ချဲလ်ဆီးနှင့်ပွဲတွင် ဒဏ်ရာရရှိသွားပြီးနောက် ကမ္ဘာ့ဖလားလွဲမည်စိုး၍ ငိုယိုနေခဲ့တဲ့ ဗာရန်း

ရာဖေးလ်ဗာရန်းဟာမနေ့ညတုန်းကချဲလ်ဆီးနှင့်ပွဲစဉ်တွင်ဒဏ်ရာရရှိသွားပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲလွဲချော်မည်စိုးရိမ်ကာမျက်ရည်ကျနေခဲ့တာတွေ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်ဗဟိုနောက်ခံလူဟာဘယ်ခြမ်းတစ်လျှောက်ဆွဲပြေးလာတဲ့အူဘာမီယန်ကိုတားဆီးရန်ကြိုးပမ်းစဉ်မတော်တဆဒဏ်ရာရရှိသွားခဲ့ပါတယ်။

သူဟာတံကောက်ကြောဒဏ်ရာရရှိသွားခဲ့တာလို့ ယူဆရပါတယ်။ဗာရန်းဟာဒဏ်ရာရရှိသွားပြီးနောက် တစ်ဂိုးစီသရေကျခဲ့တဲ့ယင်းပွဲတွင်ကွင်းမြက်ခင်းမှာမျက်နှာအပ်ခဲ့တာတွေ့ရပါတယ်။

သူဟာယူနိုက်တက်ဆေးအဖွဲ့ရဲ့ဆေးကုသမှုခံယူပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲလွဲမည်စိုးရိမ်နေမှုနှင့်အတူ မျက်ရည်ကျနေခဲ့တာတွေ့ရပါတယ်။

ဗာရန်းဟာလွန်ခဲ့တဲ့လေးနှစ်ခန့်တုန်းက ရုရှားတွင်ပြင်သစ်အသင်းကမ္ဘာ့ဖလားချန်ပီယံဖြစ်တုန်းက အဓိကနေရာမှပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာပြင်သစ်ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲစဉ်တိုင်းကိုကစားခဲ့တဲ့အပြင်ဒိန်းမတ်နှင့်ဂိုးမရှိသရေကျတဲ့ပွဲကိုအသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။သူဟာဥရုဂွေးနှင့်ကွာတားဖိုင်နယ်ပွဲတွင်အရေးပါတဲ့အနိုင်ဂိုးသွင်းခဲ့ပါသေးတယ်။

ယခုသူ့ရဲ့ဒဏ်ရာအပေါ်တုံ့ပြန်လာမှုကအခြေအနေဆိုးရွားနေတယ်လို့ယူဆရပါတယ်။

အဲရစ်တန်ဟက်ဟာလည်းဗာရန်းဒဏ်ရာရရှိသွားမှုနဲ့အတူဗဟိုခံစစ်ပြဿနာကြုံလာရပြီဖြစ်ပါတယ်။လက်ရှိအချိန်တွင်ဟယ်ရီမက်ဂွိုင်းယားမှာလည်းဒဏ်ရာကြောင့်အနားယူနေရရာ မာတီနက်ဇ်နှင့်လင်ဒီလော့ဖ်တို့နှစ်ဦးတည်းကိုသာအားကိုးရတော့မှာဖြစ်ပါတယ်။

ပြင်သစ်ဟာကမ္ဘာ့ဖလားအုပ်စု(ဃ)တွင်ဩစတြေးလျ၊ဒိန်းမတ်၊တူနီးရှားတို့နှင့်တစ်အုပ်စုတည်းကျရောက်နေပါတယ်။

ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ကတော့ ဗာရန်းရဲ့ဒဏ်ရာအတိမ်အနက်ကိုအတိအကျမသိရသေးကြောင်းနှင့် ၂၄ နာရီကြာပြီးချိန်တွင်မှသိလာရမှာဖြစ်ကြောင်းဆိုထားပါတယ်။

မနေ့ညတုန်းကစတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဉ်တွင်ယူနိုက်တက်ဟာဂျော်ဂျင်ဟိုရဲ့ပင်နယ်တီဂိုးကြောင့်နောက်ကလိုက်ကစားခဲ့ရပေမဲ့အချိန်ပိုတွင်ကက်စ်မီရိုသွင်းယူတဲ့ခေါင်းတိုက်ဂိုးကြောင့် အဖိုးတန်ရမှတ်တစ်မှတ်ရယူနိုင်ခဲ့ပါတယ်။

ZawGyi

ခ်ဲလ္ဆီးႏွင့္ပြဲတြင္ ဒဏ္ရာရရွိသြားၿပီးေနာက္ ကမာၻ႔ဖလားလြဲမည္စိုး၍ ငိုယိုေနခဲ့တဲ့ ဗာရန္း

