ချဲလ်ဆီးနည်းပြရာထူးကို ကယ်တင်ရန် သုံးပွဲသာ အခွင့်အရေးရှိတော့တဲ့ ဖရန့်လမ်းပတ်

ဖရန့်လမ်းပတ်ဟာချဲလ်ဆီးနည်းပြရာထူးအားကယ်တင်ရန်အဆုံးအဖြတ်ကာလသို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

ချဲလ်ဆီးနည်းပြဖရန့်လမ်းပတ်ဟာအင်္ဂါနေ့တုန်းကလက်စတာစီးတီးကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့သော်လည်းချဲလ်ဆီးဘုတ် အဖွဲ့ရဲ့ယုံကြည်မှုရရှိထားဆဲဖြစ်ပါတယ်။

ဒါပေမယ့်ဖရန့်လမ်းပတ်အနေဖြင့်လာမယ့်ဝုဗ်နှင့်ဘန်လေတို့ကဲ့သို့ရုန်းကန်နေရတဲ့အသင်းများအပြင်ဖေဖော်ဝါရီလ ၄ရက်နေ့တွင်ရင်ဆိုင်ကစားရမယ့်စပါးစ်နှင့်လန်ဒန်ဒါဘီပွဲတို့တွင်ရလဒ်ကောင်းများမရယူနိုင်ပါကရာထူးမှထုတ် ပယ်ခြင်းခံရတော့မှာဖြစ်ပါတယ်။

ဖရန့်လမ်းပတ်ဟာနွေရာသီတုန်းကကစားသမားခေါ်ယူအားဖြည့်ရန်ပေါင်၂၁၇.၃သန်းအထိအသုံးပြုခဲ့သော်လည်း နောက်ဆုံးပရီးမီးယားလိဂ်၈ပွဲတွင်၅ပွဲအထိရှုံးနိမ့်ထားမှုကြောင့်ဖိအားများဖြင့်ကြုံနေရပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင်ကာလအတွင်းတွင်နည်းပြများစွာကို ထုတ်ပယ်ခဲ့ဖူးတဲ့ရုရှားဘီလျှံနာအေဘရာမိုဗစ်ချ်ဟာ ကလပ်အတွက်၂၁၁ဂိုးသွင်းယူခဲ့တဲ့ဂန္ထဝင်ကစားသမားအပေါ်တွင်ယုံကြည်နေဆဲဖြစ်ပါတယ်။

အသင်းပိုင်ရှင်အေဘရာမိုဗစ်ချ်နှင့်ဘုတ်အဖွဲ့ဝင်များဟာလမ်းပတ်အနေဖြင့်လာမယ့်ပရီးမီးယားလိဂ်ပွဲသုံးပွဲကို ကျော်ဖြတ်နိုင်မှုကြောင့်ရာထူးအတွက်အာမခံချက်ရရှိလာမှာဖြစ်ပေမယ့်ရာသီအကုန်တွင်ချန်ပီယံလိဂ်ဝင်ခွင့်မရပါ ကထုတ်ပယ်ခံရဖို့သေချာနေပါတယ်။

ချဲလ်ဆီးဟာဂျာမန်လူမျိုးနည်းပြများဖြစ်ကြတဲ့ဆောက်သမ်တန်နည်းပြဟာဆန်ဟက်၊လိုက်ဇစ်နည်းပြနီဂယ်မန်း၊ ပီအက်စ်ဂျီနည်းပြဟောင်းတူချယ်တို့ကိုခန့်အပ်ရန်လျာထားပါတယ်။

ZawGyi

ခ်ဲလ္ဆီးနည္းျပရာထူးကို ကယ္တင္ရန္ သုံးပြဲသာ အခြင့္အေရးရွိေတာ့တဲ့ ဖရန႔္လမ္းပတ္

ဖရန႔္လမ္းပတ္ဟာခ်ဲလ္ဆီးနည္းျပရာထူးအားကယ္တင္ရန္အဆုံးအျဖတ္ကာလသို႔ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိရပါတယ္။

ခ်ဲလ္ဆီးနည္းျပဖရန႔္လမ္းပတ္ဟာအဂၤါေန႔တုန္းကလက္စတာစီးတီးကို၂-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ေသာ္လည္းခ်ဲလ္ဆီးဘုတ္ အဖြဲ႕ရဲ႕ယုံၾကည္မႈရရွိထားဆဲျဖစ္ပါတယ္။

ဒါေပမယ့္ဖရန႔္လမ္းပတ္အေနျဖင့္လာမယ့္ဝုဗ္ႏွင့္ဘန္ေလတို႔ကဲ့သို႔႐ုန္းကန္ေနရတဲ့အသင္းမ်ားအျပင္ေဖေဖာ္ဝါရီလ ၄ရက္ေန႔တြင္ရင္ဆိုင္ကစားရမယ့္စပါးစ္ႏွင့္လန္ဒန္ဒါဘီပြဲတို႔တြင္ရလဒ္ေကာင္းမ်ားမရယူႏိုင္ပါကရာထူးမွထုတ္ ပယ္ျခင္းခံရေတာ့မွာျဖစ္ပါတယ္။

ဖရန႔္လမ္းပတ္ဟာေႏြရာသီတုန္းကကစားသမားေခၚယူအားျဖည့္ရန္ေပါင္၂၁၇.၃သန္းအထိအသုံးျပဳခဲ့ေသာ္လည္း ေနာက္ဆုံးပရီးမီးယားလိဂ္၈ပြဲတြင္၅ပြဲအထိရႈံးနိမ့္ထားမႈေၾကာင့္ဖိအားမ်ားျဖင့္ႀကဳံေနရပါတယ္။

ခ်ဲလ္ဆီးအသင္းပိုင္ရွင္ကာလအတြင္းတြင္နည္းျပမ်ားစြာကို ထုတ္ပယ္ခဲ့ဖူးတဲ့႐ုရွားဘီလွ်ံနာေအဘရာမိုဗစ္ခ်္ဟာ ကလပ္အတြက္၂၁၁ဂိုးသြင္းယူခဲ့တဲ့ဂႏၴဝင္ကစားသမားအေပၚတြင္ယုံၾကည္ေနဆဲျဖစ္ပါတယ္။

အသင္းပိုင္ရွင္ေအဘရာမိုဗစ္ခ်္ႏွင့္ဘုတ္အဖြဲ႕ဝင္မ်ားဟာလမ္းပတ္အေနျဖင့္လာမယ့္ပရီးမီးယားလိဂ္ပြဲသုံးပြဲကို ေက်ာ္ျဖတ္ႏိုင္မႈေၾကာင့္ရာထူးအတြက္အာမခံခ်က္ရရွိလာမွာျဖစ္ေပမယ့္ရာသီအကုန္တြင္ခ်န္ပီယံလိဂ္ဝင္ခြင့္မရပါ ကထုတ္ပယ္ခံရဖို႔ေသခ်ာေနပါတယ္။

ခ်ဲလ္ဆီးဟာဂ်ာမန္လူမ်ိဳးနည္းျပမ်ားျဖစ္ၾကတဲ့ေဆာက္သမ္တန္နည္းျပဟာဆန္ဟက္၊လိုက္ဇစ္နည္းျပနီဂယ္မန္း၊ ပီအက္စ္ဂ်ီနည္းျပေဟာင္းတူခ်ယ္တို႔ကိုခန႔္အပ္ရန္လ်ာထားပါတယ္။