
ဒေါ့မွန်ကတိုက်စစ်သမားကာရမ်အဒီယီမီမှာဒဏ်ရာကြောင့်၃ပတ်ကြာအနားယူရမည်ဖြစ်ကြောင်းကြေညာလာပါတယ်။
အသက်၂၁နှစ်ရှိဂျာမနီလက်ရွေးစင်တိုက်စစ်မှူးဟာ၃ပတ်ကြာအနားယူရတော့မှာဖြစ်တာကြောင့်ယင်းကာလအတွင်းတွင်ကစားရမဲ့ချဲလ်ဆီးနှင့်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်ကိုလည်းလွဲချော်လာတော့မှာဖြစ်ပါတယ်။
ဒေါ့မွန်ဟာပထမအကျော့တုန်းကအိမ်ကွင်းတွင်၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးမတ်လ၇ ရက်နေ့တွင်စတမ်းဖို့ဒ်ဘရစ်ချ်သို့သွားရောက်ကာဒုတိယအကျော့ကစားရပါမယ်။
ပြီးခဲ့တဲ့အပတ်တုန်းကဂျာမနီတွင်ကစားတဲ့ပထမအကျော့ပွဲတွင်ဒေါ့မွန်အတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုအဒီယီမီကတကိုယ်တော်အစွမ်းဖြင့်သွင်းယူခဲ့တာဖြစ်ပါတယ်။
ဆဲလ်ဘတ်တိုက်စစ်မှူးဟောင်းဟာတနင်္ဂနွေနေတုန်းကဟာသာဘာလင်ကို၄-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာကြွက်သားဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။
သူဟာယင်းပွဲစဉ်တွင်ဒဏ်ရာကြောင့်လူစားလဲခြင်းမပြုလုပ်မီတစ်ဂိုးသွင်းကာတစ်ကြိမ်ဖန်တီးနိုင်ခဲ့ပါသေးတယ်။
ဒေါ့မွန်ဟာအဒီယီမီရဲ့နေရာတွင်ဆန်ချိုလက်သစ်အဖြစ်နာမည်ကြီးနေတဲ့ဘိုင်နိုးဂတ်တင်ကိုအသုံးပြုလာပါမယ်။အသက်၁၈နှစ်အရွယ်ရှိလူငယ်ပါရမီရှင်ဟာယခုရာသီတွင်ဒေါ့မွန်အတွက်ဘွန်ဒက်စ်လီဂါ၁၀ပွဲတွင်ကစားခွင့်ရရှိရာမှာအများစုကိုအရန်အဖြစ်ကစားရပေမဲ့လည်း၃ဂိုးသွင်းထားနိုင်ပါတယ်။
ZawGyi
ခ်ဲလ္ဆီးႏွင့္ပြဲစဥ္ကို လြဲေခ်ာ္လာေတာ့မဲ့ ေဒါ့မြန္တိုက္စစ္သမားအဒီယီမီ
ေဒါ့မြန္ကတိုက္စစ္သမားကာရမ္အဒီယီမီမွာဒဏ္ရာေၾကာင့္၃ပတ္ၾကာအနားယူရမည္ျဖစ္ေၾကာင္းေၾကညာလာပါတယ္။
အသက္၂၁ႏွစ္ရွိဂ်ာမနီလက္ေ႐ြးစင္တိုက္စစ္မႉးဟာ၃ပတ္ၾကာအနားယူရေတာ့မွာျဖစ္တာေၾကာင့္ယင္းကာလအတြင္းတြင္ကစားရမဲ့ခ်ဲလ္ဆီးႏွင့္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ဒုတိယအေက်ာ့ပြဲစဥ္ကိုလည္းလြဲေခ်ာ္လာေတာ့မွာျဖစ္ပါတယ္။
ေဒါ့မြန္ဟာပထမအေက်ာ့တုန္းကအိမ္ကြင္းတြင္၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးမတ္လ၇ ရက္ေန႔တြင္စတမ္းဖို႔ဒ္ဘရစ္ခ်္သို႔သြားေရာက္ကာဒုတိယအေက်ာ့ကစားရပါမယ္။
ၿပီးခဲ့တဲ့အပတ္တုန္းကဂ်ာမနီတြင္ကစားတဲ့ပထမအေက်ာ့ပြဲတြင္ေဒါ့မြန္အတြက္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုအဒီယီမီကတကိုယ္ေတာ္အစြမ္းျဖင့္သြင္းယူခဲ့တာျဖစ္ပါတယ္။
ဆဲလ္ဘတ္တိုက္စစ္မႉးေဟာင္းဟာတနဂၤေႏြေနတုန္းကဟာသာဘာလင္ကို၄-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာႂကြက္သားဒဏ္ရာရရွိသြားခဲ့တာျဖစ္ပါတယ္။
သူဟာယင္းပြဲစဥ္တြင္ဒဏ္ရာေၾကာင့္လူစားလဲျခင္းမျပဳလုပ္မီတစ္ဂိုးသြင္းကာတစ္ႀကိမ္ဖန္တီးႏိုင္ခဲ့ပါေသးတယ္။
ေဒါ့မြန္ဟာအဒီယီမီရဲ႕ေနရာတြင္ဆန္ခ်ိဳလက္သစ္အျဖစ္နာမည္ႀကီးေနတဲ့ဘိုင္ႏိုးဂတ္တင္ကိုအသုံးျပဳလာပါမယ္။အသက္၁၈ႏွစ္အ႐ြယ္ရွိလူငယ္ပါရမီရွင္ဟာယခုရာသီတြင္ေဒါ့မြန္အတြက္ဘြန္ဒက္စ္လီဂါ၁၀ပြဲတြင္ကစားခြင့္ရရွိရာမွာအမ်ားစုကိုအရန္အျဖစ္ကစားရေပမဲ့လည္း၃ဂိုးသြင္းထားႏိုင္ပါတယ္။