ချဲလ်ဆီးနောက်ခံလူအား အပြီးသတ်ခေါ်ယူရန် အေစီမီလန် အလွန်နီးစပ်နေပြီ

အေစီမီလန်ဟာချဲလ်ဆီးဗဟိုနောက်ခံလူဖီကာယိုတိုမိုရီအားအပြီးသတ်ခေါ်ယူရန်အလွန်နီးစပ်နေပြီဖြစ်ကြောင်းသိရပါတယ်။

အသက်၂၃နှစ်ရှိအင်္ဂလန်လက်ရွေးစင်နောက်ခံလူဟာပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကအေစီမီလန်သို့ပြောင်းရွှေ့ခဲ့သူဖြစ်ပြီးအငှားစာချုပ်အတွင်းတွင်အေစီမီလန်အနေဖြင့်အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ကိုထည့်သွင်းချုပ်ဆိုထားပါတယ်။

ဖီကာယိုတိုမိုရီဟာအေစီမီလန်အတွက်စီးရီးအေပွဲ၁၇ပွဲတွင်၁ဂိုးတည်းသာသွင်းယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာအီတလီသို့မပြောင်းရွှေ့မီဖရန့်လမ်းပတ်လက်အောက်မှာတုန်းကချဲလ်ဆီးအတွက်၄ပွဲတည်းသာကစားခွင့်ရခဲ့သူလည်းဖြစ်ပါတယ်။သူဟာကာရာဘောင်းဖလားပွဲနှစ်ပွဲနှင့်ပရီးမီးယားလိဂ်တွင်အရန်အဖြစ်နှစ်ပွဲကစားခွင့်ရခဲ့တာပါ။

အေစီမီလန်အသင်းအားကစားဒါရိုက်တာပေါလ်လိုမာလ်ဒီနီကတိုမိုရီတွင်ထိပ်တန်းဗဟိုခံစစ်သမားတစ်ဦးဖြစ်နိုင်တဲ့အရည်အသွေးရှိနေသူအဖြစ်ယုံကြည်နေပြီးအပြီးသတ်ခေါ်ဆောင်နိုင်ရေးအတွက်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ZawGyi

ခ်ဲလ္ဆီးေနာက္ခံလူအား အၿပီးသတ္ေခၚယူရန္ ေအစီမီလန္ အလြန္နီးစပ္ေနၿပီ

ေအစီမီလန္ဟာခ်ဲလ္ဆီးဗဟိုေနာက္ခံလူဖီကာယိုတိုမိုရီအားအၿပီးသတ္ေခၚယူရန္အလြန္နီးစပ္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။

အသက္၂၃ႏွစ္ရွိအဂၤလန္လက္ေ႐ြးစင္ေနာက္ခံလူဟာၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းကေအစီမီလန္သို႔ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီးအငွားစာခ်ဳပ္အတြင္းတြင္ေအစီမီလန္အေနျဖင့္အၿပီးသတ္ေခၚယူႏိုင္မယ့္အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

ဖီကာယိုတိုမိုရီဟာေအစီမီလန္အတြက္စီးရီးေအပြဲ၁၇ပြဲတြင္၁ဂိုးတည္းသာသြင္းယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာအီတလီသို႔မေျပာင္းေ႐ႊ႕မီဖရန႔္လမ္းပတ္လက္ေအာက္မွာတုန္းကခ်ဲလ္ဆီးအတြက္၄ပြဲတည္းသာကစားခြင့္ရခဲ့သူလည္းျဖစ္ပါတယ္။သူဟာကာရာေဘာင္းဖလားပြဲႏွစ္ပြဲႏွင့္ပရီးမီးယားလိဂ္တြင္အရန္အျဖစ္ႏွစ္ပြဲကစားခြင့္ရခဲ့တာပါ။

ေအစီမီလန္အသင္းအားကစားဒါ႐ိုက္တာေပါလ္လိုမာလ္ဒီနီကတိုမိုရီတြင္ထိပ္တန္းဗဟိုခံစစ္သမားတစ္ဦးျဖစ္ႏိုင္တဲ့အရည္အေသြးရွိေနသူအျဖစ္ယုံၾကည္ေနၿပီးအၿပီးသတ္ေခၚေဆာင္ႏိုင္ေရးအတြက္လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။