ချဲလ်ဆီးနှင့်ချုပ်ဆိုထားတဲ့ လက်မောင်းစပွန်ဆာစာချုပ်ကို Hyundai ရပ်ဆိုင်း

Hyundai ဟာချဲလ်ဆီးနှင့်ချုပ်ဆိုထားတဲ့စပွန်ဆာစာချုပ်ကိုရပ်ဆိုင်းလိုက်ပါတယ်။အသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ကို ဗြိတိန်အစိုးရကဆန်ရှင်လုပ်လာပြီးနောက်ချဲလ်ဆီးဟာအနာဂတ်မရေမရာဖြင့်ရှင်သန်လာရပါတယ်။

အစောပိုင်းတုန်းကအင်္ကျီရင်ဘတ်စပွန်ဆာ Three ကချဲလ်ဆီးနှင့်ချုပ်ဆိုထားတဲ့ပေါင်သန်း၁၂၀ တန်စာချုပ်ကိုရပ်ဆိုင်းမှုပြုလုပ်ခဲ့ပါတယ်။

ယခုအခါ Hyundai ကလည်း ချဲလ်ဆီးနှင့်ချုပ်ဆိုထားတဲ့ အင်္ကျီလက်မောင်းစပွန်ဆာ ပေါင်သန်း၅၀တန်စာချုပ်ကိုလည်းရပ်ဆိုင်းမှုပြုလုပ်လာပါတယ်။

ချဲလ်ဆီးဟာ Hyundai နှင့်တစ်ရာသီလျှင် ပေါင် ၁၀ သန်းတန် ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်းမှာ လာမယ့်နှစ်ဘောလုံးရာသီအကုန်တွင် ကုန်ဆုံးပါမယ်။

ဒါ့အပြင် ချဲလ်ဆီးရဲ့နောက်ထပ်စပွန်ဆာတစ်ခုဖြစ်တဲ့ Zapp ကလည်း စာချုပ်ကိုရပ်ဆိုင်းမှုပြုလုပ်ထားပါတယ်။

ချဲလ်ဆီးအတွက်အသက်ရှူအနည်းငယ်ချောင်လာတာကတော့ ဗြိတိန်အာဏာပိုင်တုန်းက ဆုကြေးငွေများ၊ရုပ်သံလွှင့်ခငွေများကို အသုံးပြုခွင့်ပေးလာမှုဖြစ်ပါတယ်။ချဲလ်ဆီးဟာရုပ်သံလွှင့်ခနှင့်ဆုကြေးငွေတို့မှပေါင်သန်း၁၁၀ အထိ ရရှိနိုင်ပြီးယင်းငွေများကြောင့်ငွေကြေးပိုင်းအတွက်အနည်းငယ်အသက်ရှူချောင်လာပါမယ်။

Zawgyi

ခ်ဲလ္ဆီးႏွင့္ခ်ဳပ္ဆိုထားတဲ့ လက္ေမာင္းစပြန္ဆာစာခ်ဳပ္ကို Hyundai ရပ္ဆိုင္း

Hyundai ဟာခ်ဲလ္ဆီးႏွင့္ခ်ဳပ္ဆိုထားတဲ့စပြန္ဆာစာခ်ဳပ္ကိုရပ္ဆိုင္းလိုက္ပါတယ္။အသင္းပိုင္ရွင္႐ိုမန္ေအဘရာမိုဗစ္ကို ၿဗိတိန္အစိုးရကဆန္ရွင္လုပ္လာၿပီးေနာက္ခ်ဲလ္ဆီးဟာအနာဂတ္မေရမရာျဖင့္ရွင္သန္လာရပါတယ္။

အေစာပိုင္းတုန္းကအက်ႌရင္ဘတ္စပြန္ဆာ Three ကခ်ဲလ္ဆီးႏွင့္ခ်ဳပ္ဆိုထားတဲ့ေပါင္သန္း၁၂၀ တန္စာခ်ဳပ္ကိုရပ္ဆိုင္းမႈျပဳလုပ္ခဲ့ပါတယ္။

ယခုအခါ Hyundai ကလည္း ခ်ဲလ္ဆီးႏွင့္ခ်ဳပ္ဆိုထားတဲ့ အက်ႌလက္ေမာင္းစပြန္ဆာ ေပါင္သန္း၅၀တန္စာခ်ဳပ္ကိုလည္းရပ္ဆိုင္းမႈျပဳလုပ္လာပါတယ္။

ခ်ဲလ္ဆီးဟာ Hyundai ႏွင့္တစ္ရာသီလွ်င္ ေပါင္ ၁၀ သန္းတန္ ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး စာခ်ဳပ္သက္တမ္းမွာ လာမယ့္ႏွစ္ေဘာလုံးရာသီအကုန္တြင္ ကုန္ဆုံးပါမယ္။

ဒါ့အျပင္ ခ်ဲလ္ဆီးရဲ႕ေနာက္ထပ္စပြန္ဆာတစ္ခုျဖစ္တဲ့ Zapp ကလည္း စာခ်ဳပ္ကိုရပ္ဆိုင္းမႈျပဳလုပ္ထားပါတယ္။

ခ်ဲလ္ဆီးအတြက္အသက္ရႉအနည္းငယ္ေခ်ာင္လာတာကေတာ့ ၿဗိတိန္အာဏာပိုင္တုန္းက ဆုေၾကးေငြမ်ား၊႐ုပ္သံလႊင့္ခေငြမ်ားကို အသုံးျပဳခြင့္ေပးလာမႈျဖစ္ပါတယ္။ခ်ဲလ္ဆီးဟာ႐ုပ္သံလႊင့္ခႏွင့္ဆုေၾကးေငြတို႔မွေပါင္သန္း၁၁၀ အထိ ရရွိႏိုင္ၿပီးယင္းေငြမ်ားေၾကာင့္ေငြေၾကးပိုင္းအတြက္အနည္းငယ္အသက္ရႉေခ်ာင္လာပါမယ္။