ရာေဖးလ္ဗာရန္းဟာမေန႔ညတုန္းကခ်ဲလ္ဆီးႏွင့္ပြဲစဥ္တြင္ဒဏ္ရာရရွိသြားၿပီးေနာက္ ကမာၻ႔ဖလားၿပိဳင္ပြဲလြဲေခ်ာ္မည္စိုးရိမ္ကာမ်က္ရည္က်ေနခဲ့တာေတြ႕ရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဗဟိုေနာက္ခံလူဟာဘယ္ျခမ္းတစ္ေလွ်ာက္ဆြဲေျပးလာတဲ့အူဘာမီယန္ကိုတားဆီးရန္ႀကိဳးပမ္းစဥ္မေတာ္တဆဒဏ္ရာရရွိသြားခဲ့ပါတယ္။

သူဟာတံေကာက္ေၾကာဒဏ္ရာရရွိသြားခဲ့တာလို႔ ယူဆရပါတယ္။ဗာရန္းဟာဒဏ္ရာရရွိသြားၿပီးေနာက္ တစ္ဂိုးစီသေရက်ခဲ့တဲ့ယင္းပြဲတြင္ကြင္းျမက္ခင္းမွာမ်က္ႏွာအပ္ခဲ့တာေတြ႕ရပါတယ္။

သူဟာယူႏိုက္တက္ေဆးအဖြဲ႕ရဲ႕ေဆးကုသမႈခံယူၿပီးေနာက္ ကမာၻ႔ဖလားၿပိဳင္ပြဲလြဲမည္စိုးရိမ္ေနမႈႏွင့္အတူ မ်က္ရည္က်ေနခဲ့တာေတြ႕ရပါတယ္။

ဗာရန္းဟာလြန္ခဲ့တဲ့ေလးႏွစ္ခန႔္တုန္းက ႐ုရွားတြင္ျပင္သစ္အသင္းကမာၻ႔ဖလားခ်န္ပီယံျဖစ္တုန္းက အဓိကေနရာမွပါဝင္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာျပင္သစ္ရဲ႕ကမာၻ႔ဖလားၿပိဳင္ပြဲစဥ္တိုင္းကိုကစားခဲ့တဲ့အျပင္ဒိန္းမတ္ႏွင့္ဂိုးမရွိသေရက်တဲ့ပြဲကိုအသင္းေခါင္းေဆာင္အျဖစ္တာဝန္ယူခဲ့သူလည္းျဖစ္ပါတယ္။သူဟာဥ႐ုေဂြးႏွင့္ကြာတားဖိုင္နယ္ပြဲတြင္အေရးပါတဲ့အႏိုင္ဂိုးသြင္းခဲ့ပါေသးတယ္။

ယခုသူ႔ရဲ႕ဒဏ္ရာအေပၚတုံ႔ျပန္လာမႈကအေျခအေနဆိုး႐ြားေနတယ္လို႔ယူဆရပါတယ္။

အဲရစ္တန္ဟက္ဟာလည္းဗာရန္းဒဏ္ရာရရွိသြားမႈနဲ႔အတူဗဟိုခံစစ္ျပႆနာႀကဳံလာရၿပီျဖစ္ပါတယ္။လက္ရွိအခ်ိန္တြင္ဟယ္ရီမက္ဂြိဳင္းယားမွာလည္းဒဏ္ရာေၾကာင့္အနားယူေနရရာ မာတီနက္ဇ္ႏွင့္လင္ဒီေလာ့ဖ္တို႔ႏွစ္ဦးတည္းကိုသာအားကိုးရေတာ့မွာျဖစ္ပါတယ္။

ျပင္သစ္ဟာကမာၻ႔ဖလားအုပ္စု(ဃ)တြင္ဩစေၾတးလ်၊ဒိန္းမတ္၊တူနီးရွားတို႔ႏွင့္တစ္အုပ္စုတည္းက်ေရာက္ေနပါတယ္။

ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ကေတာ့ ဗာရန္းရဲ႕ဒဏ္ရာအတိမ္အနက္ကိုအတိအက်မသိရေသးေၾကာင္းႏွင့္ ၂၄ နာရီၾကာၿပီးခ်ိန္တြင္မွသိလာရမွာျဖစ္ေၾကာင္းဆိုထားပါတယ္။

မေန႔ညတုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္ပြဲစဥ္တြင္ယူႏိုက္တက္ဟာေဂ်ာ္ဂ်င္ဟိုရဲ႕ပင္နယ္တီဂိုးေၾကာင့္ေနာက္ကလိုက္ကစားခဲ့ရေပမဲ့အခ်ိန္ပိုတြင္ကက္စ္မီ႐ိုသြင္းယူတဲ့ေခါင္းတိုက္ဂိုးေၾကာင့္ အဖိုးတန္ရမွတ္တစ္မွတ္ရယူႏိုင္ခဲ့ပါတယ္။