ချဲလ်ဆီးနှင့်ပွဲတွင် ကိုက် ၇၀ အကွာ ဆွဲပြေးကာ တကိုယ်တော်အစွမ်းနဲ့ အနိုင်ဂိုးသွင်းခဲ့တဲ့ အဒီယီမီ

ဒေါ့မွန်တိုက်စစ်သမားကာရမ်အဒီယီမီဟာမနေ့ညတုန်းကချဲလ်ဆီးနှင့်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်တွင်တကိုယ်တော်အစွမ်းဖြင့်ဒေါ့မွန်အတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။

မနေ့ညကပွဲစဉ်ရဲ့ပွဲချိန်၆၂မိနစ်တွင်ချဲလ်ဆီးတို့ထောင့်ကန်ဘောရရှိပြီးနောက်လူကျွံဘောအလံထောင်လိုက်ပါတယ်။ယင်းအချိန်တွင်ဒေါ့မွန်ကဘောလုံးကိုရှင်းထုတ်လိုက်ပြီးဒိုင်လူကြီးကဆက်ကစားစေခဲ့ပါတယ်။

ယင်းဘောလုံးကိုအဒီယီမီကရရှိသွားခဲ့ပြီးတကိုယ်တည်းဆွဲပြေးခဲ့ပါတယ်။သူ့ပြေးလမ်းထဲမှာချဲလ်ဆီးရဲ့ပေါင်သန်းတစ်ရာကျော်တန်ကစားသမားသစ်အန်ဇိုဖာနန်ဒက်ဇ်တစ်ဦးတည်းပဲရှိပါတယ်။

အသက်၂၁နှစ်ရှိဂျာမန်စတားဟာသူ့ရဲ့မြန်နှုန်းဖြင့်ဖာနန်ဒက်ဇ်ကိုလည်းနောက်မှာချန်ထားခဲ့ပြီးနောက်ဧရိယာအတွင်းသို့အထိဝင်ရောက်ပြီးချဲလ်ဆီးဂိုးသမားကီပါကိုလည်းလိမ်ခေါက်ကာဂိုးသွင်းယူခဲ့ပါတယ်။

ဒေါ့မွန်ဟာအဒီယီမီရဲ့တစ်လုံးတည်းသောဂိုးဖြင့်ချဲလ်ဆီးကို၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။၎င်းတို့ဟာမတ်လ၇ရက်နေ့တွင်စတမ်းဖို့ဒ်ဘရစ်ချ်သို့သွားရောက်ပြီးချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်အဖြစ်ကစားသွားရပါမယ်။

ချဲလ်ဆီးဟာလာမယ့်တနင်္ဂနွေနေ့တွင်ဆောက်သမ်တန်ကိုဧည့်ခံကစားရပါမယ်။

ZawGyi

ခ်ဲလ္ဆီးႏွင့္ပြဲတြင္ ကိုက္ ၇၀ အကြာ ဆြဲေျပးကာ တကိုယ္ေတာ္အစြမ္းနဲ႔ အႏိုင္ဂိုးသြင္းခဲ့တဲ့ အဒီယီမီ

ေဒါ့မြန္တိုက္စစ္သမားကာရမ္အဒီယီမီဟာမေန႔ညတုန္းကခ်ဲလ္ဆီးႏွင့္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္တြင္တကိုယ္ေတာ္အစြမ္းျဖင့္ေဒါ့မြန္အတြက္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုသြင္းယူေပးခဲ့ပါတယ္။

မေန႔ညကပြဲစဥ္ရဲ႕ပြဲခ်ိန္၆၂မိနစ္တြင္ခ်ဲလ္ဆီးတို႔ေထာင့္ကန္ေဘာရရွိၿပီးေနာက္လူကြၽံေဘာအလံေထာင္လိုက္ပါတယ္။ယင္းအခ်ိန္တြင္ေဒါ့မြန္ကေဘာလုံးကိုရွင္းထုတ္လိုက္ၿပီးဒိုင္လူႀကီးကဆက္ကစားေစခဲ့ပါတယ္။

ယင္းေဘာလုံးကိုအဒီယီမီကရရွိသြားခဲ့ၿပီးတကိုယ္တည္းဆြဲေျပးခဲ့ပါတယ္။သူ႔ေျပးလမ္းထဲမွာခ်ဲလ္ဆီးရဲ႕ေပါင္သန္းတစ္ရာေက်ာ္တန္ကစားသမားသစ္အန္ဇိုဖာနန္ဒက္ဇ္တစ္ဦးတည္းပဲရွိပါတယ္။

အသက္၂၁ႏွစ္ရွိဂ်ာမန္စတားဟာသူ႔ရဲ႕ျမန္ႏႈန္းျဖင့္ဖာနန္ဒက္ဇ္ကိုလည္းေနာက္မွာခ်န္ထားခဲ့ၿပီးေနာက္ဧရိယာအတြင္းသို႔အထိဝင္ေရာက္ၿပီးခ်ဲလ္ဆီးဂိုးသမားကီပါကိုလည္းလိမ္ေခါက္ကာဂိုးသြင္းယူခဲ့ပါတယ္။

ေဒါ့မြန္ဟာအဒီယီမီရဲ႕တစ္လုံးတည္းေသာဂိုးျဖင့္ခ်ဲလ္ဆီးကို၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။၎တို႔ဟာမတ္လ၇ရက္ေန႔တြင္စတမ္းဖို႔ဒ္ဘရစ္ခ်္သို႔သြားေရာက္ၿပီးခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ကစားသြားရပါမယ္။

ခ်ဲလ္ဆီးဟာလာမယ့္တနဂၤေႏြေန႔တြင္ေဆာက္သမ္တန္ကိုဧည့္ခံကစားရပါမယ္။