
ချဲလ်ဆီးနည်းပြဟောင်းသောမတ်စ်တူချယ်ဟာချဲလ်ဆီးနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပြီးနောက်နည်းပြလောကသို့ပြန်လည်ဝင်ရောက်ရန်လေဗာကူဆင်အသင်းရဲ့ကမ်းလှမ်းမှုရရှိခဲ့ပေမဲ့လည်းပယ်ချခဲ့ကြောင်းသိရပါတယ်။
ဂျာမန်လူမျိုးနည်းပြဟာစက်တင်ဘာလအစောပိုင်းတုန်းကရာသီအစရလဒ်မကောင်းမှုကြောင့်ချဲလ်ဆီးနည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
တူချယ်ဟာချဲလ်ဆီးနည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက်နည်းပြလောကသို့ချက်ချင်းပြန်လည်ဝင်ရောက်နိုင်တဲ့အခွင့်အရေးအဖြစ်လေဗာကူဆင်ရဲ့ကမ်းလှမ်းမှုရရှိခဲ့ပေမဲ့လည်းပယ်ချခဲ့ပါတယ်။
လေဗာကူဆင်ဟာရလဒ်ဆိုးရွားကာတန်းဆင်းဇုန်အတွက်ရောက်နေမှုနှင့်အတူနည်းပြဂီရာဒိုဆီအိုနာနီကိုထုတ်ပယ်ရန်စီစဉ်နေပါတယ်။
Sport1 ရဲ့ဖော်ပြချက်အရလေဗာကူဆင်ဟာပေါ်တိုနှင့်ကစားမယ့်ချန်ပီယံလိဂ်ပွဲစဉ်နှင့်ရှော်လ်ကေးနှင့်ကစားမယ့်ဘွန်ဒက်စ်လီဂါပွဲတို့တွင်ရလဒ်မကောင်းပါက နည်းပြဆီအိုနာနီကိုထုတ်ပယ်မယ်လို့သိရပါတယ်။
ဆီအိုနာနီဟာပြီးခဲ့တဲ့ရာသီတုန်းကဘွန်ဒက်စ်လီဂါတွင်အဆင့်၃နေရာတွင်ရပ်တည်နိုင်အောင်စွမ်းဆောင်ထားနိုင်ပေမဲ့လည်းယခုရာသီတွင်ဘွန်ဒက်စ်လီဂါပွဲ၈ပွဲတွင်၅မှတ်တည်းသာရယူပေးထားနိုင်ပါတယ်။
အသက်၄၉နှစ်ရှိတူချယ်ဟာအနားယူလိုနေတဲ့အကြောင်းပြချက်ဖြင့်လေဗာကူဆင်ကိုပယ်ချခဲ့သလား၊ပရီးမီးယားလိဂ်ကလပ်တစ်ခုခုကိုကိုင်တွယ်လိုမှုကြောင့်ပယ်ချခဲ့သလားဆိုတာအတိအကျမပြောနိုင်သေးပါဘူး။
ZawGyi
ခ်ဲလ္ဆီးနည္းျပရာထူးမွ အထုတ္ခံရၿပီးေနာက္ ကလပ္တစ္ခုရဲ႕ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တဲ့ တူခ်ယ္
ခ်ဲလ္ဆီးနည္းျပေဟာင္းေသာမတ္စ္တူခ်ယ္ဟာခ်ဲလ္ဆီးနည္းျပရာထူးမွထုတ္ပယ္ျခင္းခံရၿပီးေနာက္နည္းျပေလာကသို႔ျပန္လည္ဝင္ေရာက္ရန္ေလဗာကူဆင္အသင္းရဲ႕ကမ္းလွမ္းမႈရရွိခဲ့ေပမဲ့လည္းပယ္ခ်ခဲ့ေၾကာင္းသိရပါတယ္။
ဂ်ာမန္လူမ်ိဳးနည္းျပဟာစက္တင္ဘာလအေစာပိုင္းတုန္းကရာသီအစရလဒ္မေကာင္းမႈေၾကာင့္ခ်ဲလ္ဆီးနည္းျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။
တူခ်ယ္ဟာခ်ဲလ္ဆီးနည္းျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရၿပီးေနာက္နည္းျပေလာကသို႔ခ်က္ခ်င္းျပန္လည္ဝင္ေရာက္ႏိုင္တဲ့အခြင့္အေရးအျဖစ္ေလဗာကူဆင္ရဲ႕ကမ္းလွမ္းမႈရရွိခဲ့ေပမဲ့လည္းပယ္ခ်ခဲ့ပါတယ္။
ေလဗာကူဆင္ဟာရလဒ္ဆိုး႐ြားကာတန္းဆင္းဇုန္အတြက္ေရာက္ေနမႈႏွင့္အတူနည္းျပဂီရာဒိုဆီအိုနာနီကိုထုတ္ပယ္ရန္စီစဥ္ေနပါတယ္။
Sport1 ရဲ႕ေဖာ္ျပခ်က္အရေလဗာကူဆင္ဟာေပၚတိုႏွင့္ကစားမယ့္ခ်န္ပီယံလိဂ္ပြဲစဥ္ႏွင့္ေရွာ္လ္ေကးႏွင့္ကစားမယ့္ဘြန္ဒက္စ္လီဂါပြဲတို႔တြင္ရလဒ္မေကာင္းပါက နည္းျပဆီအိုနာနီကိုထုတ္ပယ္မယ္လို႔သိရပါတယ္။
ဆီအိုနာနီဟာၿပီးခဲ့တဲ့ရာသီတုန္းကဘြန္ဒက္စ္လီဂါတြင္အဆင့္၃ေနရာတြင္ရပ္တည္ႏိုင္ေအာင္စြမ္းေဆာင္ထားႏိုင္ေပမဲ့လည္းယခုရာသီတြင္ဘြန္ဒက္စ္လီဂါပြဲ၈ပြဲတြင္၅မွတ္တည္းသာရယူေပးထားႏိုင္ပါတယ္။
အသက္၄၉ႏွစ္ရွိတူခ်ယ္ဟာအနားယူလိုေနတဲ့အေၾကာင္းျပခ်က္ျဖင့္ေလဗာကူဆင္ကိုပယ္ခ်ခဲ့သလား၊ပရီးမီးယားလိဂ္ကလပ္တစ္ခုခုကိုကိုင္တြယ္လိုမႈေၾကာင့္ပယ္ခ်ခဲ့သလားဆိုတာအတိအက်မေျပာႏိုင္ေသးပါဘူး။