောပင်နယ်တီဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။

ZawGyi

ခ်ဲလ္ဆီးနည္းျပဘဝအစစအရာရာအဆင္ေျပေကာင္းမြန္ေနေၾကာင္း တူခ်ယ္ဖြင့္ဟ

ေသာမတ္စ္တူခ်ယ္ကခ်ဲလ္ဆီးနည္းျပဘဝအစအစစအရာရာအဆင္ေျပေခ်ာေမြ႕ေကာင္းမြန္လ်က္ရွိေၾကာင္းဖြင့္ ဟေျပာၾကားလာပါတယ္။

ဂ်ာမန္လူမ်ိဳးနည္းျပဦးေဆာင္တဲ့ခ်ဲလ္ဆီးဟာမေန႔ညတုန္းကလန္ဒန္ဒါဘီပြဲစဥ္တြင္စပါးစ္ကို၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

လမ္းပတ္ေနရာတြင္အစားထိုးတာဝန္ယူတဲ့တူခ်ယ္ရဲ႕လက္ေအာက္မွာခ်ဲလ္ဆီးဟာၿပိဳင္ဘက္ကိုေဘာလုံးပိုင္ဆိုင္မႈ အသာစီးျဖင့္ကစားႏိုင္တဲ့အျပင္အခြင့္အေရးဖန္တီးမႈပိုင္းမွာလည္းျမင့္မားလာတာေတြ႕ရပါတယ္။

တူခ်ယ္က “ရလဒ္ေၾကာင့္ကြၽန္ေတာ္တို႔စူပါေပ်ာ္႐ႊင္မႈရရွိပါတယ္။ေတာင့္တင္းတဲ့ၿပိဳင္ဘက္နဲ႔ရင္ဆိုင္ရလို႔ခက္ခဲတဲ့ ပြဲတစ္ပြဲျဖစ္ခဲ့ေပမယ့္ကြၽန္ေတာ္တို႔ပြဲကိုေကာင္းထိန္းခ်ဳပ္ႏိုင္ခဲ့သလိုေကာင္းေကာင္းလည္းလုပ္ခဲ့ၾကတယ္။ပထမပိုင္းမွာေကာင္းခဲ့သလိုဒုတိယပိုင္းမွာေဘာလုံးဆုံးရႈံးမႈမ်ားၿပီးအေဝးေဘာေတြသုံးခဲ့တယ္။အရည္အေသြးရွိတဲ့အသင္းနဲ႔ ရင္ဆိုင္တဲ့အခါဒုကၡေပးႏိုင္တဲ့ကာလေတြရွိပါတယ္။ကြၽန္ေတာ္တို႔ခံစစ္ကသတၱိရွိရွိနဲ႔အေကာင္းဆုံးကစားခဲ့ပါ တယ္။ပြဲကိုအၿပီးသတ္ႏိုင္ဖို႔ဒုတိယဂိုးရဖို႔ႀကိဳးစားခဲ့ပါတယ္။အသင္းရဲ႕စိတ္ဓာတ္နဲ႔ခံစစ္ရဲ႕လုပ္ေဆာင္မႈအေပၚေပ်ာ္႐ႊင္ရပါတယ္။အရမ္းက်စ္လစ္တဲ့ေျခစြမ္းနဲ႔ကစားခဲ့ၾကတာပါ။အႏိုင္နဲ႔ထိုက္တန္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္တူခ်ယ္က “ကြၽန္ေတာ္တို႔စနစ္ေတြေၾကာင့္ဘဲမဟုတ္ပါဘူး။အသင္းရဲ႕စိတ္ဓာတ္နဲ႔အလားအလာေတြအ ေပၚမွာလည္းဝမ္းသာရပါတယ္။အားလုံးကပြင့္ပြင့္လင္းလင္းရွိၾကတယ္။လူေကာင္းေတြပါ။ကိုယ့္ပတ္ဝန္းက်င္မွာ ဒီလိုလူေတြရွိလို႔ဝမ္းသာပါတယ္။တစ္သင္းလုံးရဲ႕ေထာက္ပံ့အားေပးမႈလည္းရပါတယ္။စတင္ရတာလွ်င္ျမန္ေပမယ့္ တစ္သင္းလုံးရဲ႕ႀကိဳဆိုမႈရရွိတယ္လို႔ခံစားရလို႔အရမ္းလြယ္ကူခဲ့ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ခ်ဲလ္ဆီးဟာစပါးစ္အသင္းကိုေဂ်ာ္ဂ်င္ဟိုရဲ႕တစ္လုံးတည္းေသာပင္နယ္တီဂိုးနဲ႔အႏိုင္ရရွိခဲ့ပါတယ္။