ချဲလ်ဆီးနှင့်စာချုပ်သက်တမ်းတိုးပြီးနောက် ဘီဆစ်တပ်သို့ ဘတ်ရှုအာရီ အငှားဖြင့်ပြောင်းရွှေ့

ဘတ်ရှုအာရီဟာချဲလ်ဆီးနှင့်တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုက်ပြီးတဲ့နောက်ဘီဆတစ်တပ်သို့တစ်ရာသီအငှားစာချုပ်ဖြင့်ပြောင်းရွှေ့လိုက်ပါတယ်။ဘတ်ရှုအာရီဟာဆေးစစ်မှုခံယူပြီးတဲ့နောက်ချက်ချင်းပင်ဘီဆစ်တပ်အသင်းနှင့်လေ့ကျင့်ခန်းဆင်းမှုပြုလုပ်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာချဲလ်ဆီးတွင်၂၀၂၃ခုနှစ်အထိရှိနေမယ့်စာချုပ်အားသက်တမ်းတိုးချုပ်ဆိုလိုက်ပြီးတဲ့နောက်တူရကီထိပ်သီးကလပ်သို့အငှားဖြင့်ထွက်ခွာခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးဟာဘတ်ရှုအာရီရဲ့အငှားစာချုပ်အတွင်းတွင်လာမယ့်နွေရာသီအပြောင်းအရွှေ့မှာယူရို၅သန်းမှယူရို၁၁သန်းအတွင်းပြောင်းရွှေ့ကြေးဖြင့်အပြီးသတ်ပြောင်းနိုင်မယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

ဘတ်ရှုအာရီဟာ၂၀၁၆ခုနှစ်တွင်မာဆေးလ်မှချဲလ်ဆီးသို့ပြောင်းရွှေ့လာပြီးနောက်ပဥ္စမအကြိမ်အဖြစ်အငှားဖြင့်ထွက်ခွာခဲ့တာလည်းဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကခရစ္စတယ်ပဲလေ့စ်တွင်အငှားဖြင့်ကစားစဉ်အတွင်း၁၈ပွဲကစားခဲ့ရာမှာ၂ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

ZawGyi

ခ်ဲလ္ဆီးႏွင့္စာခ်ဳပ္သက္တမ္းတိုးၿပီးေနာက္ ဘီဆစ္တပ္သို႔ ဘတ္ရႈအာရီ အငွားျဖင့္ေျပာင္းေ႐ႊ႕

ဘတ္ရႈအာရီဟာခ်ဲလ္ဆီးႏွင့္တစ္ႏွစ္သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီးတဲ့ေနာက္ဘီဆတစ္တပ္သို႔တစ္ရာသီအငွားစာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕လိုက္ပါတယ္။ဘတ္ရႈအာရီဟာေဆးစစ္မႈခံယူၿပီးတဲ့ေနာက္ခ်က္ခ်င္းပင္ဘီဆစ္တပ္အသင္းႏွင့္ေလ့က်င့္ခန္းဆင္းမႈျပဳလုပ္ခဲ့ပါတယ္။

ဘယ္လ္ဂ်ီယံတိုက္စစ္မႉးဟာခ်ဲလ္ဆီးတြင္၂၀၂၃ခုႏွစ္အထိရွိေနမယ့္စာခ်ဳပ္အားသက္တမ္းတိုးခ်ဳပ္ဆိုလိုက္ၿပီးတဲ့ေနာက္တူရကီထိပ္သီးကလပ္သို႔အငွားျဖင့္ထြက္ခြာခဲ့တာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာဘတ္ရႈအာရီရဲ႕အငွားစာခ်ဳပ္အတြင္းတြင္လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕မွာယူ႐ို၅သန္းမွယူ႐ို၁၁သန္းအတြင္းေျပာင္းေ႐ႊ႕ေၾကးျဖင့္အၿပီးသတ္ေျပာင္းႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

ဘတ္ရႈအာရီဟာ၂၀၁၆ခုႏွစ္တြင္မာေဆးလ္မွခ်ဲလ္ဆီးသို႔ေျပာင္းေ႐ႊ႕လာၿပီးေနာက္ပၪၥမအႀကိမ္အျဖစ္အငွားျဖင့္ထြက္ခြာခဲ့တာလည္းျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကခရစၥတယ္ပဲေလ့စ္တြင္အငွားျဖင့္ကစားစဥ္အတြင္း၁၈ပြဲကစားခဲ့ရာမွာ၂ဂိုးသာသြင္းယူႏိုင္ခဲ့ပါတယ္။