
မန်ချက်စတာယူနိုက်တက်ဟာချဲလ်ဆီးနှင့်ပွဲစဉ်တွင်လည်းကစားသမားများကိုထိန်းသိမ်းနိုင်ခြင်းမရှိမှုအတွက်အက်ဖ်အေရဲ့စွဲချက်တင်ခြင်းထပ်မံခံလာရပါတယ်။
ယူနိုက်တက်ဟာနယူးကာဆယ်နှင့်ဂိုးမရှိသရေကျတဲ့ပွဲစဉ်တွင် ဒိုင်လူကြီးကိုဝိုင်းရံစောဒကတက်မှုအတွက်အက်ဖ်အေရဲ့စွဲချက်တင်ခြင်းခံခဲ့ရပြီးဖြစ်ပါတယ်။
ယခုအခါတဖန်ယူနိုက်တက်ဟာစတမ်းဖို့ဒ်ဘရစ်ချ်တွင်ချဲလ်ဆီးနှင့်ပွဲစဉ်မှအဖြစ်အပျက်ကြောင့်ထပ်မံစွဲချက်တင်ခံလာရပြန်ပါတယ်။
ယင်းပွဲတွင်ယူနိုက်တက်စတားများဟာပွဲချိန်၈၇မိနစ်တွင်ဒိုင်လူကြီးကချဲလ်ဆီးဘက်သို့ပင်နယ်တီပေးလိုက်ပြီးနောက် စောဒကတက်ခဲ့ကြပါတယ်။
ဒိုင်လူကြီးစတူးအပ်အက်ဝဲလ်ဟာစကော့မက်တိုမီနေးကအာမန်ဒါဘရိုဂျာကိုဆွဲလှဲမှုအတွက်ပင်နယ်တီပေးခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အတွက်အက်ဖ်အေရဲ့စွဲချက်တင်ခြင်းခံလာရမှုများအတွက်ဒဏ်ရိုက်ခြင်းခံရဖို့သေချာနေပါတယ်။
ZawGyi
ခ်ဲလ္ဆီးႏွင့္ပြဲတြင္ ကစားသမားမ်ားကို မထိန္းသိမ္းႏိုင္ေၾကာင့္ အက္ဖ္ေအရဲ႕ထပ္မံစြဲခ်က္တင္ခံလာရတဲ့ ယူႏိုက္တက္
မန္ခ်က္စတာယူႏိုက္တက္ဟာခ်ဲလ္ဆီးႏွင့္ပြဲစဥ္တြင္လည္းကစားသမားမ်ားကိုထိန္းသိမ္းႏိုင္ျခင္းမရွိမႈအတြက္အက္ဖ္ေအရဲ႕စြဲခ်က္တင္ျခင္းထပ္မံခံလာရပါတယ္။
ယူႏိုက္တက္ဟာနယူးကာဆယ္ႏွင့္ဂိုးမရွိသေရက်တဲ့ပြဲစဥ္တြင္ ဒိုင္လူႀကီးကိုဝိုင္းရံေစာဒကတက္မႈအတြက္အက္ဖ္ေအရဲ႕စြဲခ်က္တင္ျခင္းခံခဲ့ရၿပီးျဖစ္ပါတယ္။
ယခုအခါတဖန္ယူႏိုက္တက္ဟာစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ခ်ဲလ္ဆီးႏွင့္ပြဲစဥ္မွအျဖစ္အပ်က္ေၾကာင့္ထပ္မံစြဲခ်က္တင္ခံလာရျပန္ပါတယ္။
ယင္းပြဲတြင္ယူႏိုက္တက္စတားမ်ားဟာပြဲခ်ိန္၈၇မိနစ္တြင္ဒိုင္လူႀကီးကခ်ဲလ္ဆီးဘက္သို႔ပင္နယ္တီေပးလိုက္ၿပီးေနာက္ ေစာဒကတက္ခဲ့ၾကပါတယ္။
ဒိုင္လူႀကီးစတူးအပ္အက္ဝဲလ္ဟာစေကာ့မက္တိုမီေနးကအာမန္ဒါဘ႐ိုဂ်ာကိုဆြဲလွဲမႈအတြက္ပင္နယ္တီေပးခဲ့တာျဖစ္ပါတယ္။
ယူႏိုက္တက္အတြက္အက္ဖ္ေအရဲ႕စြဲခ်က္တင္ျခင္းခံလာရမႈမ်ားအတြက္ဒဏ္႐ိုက္ျခင္းခံရဖို႔ေသခ်ာေနပါတယ္။